Monday, July 29, 2013

ဘယ်နေရာမှာ ဘာတွေ ဘယ်စူတွေအတွက်ပြောင်းနေကြတာလဲ?

တိုင်းပြည်ပြောင်းလဲနေပါပြီ။ ပြည်ပရောက်ဗမာတွေပြန်လာကြပါ။ ကိုယ်တိုင်လာပြီးလေ့လာကြပါဆိုပြီး ကမ္ဘာပတ်ပြီး အရှက်မရှိ လျှောက်လျှောက်ပြောတတ်ကြတဲ့ သမ္မတဂျီးဆိုသူတွေနှင့် နိုင်ငံခေါင်းရှောင်ဂျီးဆိုသူတွေ၊ ဘယ်မှာလဲဗျ၊ ခင်ဗျားတို့ ပြောသလို ဒီလောက်လေးမှ သက်သေထူလုပ့်မပြနိုင်ကြသေးရင်တော့...လူလိမ်တွေဘဲ လို ပြောချင်ပါတယ်။
ဘလော့ဂါ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုဆွေးနွေးပွဲ အခမ်းအနားကျင်ပရေးကော်မတီ
ကိုဥာဏ်လင်း  ၀၉၇၃၁၂၁၀၂၃
ကိုယဉ်ထွေး    ၀၉၈၆၀၆၆၄၄
ဖိတ်ကြားရေးကော်မတီ
မှ သက်ဆိုင်သူညီအစ်ကိုရဲဘော်များ သို့ 

ကျနော် ကနေဒါမှမြန်မာပြည်သို့ မြန်မာ ကနေဒီယံ တယောက်အနေဖြင့်တရာဝင် ဝင်ရောက်ပြီး ညီလာခံကိုတက်ရောက်နိုင်ရန် အတွက် ကနေဒါရှိမြန်မာသံရုံးကို ( July 11, 2013) ကတည်းက တရားဝင်ဗီဇာလျှောက်ထားခဲ့သော်လည်း၊
အခုအချိန်အထိဗီဇာမရသေးပါ။  ကနေဒါ သံရုံးနဲ့ လည်းဖုန်းဆက်မေးကြည့်ပြီးပါပြီ။ အကြောင်းထူးရင်ဆက်သွယ်လိုက်ပါ့မယ် စောင့်ရမယ်လိုပြောပါတယ်။ ကိုယ်ရေးရာဇဝင်ကို ပို့ ခိုင်းလို့ လည်းပို့ ပေးလိုက်ပြီးပါပြီ။ Black List ထဲမှာရှိနေနိုင်လို့  ကြာနေတာဖြစ်လိမ့်မယ်လို့  သူတို့ ထင်မြင်ချက်ပြုထားကြပါတယ်။ အခုထိတော့စောင့်နေရတုံးပါဘဲ့။ ကျနော့်အနေဖြင့်တော်လှန်ရေးနိုင်ငံရေးတို့ တွင်၊ ရောက်ရာအရပ့်ဒေသ၊ ကြုံရာနေရာတို့ မှ ခေတ်သမိုင်းမှတောင်းဆိုမှုအရပါဝင်လှုပ့်ရှားခဲ့ရသော်လည်း
မြန်မာပြည်၊ ယိုးဒယား၊ နှင့် ကနေဒါနိုင်ငံတို့ တွင် နေထိုင်ခဲ့သောအချိန်များတို့ တွင် သက်ဆိုင်ရာနိုင်ငံတို့ ရှိ ရာဇဝတ်မှုဥပဒေများကိုချိုးဖေါက်ခဲ့ခြင်း၊ အရေးယူခံခဲ့ရခြင်းမရှိခဲ့ပါ။
လုပ့်ထုံးလုပ့်နည်းအရ အချိန်ကြာမြင့်မှုကိုလက္ခံ နားလည်ပါသော်လည်း လာမည့်
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား သို့ တက်ရောက်နိုင်ရန် ရှိနေပါသဖြင့် အချိန်မှိ လေယာဉ်လက်မှတ်မှအစ စီစဉ်စရာရှိသည်တို့ ကိုစီစဉ်နိုင်ရန်အတွက် ကျနော့်တွင်အချိန်ကန့် သန့် မှုရှိနေခဲ့ပါသည်။

သို့ ပါ၍ ကျနော့်မိတ်ဆွေရဲဘော်များတို့ မှ အချိန်မှိဆောင်ရွက်ပေးနိုင်သည်များကို ကျေးဇူးပြု ပြီး အချိန်မှိဆောင်ရွက်ပေးကြပါရန် မေတ္တာရပ့်ခံပန်ကြားအပ့်ပါသည်။

အောင်မိုး (ကနေဒါ)

No comments: