မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်း စစ်တွေအနောက်ဘက်ကို ဗဟိုပြုနေ
 
 By - blog.irrawaddy.org
 
 ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့ တဲ့ 
လေဖိအားနည်း ရပ်ဝန်းဟာ အားကောင်း လာရာက မုန်တိုင်းငယ် 
အဖြစ်ရောက်ရှိသွားပြီး မြန်မာနိုင်ငံ စစ်တွေမြို့ရဲ့ အနောက်ဘက် မိုင်း ၃၂၀ 
ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် 
ဇလဗေဒ ဦးစီးဌာနက ဒီကနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်ကို
 ထုတ်ပြန်ထားပါတယ်။ 
 
 လက်ရှိ နိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းအားလုံးနီးပါး
 မိုးကြီးမှုဒဏ်ခံနေရ တဲ့ မြန်မာနိုင်ငံအတွက် သတိထား စရာ အချက်တခုက 
မိုး/ဇလရဲ့ ဒီနေ့ မနက်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ နောက်ထပ် ၂ ရက် 
အထိ မုတ်သုံလေ အားကောင်းမယ်လို့ ဖော်ပြထားပါတယ်။ 
 
 မနေ့က 
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို 
ဧရာဝတီ က ဆက်သွယ် မေးမြန်းရာမှာ မုတ်သုံလေ အားကောင်းလာရင် နောက်ရက်တွေ 
မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု ပိုများ လာနိုင်ပြီး ရေလွှမ်းမှု အန္တရာယ်နဲ့
 ကြုံနိုင်တဲ့ ဒေသတွေများ လာမှာဖြစ် တယ်လို့ ပြောဆိုထားပါတယ်။ 
 
 
မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကလည်း ဘင်္ဂလား ပင်လယ်အော်မှာ 
မုတ်သုံလေ အားကောင်းနေတဲ့အတွက် သြဂုတ်လ ၄ ရက်နေ့အထိ မိုးကြီးနိုင်ပြီး 
ရေဖုံးလွှမ်းခံရတဲ့ ဒေသတွေ တိုးလာနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ 
 
 မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ချက် 
 
 ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလား ပင်လယ်အော်အခြေအနေ။ 
 
 ယနေ့ မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက် ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဘလာဆိုမြို့
 ၏  တောင်-အရှေ့ တောင်ဘက် မိုင်(၇၀)ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ ၏အနောက်ဘက် မိုင် (၃၂၀) ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 
 
 အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက် လက်ရွေ့ 
လျားပြီး၊ နောက် (၁၂)နာရီ အတွင်း အိန္ဒိယနိုင်ငံ ၊သြရိသ ကမ်းခြေသို့ 
ဖြတ်ကျော် ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။ 
 
 ကပ္ပလီပင်လယ်ပြင်နှင့် 
ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းနေပါ 
သည်။” ဟု မိုးဇလ အင်တာ နက် ဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။ 
 
 ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့
 နိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်း အားလုံးမှာ နေရာအနှံ့အပြား 
မိုးထစ်ချုန်းရွာနိုင်ပြီး ဒီအထဲမှာမှ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ် တို့မှာ
 ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ 
ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း 
ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထား ပါတယ်။ 
 
 
မြန့်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ 
မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်း 
ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက် 
ခတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ 
 
 လက်ရှိအနေအထားမှာတော့ 
တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် 
ရခိုင်ပြည်နယ်တွေမှာ မိုးသည်း ထန်မှုကြောင့် ရေ ကြီးပြီး ဈေးဆိုင်တွေ၊ 
ကျောင်းတွေ၊ ရုံးတွေ ပိတ်ထား ရပြီး မြေပြိုမှု၊ လမ်းပျက်စီးမှုတွေနဲ့ 
ကြုံတွေ့နေရပါတယ်။ 
 
 ကျော်ခ ~
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment