Tuesday, July 30, 2013

မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး


မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး
ကျနော်တို့ချစ်သော မြတ်နိုးသော တန်ဘိုးဃနထားသော အားကိုးရသော မှီခိုရသော သာယာသော ဖြူစင်ဖြောင့်မတ်သော မြင့်မြတ်သော သတို့သမီးအား လူးဆိုးတသိုက် လူမိုက်တအုပ်မှ မုဒိန်းကျင့်လိုက်ကြ၏။ ၄င်းတို့၏ လုပ်ရပ်များအား ကျနော်တို့က လက်မခံနိုင်သော သီးမခံနိုင်သော မမျှတသော အကြောင်းရာများအား တိကျစွာ ထောက်ပြရပေတော့မည်။

ကျနော်တို့ ပြောပြချက်အား လုပ်ဆောင်ချက်အား ကန့်ကွက်ချက်အား လစ်လျှူရှု့ကာ ဒယောသောပါ ဆက်သွားနေပါလျှင် ပြည်လုံးကြွတ်ချစ်မြတ်နိုးသော သတို့သမီးအား ပြန်လည်ရရှိရေးအတွက် ကြီးမားခိုင်မာသော တော်လှန်ရေးကြီး ဖြစ်ပေါ်လာမည်ကို ကျနော် တင်ပြပါအံ့….
ကျနော်တို့၏ သတို့သမီးအား စတင် မုဒိန်းကျင့်ရန် လုပ်ဆောင်သော ကာလသည် (၂၀၀၅)ခုနှစ် မေလတွင် စီပီအိုင် CPI and နှင့် အေးရှဝေါလ် Asia World တို့မှ သတို့သမီး၏ မိခင် မေခ နှင့် ဖခင် မလိခတို့ တည်ရှိရာဒေသအား စတင်ကာ နယ်မြေလေ့လာရေးလုပ်ခဲ့ကြ၏။ ၄င်းဒေသတွင် ကမ္ဘာ၏ နံပါတ်(၁၅)ခုမြောက် ကြီးမားဆုံးသော လျှပ်စစ်ဓါတ်အားမီဂါဝပ် ၆၀၀၀ ထုတ်လုပ်မည့် ရေကာတာကြီးတခု တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။

မေခ နှင့် မလိခ မြစ်နှစ်သွယ်သည် ရာဇ၀င်အရ ပုံပြင်များ ကဗျာများ ထောင်ပေါင်းများစွာရှိလင့်ကစား သူတို့၏ မူရင် ဇစ်မြစ်သည် အန္ဒိယနိုင်ငံမိုင်ပေါင်း ၂၇၀၀ ခန့်ရှိသော နာဂကုန်မြင့်ဒေသ နှင့် မိုင်ပေါင်း ၂၉၀၀ ခန့်၇ှိသော တိဘက်ကုန်းမြေမြင်တို့ဒေသတွင် ရှိသော မြစ်ငယ်များ ချောင်းများ စိမ့်စမ်းပေါင်း များစွာနှင့် ရေတံခွန်းပေါင်းများစွာတို့မှ စီးဆင်း တို့ထွက်လာကြသော ရေသန့်များ ဖြင့် ကြီးမားသော မြစ်နှစ်စင်းဖြစ်ပေါ်ပေါင်းစပ်ကာ လှပတင့်တယ်သော ဧရာဝတီမြစ်ကြီးတစင်း ဖြစ်ပေါ်ခဲ့ရသည်ဟု သဘာဝ ၀န်းကျင် လေ့လာစူးစမ်းရေး အဖွဲ့ (ကနေဒါ) မှ ခိုင်မာသော မှတ်တမ်းများ ဖြင့် တင်ပြထားလေသည်။

ထိုအချိန်တွင် တရုတ်ပြည်ဘက်မှ လုပ်ငန်း လေ့လာရေးအဖွဲ့ ဟု ခေါင်းစဉ်တပ်ကာ ၄င်းဒေသသို့ ၁၄ကြိမ်တိတိ လာရောက်လေ့လာခဲ့ကြပြီး မြန်မာပြည်ဘက်မှ တာဝန်ယူ အကောင်ထည်ဖေါ်တည်ဆောက်ရန် တာဝန်ယူထားသော Asia World အေးရှဝေါလ် ကုမ္မဏီမှ ယခု ဒုသမ္မတမှ အနားယူသွားပြီဖြစ်သည့် သူရသီဟ တင်အောင်မြင့်ဦးထံသို့ လူးလားခေါက်ပြန် အကြိမ်ပေါင်းများစွာ သွားရောက် တွေ့ဆုံကာ စီစဉ်ခဲ့ကြသည်။

On 2006 December 28th, The Ministry of Electric Power-1 and China Power Investment Corporation sign an MoU. ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အမှတ်(၁) စွမ်းအင်နှင့် လျှပ်စစ် ၀န်ကြီးဌာနနှင့် တရုတ်ပြည်မှ တရုတ် စွမ်းအင် ရင်းနှီးမြုပ်နှံရေး လုပ်ငန်းအဖွဲ့နှင့် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးလေသည်။ ထိုလက်မှတ်ရေးထိုးပွဲအား နေပြည်တော်လျှပ် …စွမ်း ရုံးတွင် ပြုလုပ်ကာ အေးရှဝေါလ်ကုမ္မဏီမှ အနားယူသွားသော ဦးသန်းရွှေနှင့် မိသားစုခေါင်းစဉ်ဖြင့် အမေရိကန်ဒေါ်လာ ငွေသာ သန်း (၂၀)အား လက်ဆောင်ပေးခဲ့ပြီး ဦးတင်အောင်မြင့်ဦးအား အမေရိကန်ဒေါ်လာ ၉ သန်းနှင့် မေမြို့တွင် အမေရိကန်ဒေါ်လာ ၃ဒသမ ၅ သန်းတန်သော ခြံနှင့် အိမ်းကြီးအား လက်ဆောင်ပေး လဒ်ထိုးပါခဲ့ပါသည်။

မြစ်ဆုံဆည်၏ တည်ဆောက်ရေး လုပ်ငန်းဇယားပြမြေပုံ တခု ထိုအချိန်တွင် အတိကျထွက်လာပြီး ၄င်းမြေပုံအရ စစ်ကိုင်းမြို့နှင့် ကီလိုမီတာ ၁၀၀ ထက်မနဲ ငလျှင်လမ်းဖြောင့်နှင့် တည့်တည့်ကလေးမဆိုသလောက်ရှိနေပြီး ၊ မြန်မာပြည်၏ မွေးဖွားရာ ဒေသအစ၏ မေခ မလိခ မြစ်နှစ်သွယ်တို့ ဆုံစည်းပေါင်းဆက်ရာ ဖြစ်သည့်အပြင် သမိုင်းဝင် ခရစ်ယန်ဘုရားရှစ်ခိုးကျောင်းများ နှင့် ဗုဒ္ဒဘာသာဝင်တို့၏ စေတီပုထိုးတော်တည်ရှိသော ဒေသ ဖြစ်သည့်အပြင် မြစ်ရိုးတလျောက်တွင် မြတ်နိုးဘွယ်ကောင်းသော ညောင်ပင်ကြီးများ စီတန်းပေါက်ရောက်ကာ သဘာဝက အလိုလျောက် အလှချယ်ပေးထားသောနေရာလဲဖြစ်သည်ကို နိုင်ငံတကာ မြစ်ကြောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ အောက်ပါအတိုင်း တင်ပြထားသည်။
The dam site is less than 100 kilometers from the earthquake prone Sagaing fault line. The dam will submerge important historical and cultural sites at the Mali and N'mai Hka rivers, as well as what is widely recognized as the birthplace of Burma. In addition to submerging a number of historical churches and temples, the sacred banyan tree at the Mali Hka and N'Mai Hka rivers' confluence will be submerged.( international rivers watch)

၂၀၀၇ ခုနှစ် ကချင်ပြည်နယ်ရှိ မြန်မာ မြောက်ပိုင်းတိုင်း စစ်ဒေသ တိုင်းမှူးမှာ ၇ မျဉ်းစောင်း ၆ ထုတ်ပြန်ချက်အားထုတ်ပြန်အတည်ပြုပေးပြီး ဒီဇင်ဘာလတွင် တရုတ်ပြည်၏ ချန်ဂျင်း လေ့လာရေး သုတေသနအဖွဲ့နှင် ပုံစံဖေါ်ထုတ်ရေးတို့မှ ၄င်းတို့၏ လေ့လာတွေရှိချက်ပြီးဆုံးကြောင်းနှင့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်းအား ထုတ်ပြန်အတည်ပြုကာ အီးအိုင်အေ Electronic Industries Association လက်မှတ် အတုအား ပြုလုပ်ထုတ်ပေးခဲ့သည်ကို တရုတ်ပြည်အစိုးရသို့တင်သွင်းသော မှတ်တမ်းတွင် ရေးသားထားသည်။(Command in Kachin State (letter of Tanghpre villagers, 7/6).
In December, Changjiang Survey, Planning, Design and Research (CSPDR) completes planning report for the feasibility of the hydropower projects. , terms of reference for the EIA (Copy) is completed, and subsequently approved.

ထိုတင်ပြချက်ကြောင့် မြန်မာနိုင်ငံထုတ် မြန်မာ့ အလင်း ( အများက မြန်မာ့ အကန်း) သတင်းစာမှ ၄င်းဒေသရှိ အိမ်ထောင်စုပေါင်း ၄၁၀ အိမ်ထောင်စု လူဦးရေအရ ၂၁၄၆ အား ရွာပေါင်း (၅)ရွာဟု သတ်မှတ်ကာ ပုံစံသစ်ဖြင့် တည်ဆောက်ပေးမည်ဖြစ်သော သစ်သားအိမ်ယာ ရွာသစ်နေရာများသို့ ရွေးပြောင်းစေပြေီး ၄င်းနေရာတွင် ကျောင်း ၊ ရဲစခန်း၊ ဆေးရုံ(၁)ခု၊ စာပို့ရေးရုံးတခု နှင့် ဘာသာရေးဆိုင်ရာ အဆောက်အုံများ ပြန်လည်တည်ဆောက်ပေးပြီး ရေနှင့် လျှပ်စစ်မီး အလုံလောက် ပေးမည်ဟု ဖေါ်ပြခဲ့သည်။ (သို့သော်လက်တွေ့တွင် စစ်စခန်းများနှင့် လုံခြုံရေးရဲကင်းများအပြင် မြေမြုပ်မိုင်းများ တပ်ဆင်ထားသော ဒေသ ဖြစ်ပေါ်လာခဲ့၏။ (The state newspaper New Light of Myanmar reported that 2,146 people from 410 households and five villages will move into in model villages, which are equipped with wooden houses, schools, a police station, a hospital, a post office, and religious buildings, and will be supplied with enough water and electric power.)

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ လက်ရေးမူ အင်္ဂလိပ်ဘာသာဖြင့် ဧရာဝတီ သနားခံစာ ဆိုသော စာတမ်းအား ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ၇က်နေ့တွင်သူမ၏ နေအိမ်လိပ်စာဖြင့် ခေါင်းစဉ်တပ်ကာ နိုင်ငံတကာ မြစ်ချောင်းများ လေ့လာရေးသုတေသနအဖွဲ့သို့ ရေးသားတင်ပြခဲ့သည်။ သူမ ရေးသားထားပုံ၏ ကောက်နုတ်ချက်မျှလောက်သာ စာရေသူမှ တင်ပြလိုသည်၊ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးမူရင် ဖိုင်အား စာရေးသူမှ သွယ်ဝိုက်သော နည်းလမ်းများဖြင့် ရ၇ှိခဲ့သည်။
“ဧရာဝတီ အဆိုပါမြစ်သည် အံဘွယ်ဘနန်း ဖြစ်စေရပြီး မြန်မာပြည၏်အဓိကရေသောက်မြစ်လဲဖြစ်သော အရာဖြစ်၏၊ ထို့အပြင် မြစ်ကြီးသည် ကျမတို့ သတ္တဗေဒနှင့် သဘာဝဗေဒတို့၏ ပင်မအဓိက မြစ်ကြီးလဲဖြစ်သည်။ ထိုမြစ်ကြီးမှ ကျမတို့လူသားများလက်၇ှိနေထိုင်ကြသော ကျမတို့တိုင်းပြည်၏ သဘာဝ ဂေဟစနစ်အသွင်အား ထုတ်ဖေါ်ပြသထားသော အံမခန်းဘွယ်မြစ်ကြီးဖြစ်ပါပေသည်။ ထိုမြစ်ကြီးအား အကြောင်းပြုကာ ကျမတို့ တိုင်းပြည်၏ သမိုင်း ယဉ်ကျေးမှုနှင့် လူနေဘ၀အဖုံဖုံအသွယ်သွယ်တို့အား ပေါင်းစပ်ထောက်ပံ့ပေးထားသော မြစ်ကြီးဖြစ်သည်သာမက ၄င်းဧရာဝတီမြစ်ကြီးအား အခြေခံကာ ရွှင်မြူးဖွယ် ခံစားဖွယ် လွမ်းမောဖွယ် ဂုဏ်ယူဖွယ်နှင့် မရေတွက်နိုင်သော ရသစာပေများအား ခံစားစံစားရသော မြစ်ကြီးတစင်း စီးဆင်းလျှက်ပင်တည်း”……………(အောင်ဆန်းစုကြည်) အမှတ် (၅၄/၅၆) တက္ကသိုလ်ရိပ်သာလမ်း… ဗဟန်းမြို့နယ်.. ရန်ကုန်မြို့ ဟု လိပ်မူပါရှိပါသည်။

ဆက်လက်ပြီး အပိုင်း (၂) အား ဖေါ်ပြပေးပါမည်

စာဖတ်သူများအား ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

No comments: