Tuesday, July 30, 2013

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုရောက်အောင်ဆိုရင်တော့

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုရောက်အောင်ဆိုရင်တော့
ပြည်သူတွေကခရာ၊ အဓိကဖြစ်ပါတယ်။
 နည်းလမ်းပေါင်းစုံနှင့်ရွက်ကုန်လွှင့်နိုင်ကြရမယ်။
စည်းကမ်းရှိတဲ့၊ ညီညွတ်ကြတဲ့ လူထုတိုက်ပွဲတွေ လိုအပ့်နေကြပါလိမ့်ဦးမယ်။

ဒီနေ့ခေတ် အစိုးရနဲ့ အတိုက်အခံတွေ ပူးပေါင်းဆောင်ရွက်ပြီး ရောက်ရှိနိုင်မယ်လို့ တော့မထင်ပါ။
လူထုကပါဝင်လာခဲ့ကြရင်တော့ ဘာမဆိုအောင်မြင်မှုရကြမှာပါ။
ပြည်သူတွေကခရာ၊ အဓိကဖြစ်ပါတယ်။
 အစိုးရရော၊ အတိုက်ခံရော ပြည်သူတွေအတွက်ဘာတွေလုပ့်ဆောင်နေကြတယ်ဆိုတာ ပွင့်လင်းမြင်သာ
မှုတွေရှိကြဘို့ တော့လိုပါတယ်။
ကျနော်တို့ ကျမတို့  အနေနှင့် ဒီဟာတော့ဖြင့်မချပြနိုင်၊ ဟိုဟာတော့ဖြင့်မပြောပြနိုင် ကြလို့ ရှိရင် ခင်ဗျားတို့ လုပ့်နေကြတာ ဘယ်သူတွေအတွက်မို့ လို့  မရှင်း မရှင်း တွေဖြစ်နေကြရတာလဲလို့ မေးရမှာပါဘဲ့။
နောက် အဂတိတရားလေးပါးကလွတ်အောင် သတိနှင့်ဆောင်ပြီးလုပ့်ဆောင်နိုင်ကြဘို့ လို ပါတယ်။ ပြောသင့်တာတွေ၊ ပြောသင့် လုပ့်သင့်တဲ့အချိန်တွေမှာမလုပ့်နိုင်ခဲ့ရင်၊ မိုးလွန်မှထွန်ချလို့ တော့ ပြည်သူတွေအတွက်လုပ့်နေကြပါတယ်လို့  အသံကောင်းတွေဟစ်မနေစေချင်ပါ။
အခုတလော နိုင်ငံရေးလုပ့်နေကြပါတယ်ဆိုတဲ့သူတွေကြောက်ချီးတွေပါနေကြတာကိုတွေ့ တွေ့ နေကြရတယ်။
 နိုင်ငံရေးလုပ့်နေပါတယ်ဆိုမှ ထောင်တွေဘာတွေကိုပြန်ကြောက်နေကြလားမသိ။
နိုင်ငံရေးလုပ့်နေသူတွေကို ကြောက်တတ်ရင်လွဲ ရဲရင်မင်းဖြစ်ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားကြစေချင်ပါတယ်။ ပြည်သူတွေအတွက် အဆိပ့်(ရန်သူ) ဖြစ်နေရင် ချစ်တဲ့သူဖြစ်စေ၊ မုန်းတဲ့သူဖြစ်စေ အားမနာဘဲ့ပြောနိုင်ဆိုနိုင်ထှောက်ပြနိုင်ကြရပါမယ်။ ဒီလိုမလုပ့်နိုင်သေးဘဲနှင့်တော့  ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ဆိုတာဝေးနေကြရဦးမှာပါဘဲ့။
 

No comments: