မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
နေပြည်တော် လေဆိပ်အား ၀န်ဆောင်မှု ကင်းလွတ်ခွင့်ပြုခြင်း လေးလခန့် ကြာပြီဖြစ်သော်လည်း ဆင်းသက်မည့် လေကြောင်းလိုင်း မရှိသေး
 
     Created on Wednesday, 31 July 2013 03:03 
 
 နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ စတင်ကာ 
ခြောက်လခန့် ၀န်ဆောင်မှုကင်းလွတ်ခွင့် ပြုထားသည့်အနက် လေးလခန့် 
ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဆင်းသက်မည့်လေကြောင်းလိုင်း 
မရှိသေးကြောင်း သတင်းရရှိသည်။
 
 
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဧပြီ ၁ ရက်မှ စတင်ကာ 
ဆင်းသက်အသုံးပြုမည့် လေကြောင်းလိုင်းများအတွက် ခြောက်လအတွင်း 
ကင်းလွတ်ခွင့်များ ခွင့်ပြုပေးထားသည်။
 
 အဆိုပါ 
ကင်းလွတ်ခွင့်များမှာ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်း ခရီးသည်များအတွက်
 ခရီးသည်ဝန်ဆောင်မှုစရိတ် ကင်းလွတ်ခွင့်၊ မြေပြင်ဆင်းသက်မှု အခနှင့် 
လေယာဉ်ရပ်နားခွန် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်၊ ဝေဟင်ပျံတက်ရန် 
ကိရိယာများ သုံးစွဲမှုစရိတ် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်၊ ခရီးသည်များ 
ထွက်ခွာရာ ဂိတ်အသုံးစရိတ် ရာခိုင်နှုန်း ၅၀ ကင်းလွတ်ခွင့်နှင့် 
ခရီးသည်လေယာဉ် ထွက်ခွာဝင်ရောက်ခြင်း ၀န်ဆောင်မှု အခွန်ကင်းလွတ်ခွင့်၊ 
အငှားယာဉ်ခများနှင့် ဟိုတယ်ခများ ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်များကို 
ခွင့်ပြုပေးထားသည်။
 
 "အခုလက်ရှိတော့ ဆင်းသက်နေတဲ့ လေကြောင်းလိုင်း 
မရှိသေးပါဘူး။ ဒါပေမဲ့ နေပြည်တော်လေဆိပ်ကို ဆင်းသက်ဖို့ ကမ်းလှမ်းထားတဲ့ 
လေကြောင်းလိုင်းတွေတော့ ရှိပါတယ်။ အဲဒီလေကြောင်းလိုင်းတွေက Thai Air Asia, 
TG, Silk Air လေကြောင်းလိုင်းတွေပဲ ဖြစ်ပါတယ်" ဟု လေကြောင်းပို့ဆောင်ရေး 
ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက 
ပြောကြားသည်။
 
 မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် 
နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ 
သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေစနစ်)ဖြင့် မြန်မာအစိုးရနှင့် 
Export Import Bank of China တို့မှ Loan Aggrement  ကို 
လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် (၁) အား အကောင်အထည်ဖော် 
ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
 
 လေဆိပ်အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ)
 အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ 
ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင်ဝန်ဆောင်မှု 
လုပ်ငန်းများကို Pioneer Aerodrome Services Co.ltd မှ တာဝန်ယူ 
ဆောင်ရွက်နေခြင်း ဖြစ်သည်။
 
 နေပြည်တော်လေဆိပ်သို့ ပြည်တွင်းရှိ 
ပုဂ္ဂလိက လေကြောင်းလိုင်းများမှ ပုံမှန်ခရီးစဉ် ပျံသန်းခြင်း မရှိဘဲ 
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းမှသာ ပုံမှန်ခရီးစ 
ဉ်ပျံသန်းလျက် ရှိသည်။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment