Tuesday, July 30, 2013

သူပုန်တွေ တောပြန်တွေ တဲ့

သူပုန်တွေ တဲ့ ... တောပြန်တွေ တဲ့ ... စကားလုံးတွေရဲ့ နောက်ကွယ်မှာ

မလိုမုန်းထားစိတ်တွေကို မြင်နေရတယ်...။ ဘာဖြစ်လို့လဲ ... သူတို့ ..

ဘာကြောင့် သူပုန်ဖြစ်ခဲ့ကြတာလဲ ... ကိုယ့် သဘောနဲ့ ကိုယ် ပျော်လို့

တောထဲ ပျော်ပွဲစားထွက်ကြတယ် လို့များ ထင်နေကြသလား ... တောက်

ယုံကြည်ချက်အတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ အာဏာရှင်စနစ်ကို

တော်လှန်ဖို့ ကြိုးစားခဲ့သူတွေကို ခုတော့ သူပုန်တဲ့လား ... တိုင်းပြည်

အတွက် ပြည်သူအတွက် ပေးဆပ်တဲ့ နေရာမှာ ပုံစံ အမျိုးမျိုး ယုံကြည်ချက်

အမျိုးမျိုး ရှိနိုင်တာပဲ ... ငြိမ်းချမ်းရေးနည်းနဲ့ ပြည်တွင်းမှာ တော်လှန်လို့

ထောင်သွင်းအကျဉ်းချ ခံရသူတွေ ရှိသလို ... လက်နက်စွဲကိုင်တဲ့ နည်း

နဲ့ တော်လှန်ခဲ့ကြလို့ တောတွင်းမှာ အသက်ပေးသွားရသူတွေ ...

ခန္ဓာ ပျက်ယွင်းသွားရသူတွေ ... အများကြီး ရှိခဲ့တာပဲ ... ဘာလို့

သူတို့ကို ကျတော့ ၀ိုင်းပယ်ထားချင် ကြသလဲ ... တတိယနိုင်ငံ ရောက်

ဒေါ်လာစား ဆိုပြီး စွတ်စွဲ ကြသူတွေလည်း မနည်းပါဘူး ... ဒါဆို ခု ...

ပြည်တွင်းမှာ ပြန်ရောက်နေကြပြီ ဖြစ်တဲ့ ... လက်နက်ကိုင် တော်လှန်ရေး

သမားတွေ ... သူတို့ ဘာမှားလို့လဲ ... ဘာလို့ သူတို့ အတွက်ဆို ...

စဉ်းစားမပေးချင် ကြတာလဲ ... အမှန်တရားအတွက်တောင် ဖြေရှင်းဖို့ ...

အားမပေးချင်ကြဘူး ... ဘာလို့လဲ ... နာမည်ကြီးသူကိုသာ ထောက်ခံ

ဆိုတဲ့ ... ရှေးရိုးစွဲ သောက်သုံးမကျတဲ့ အယူအဆ ကြီးစိုးနေလို့လား ..။

ခု ငွေရတု မှာ သူတို့ အတွက် ၀ိုင်းဝန်း စဉ်းစားပေးကြဖို့ လိုပါလိမ့်မယ်။

ပေါက်ပန်းဈေး လျောက်ပြောနေတဲ့ .. အလေနတော တွေကိုတော့ ...

အဖက်လုပ် စကားမပြောလိုဘူး ...။

No comments: