Friday, February 1, 2013

ခရိုနီတွေလူမှုရေးလုပ်လာကြပြန်ပြီဟု ဦးကျော်သူပြော

Friday, 01 February 2013 

ဌာနအသီးသီးရှိ အာဏာရှိသူများနှင့်ပူးပေါင်းကာ ကိုယ်ကျိုး အတွက်
ရှာကာ အများအကျိုးကို ပစ်ပယ်ထားတက်သော ခရိုနီများ  သည် ကိုယ်ကျိုးအတွက်မျှော်မှန်း  ၍ လူမှုရေးလောကနယ်ပယ်သို့ ၀င်ရောက်လာကြောင်း ဦးကျော်သူ  ကပြောကြားသည်။

““ခရိုနီအုပ်စုထဲက လူတွေက ဒီကြားထဲမှာ နိုင်ငံရေးလောက ထဲကိုလည်းဝင်နေတယ်။ လူမှုရေး   လောကထဲကိုလည်းဝင်နေတယ်။   ဘာလို့ဝင်တာလည်းလို့မေးရင် သူတို့အနေချောင်ဖို့ သူတို့ဒီထဲကို   ၀င်ပြီလေ၊လူမှုရေးလုပ်တယ်ဆိုရင် ပြည်သူလူထုက အားကိုးတယ်။
ပြည်သူလူထုက အားကိုးတယ်ဆို ရင် အင်အားရှိတယ်လို့ထင်နေတယ်။ လူမှုရေးလုပ်တယ်ဆိုတာ   ကိုယ့်ရဲ့စိတ်ဓာတ်က လူမှုရေး အတွက်
ဘယ်လောက်ရှိလည်း လူမှုရေးအတွက်ကိုယ့်ရဲ့စိတ်ဓာတ် ကဘယ်လောက်
အာမခံချက်ရှိ လည်းဆိုတဲ့ ဒီစိတ်ဓာတ်နဲ့လုပ်ရမှာငွေနဲ့ပေါက်ပြီး လူမှုရေးလောကထဲကို ၀င်လို့မရဘူး။ဒါတွေက မှား နေပြီ
နိုင်ငံရေးဆိုလည်း နိုင်ငံရေး   ငွေနဲ့ပေါက်ပြီးဝင်တယ်။သူတို့အဲလို
လုပ်နေတဲ့အပေါ် မှာတော့ ဘာမှမပြောချင်ဘူး။ သူ့သမိုင်းကို
သူရေးမယ်။ သေတဲ့ အခါကျတော့ သိမှာပဲ၊တစ်ချို့က ဗုဒ္ဓဘာသာ
ဖြစ်ပြီးတော့ ဒီဘ၀မှာငါကောင်းကောင်းနေမယ်။ကောင်းကောင်း
စားသောက်ဖို့လည်းအရေး ကြီးတယ်။ သေသွားပြီဆိုရင် နောက်ဘဝ
နောက်တစ်ကောင် ဖြစ်မယ်။အဲဒီအတွေးအခေါ်တွေ   ဒါတွေကြောင့် တစ်ကမ္ဘာလုံးဒုက္ခ ရောက်နေတာ။လှူတယ်ဆိုလည်း      ပျက်ရမယ်။မလိုအပ်တာကို ကဗျည်းရေးထိုးချင်တယ်။မလိုအပ်  တဲ့နေရာကိုလည်း ကိုယ်အကျိုး စီးပွားအတွက် သိန်းတစ်ထောင်  လှူတယ်ဆိုရင် နောက်က သိန်း  ၄၊၅၊၆ထောင်လောက်ရမယ့် မျှော်  ကိုးချက်နဲ့လှူတယ်ဒါတွေက မှားနေပြီ။တကယ်မြန်မာနိုင်ငံမှာလို အပ်နေတဲ့နေရာတွေအများကြီး အဲဒီနေရာတွေကို လုပ်ပေးရမှာ””  ဟုပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်းအား  နေ့စဉ်၊လစဉ်၊နှစ်စဉ်လာလှူသည် 
ငွေကြေးများကိုလည်း ကျန်းမာ ရေး၊ပညာရေး၊သဘာဝဘေးနှင့် တခြားသောလိုအပ်သည့်နေရာ များသို့ ချင့်ချိန်၍လှူဒါန်းနေကြောင်း
သိရှိရသည်။

ဖြိုးအောင်
ွှ့The Hot News

No comments: