Friday, February 1, 2013

နိုင်ကျဉ်းဟောင်း (ABSDF)တပ်ဖွဲ့ဝင်ဟောင်းကိုမင်းဟန်(ခ)ဗမင်းသစ်(ခ)ဖိုးချိုကွယ်လွန်



ကြယ်ပွင့်များ

ထိခိုက် ကျဆုံး
သေဆုံး အကျဉ်းကျ
စာရင်းအရ ဆိုရင်။
၂၀၁၃
ဖေဖော်ဝါရီ ၁ ရက်
ဖြည့်စွက်ရမဲ့ စာရင်း။
ဗမင်းသစ် (ခ) မင်းဟန်
အလံတလက် နှင်းအပ်လိုက်တယ်။
(ရဲဘော် မင်းဟန် သို့ )

မောင်လွမ်းဏီ
၁ -၂ - ၂၀၁၃

( ကိုမင်းဟန်(ခ)ဗမင်းသစ်(ခ)ဖိုးချို ၏ ကိုယ်ရေးအကျဉ်း)

ကိုမင်းဟန်ကို အဖ ယမုံနာဦးဘိုးဟန်၊အမိ ဒေါ်မြင့်မြင့်တို့မှ ၄.၉.၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌
ဖွားမြင်ခဲ့သည်။အ.မ.က(၁၈)တာမွေ၊ အ.ထ.က(၃)တာမွေတို့တွင်ပညာသင်ကြာ
းခဲ့သည်။
၁၉၈၄ခုနှစ်တွင် ဒေါ်ခင်မာအေးနှင့် အိမ်ထောင်ကျပြီး သားမျိုးဟန်၊ ဖြိုးဟန် တို့ဖွားမြင်ခဲ့သည်။
ဂီတပဒေသာမဂ္ဂဇင်းတွင်အယ်ဒီတာအဖွဲ
့ဝင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ (ရ၅) ကျပ်တန်
ငွေစက္ကူ အရေးအခင်းမှစ၍ လူထုလုပ်ရှားမှုများတွင်ပါဝင်ခဲ့
ည်။ ဘုန်းမော်အရေးအခင်း၊
၈၈၈၈ လူထုလုပ်ရှားမှုများဖြစ်ပေါ်လာရေး
အတွက် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံ
တွင် ဗမာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီတပ်ဦး(ဗဒတ)၊ ကို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖွဲ့စည်းပြီးလူထုဆန

ပြပွဲများတွင်ဦးဆောင်လုပ်ရှားခဲ့သည်။ကျာင်းသားလူငယ်သွေးစည်းညီညွတ်ရေးကော်မတီတွင်လည်းဦးဆောင်
အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မာနယ်ပလော သို့ရောက်ရှိပြီး ABSDF မှ
လုပ်ဖေါ်ကိုင်ဘက်များ ၊တိုင်းရင်းသားတော်လှန်ရေးခေါင်
းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး
ရန်ကုန်ခရိုင်ပျောက်ကြားတာဝန်ခံ
အဖြစ် တာဝန်ပေးအပ်ြခင်းခံရသည်။ ၁၉၉၀ နှောင်းပိုင်းတွင်
နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန် အစီအစဉ်ဖြစ်သည့်
ပင့်ကူနီ စစ်ဆင်ရေးကိုဦးဆောင်ခဲ့သည်။ ရေကူးထပ်ဆင့်အသံလွင့်စက်ရုံ အားလောင်ချာဖြင့်
ပစ်ခတ်ခဲ့ပြီး ၁၆.၁.၁၉၉၁ တွင်နေအိမ်တွင်အဖမ်းဆီးခံရသည်။ ၇.၃.၁၉၉၁တွင် နိုင်ငံတော်
ပုန်ကန်မှု ၁၂၂/၁ အပါအ၀င် ပုဒ်မများဖြင့်သေဒဏ်ချမှတ်ခြင်းခံခဲ့
ရသည်။ ၁၉၉၄တွင်တောင်ငူထောင်သို့ ပြောင်းရွေ့ခံခဲ့ရပြီး ထောင်ငူထောင်တွင် ထောင်တွင်းနောက်မှု
(၇) နှစ်တိုးခဲ့ပြီး သရက်ထောင်သို့ပြောင်းရွေ့ခြင်းခ
ံခဲ့ရသည်။ သရက်ထောင်မှ ၁၂.၁၀.၂၀၁၁ နေ့တွင် လွတ်မြောက်ခဲ့သည်။ အကျဉ်းထောင်အတွင်း (၂၁) နှစ်ခန့် နေထိုင်
ခဲ့ရသည်။ လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအ
ဖွဲ့တွင် လုပ်ငန်း
ကော်မတီဝင်တစ်ဦးအဖြစ်နိုင်ငံရေ
းတာဝန်များကိုယခု ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အမှတ် ၁၃၈၂၊ရာဇသင်္ကြန်လမ်း၊(၇၀)ရပ်ကွက်
၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင်
မိသားစုနှင့်အတူနေထိုင်ခဲ့ပါသည်

No comments: