Tuesday, July 30, 2013

ပညာထူးချွန်သူများတစ်လကျပ်တစ်သိန်းစကောလားရှစ်ရမည်



မေသဉ္ဇာ
ဇူလှိုင် ၃၀ - အင်္ဂါနေ့ - ရန်ကုန်

တက္ကသိုလ်တွင် တက်ရောက်မည့် ထူးချွန် ကျောင်းသား၊ ကျောင်း သူ ၃ဝဝအား အာဆီယံပညာ ရေးကွန်ရက်မှ တစ်လလျှင်ကျပ် သိန်း၃ဝဝနှုန်းဖြင့် လစဉ်ပညာသင် ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပညာသင်ဆု အစီအ စဉ်ကို ယခုနှစ် ဒီဇင်ဘာတွင်ရန် ကုန်တက္ကသိုလ်၌ ပြန်လည်ဖွင့် လှစ်တော့မည့် ဝိဇ္ဇာသိပ္ပံဘာသာ ရပ် ၂ဝမှ
ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၅ဦးစီရွေးချယ်ကာ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃ဝဝအ တွက် ကျပ်သိန်း ၃ဝဝကို လစဉ် ချီးမြှင့်ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။


ရန်ကုန်တက္ကသိုလ် ကျောင်း သားရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ''အာဆီယံပညာရေး အဖွဲ့အစည်းကနေ ထောက်ပံ့ ကြေးပေးမယ်ဆိုပြီး လာကမ်း လှမ်းထားတာရှိပါတယ်။

သူတို့က ဒီကျောင်းသား၊ ကျောင်းသူ ၃ဝဝအတွက် တစ်နှစ်ပတ်လုံး ထောက်ပံ့ပေးသွားမယ်လို့ ပြောပါ တယ်။ အမှတ်ကောင်းပြီး ကြိုး စားရမယ်။ ထူးချွန်ကျောင်းသား တွေအတွက် ချီးမြှင့်ပေးတဲ့သဘော ပါ''ဟုဆိုသည်။

ယင်း ဝိဇ္ဇာသိပ္ပံဘာသာရပ် များအတွက် ရန်ကုန်တက္ကသိုလ် ၌သာ ဦးစွာတက်ရောက်စေမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင် ယခုနှစ်အတွင်း ခေါ်ယူသင်ကြား နိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် သင် ကြားနိုင်မည့် ဘာသာရပ်များအ တွက် အမှတ်အနိမ့်ဆုံး ၄၃ဝမှ ၄ရဝနှင့်အထက် သတ်မှတ်ထား ပြီး အင်္ဂလိပ်စာဘာသာရပ်တက် ရောက်မည့်သူများသည် အမှတ် ပေါင်း ၅ဝဝနှင့် ကွန်ပျူတာသိပ္ပံ ဘာသာရပ်အတွက် အမှတ် ၄၈ဝသတ်မှတ်ထားကြောင်း သိ ရသည်။

ဘူမိဗေဒနှင့်ကုန်ထုတ် ဓာတုဗေဒ ဘာသာရပ်အတွက် ရမှတ် ၄၉၀၊ နိုင်ငံရေးသိပ္ပံအ တွက် ၄၇၀၊ ရူပဗေဒ၊ သတ္တဗေဒ နှင့် သင်္ချာဘာသာ ရပ်များအတွက် ၄၉၀၊ ဥပဒေပညာအတွက် ၄၇၀ နှင့် သမိုင်း၊ ပထဝီဝင်၊ စိတ်ပညာ နှင့် မနုဿဗေဒဘာသာရပ်များ အတွက် ရမှတ် ၄၃ဝစီသတ်မှတ် ထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်သင်တန်း ရေးရာဌာနမှ တာဝန်ရှိသူတစ် ဦးက ''အမှတ်ကောင်းပြီးတော့ အသက်မွေးဝမ်းကျောင်းတက္က သိုလ်တစ်ခုခုကို မမီလိုက်တဲ့သူ တွေအတွက် ရန်ကုန်တက္ကသိုလ် မှာ ဘာသာရပ်တစ် ခုခုကိုတက် လိုက်ရင် ပညာရှင်ဖြစ်တဲ့အထိ ကြိုးစားခွင့်တွေရှိပါတယ်။

ဘာ သာရပ်ဆိုင်ရာအတွက် အဲဒီလို ဖြစ်အောင် လေ့ကျင့်ပေးသွားမှာ ပါ။ အာဆီယံပညာရေးအဖွဲ့အ စည်းလို နိုင်ငံတကာပညာရေးအ ဖွဲ့အစည်းတွေနဲ့ အနည်းနဲ့အများ ချိတ်ဆက်နိုင်ပြီမို့လို့ အခွင့်အ လမ်းကောင်းတွေ ရှိနေပါပြီ''ဟု ဆိုသည်။

အာဆီယံတက္ကသိုလ်များ အဖွဲ့အစည်း (Asean Universities Network-AUN) သည် အာဆီယံနိုင်ငံများရှိ တက္ကသိုလ် ပါမောက္ခချုပ်များနှင့် ဖွဲ့စည်းထား သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိတွင် အာဆီယံတက္ကသိုလ် ကွန်ရက်၌

တက္ကသိုလ်ပေါင်း ၂၆ ခုရှိပြီး မြန်မာနိုင်ငံမှ အဖွဲ့ဝင် တက္ကသိုလ်အဖြစ် ရန်ကုန်တက္က သိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ်တို့ပါဝင် ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်၌ လက် ရှိတွင် အာဆီယံတက္ကသိုလ်များ အဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိပြီးအ မေရိကန်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများရှိ တက္ကသိုလ်များ နှင့် သုတေသနလုပ်ငန်းများ လုပ် ဆောင်လျက်ရှိကြောင်းသိရသည်။

Yangon Media Group

No comments: