Sunday, February 10, 2013

လူ၎ယောက်အကြောင်း

ကျွန်တော့်အနေနဲ့ လူ၎ယောက်အကြောင်းကိုခေါင်းစဉ်တပ်ပြီးရေးချင်ပါတယ်.
နံပါတ်(၁)မိုးကြီး....ABSDFမြောက်ပိုင်းမှာ ဘယ်သူမှမရောက်သေးခင် မိုးကြီး
ရယ်မဘိမ်းသိန်းအောင်(ဆရာတော်ဦးသံဝရ)ရယ်၄၀၁ကကိုဝင်းသိန်းရယ်
ပိုက်ကျုံးအထိသွားပြီးတော့ဗ.က.ပခေါင်းဆောင်တွေဆီကနေလက်နက်တွေ
သွားတောင်းပြီးတော့မြောက်ပိုင်းABအတွက်ယူဆောင်လာခဲ့ကြတယ်။
အဲဒီအောင်မြင်မှု့ ကို မျိုးဝင်းကအရမ်းသတ်ချင်ခဲ့တယ်..မသွားခင်ကတည်းကစောစိုးစိုး(kayinlay)ကိုအပြစ်ရှာဖို့ ထည့်ပေးလိုက်တယ်..
မျိးဝင်းရဲ့ အကြံအစီကတိုက်ဆိုင်မှု့ မဟုတ်ပါဘူး..ကြိုတင်ကြံစီမှု့ ပါ..
လက်နက်တွေသယ်လာတဲ့အတွက် မိုးကြီးမှာ စိန်ဗေဒါဇော်ကြီးရဲ့ လက်စွမ်း
ပြမှု့ ကိုခံလိုက်ရတယ်..ဒါတွေကအပါတ်စဉ်(၃)ကလူတိုင်းသိပါတယ်..
မမငယ်အပါအဝင်ပေါ့..
မျိုးဝင်းကမိုးကြီးကိုသတ်ဖို့ အဲဒီကတည်းကရည်ရွယ်ချက်ရှိပါတယ်..
ခဏလေးကျွန်တော်ဆေးလိပ်သောက်လိုက်ဦးမယ်.....
ပြသာနာတွေဖြစ်တော့ အခြေအနေတွေကို နားအလည်နိုင်ဆုံးကမိုးကြီးပါပဲ.
ဒီနေရာမှာကျွန်တော်ပြောချင်တာက ရေနစ်နေတဲ့လူအချင်းချင်း သူများကိုကယ်ဖို့ ဆိုရင်ကိုယ့်ကြိုးကိုကိုယ်အရင်ဖြေရပါတယ်.
မိုးကြီးအနေနဲ့ သူများကိုနင်းချတဲ့စကားမျိုးကျွန်တော်မကြားမိခဲ့ပါဘူး..
ဗိုလ်ချုပ်ကျော်ဇောတို့ ဆီကနေပြီးတော့လက်နက်တွေကိုရအောင်ယူလာနိုင်ခဲ့တဲ့သူတစ်ယောက်က ....သူ့ ကိုသတ်မှာလဲသိသိကြီးနဲ့ တပ်ထဲမှာဘာကြောင့်
ဆက်နေခဲ့တာလဲ..မြောက်ပိုင်းအလံကိုချစ်လို့ ပေါ့..ဒါကမိုးကြီးအကြောင်းပါ.
နံပါတ်(၂)........ခင်မောင်ဇော်(ခိုဖြူ)
ခိုဖြူကမထင်မှတ်ပဲနဲ့ ၁၉၉၁ခုနှစ်သင်္ကြန်အတွင်းမှာ ဗဟိုကောင်မတီဝင်အောင်ကြီးကိုဓားနဲ့ လိုက်ခုတ်တယ်.အနောက်မှာဦးစော
(စောယဉ်ထွေး)
နဲ့ ကျွန်တော်နဲ့ ပါတယ်.ဒီအပြင်မျိုးဝင်းမွေးထားတဲ့ ကွန်မန်ဒိုတွေနဲ့ ပြသာနာဖြစ်တယ်အဲဒီမှာလည်းစောယဉ်ထွေးနဲ့ ကျွန်တော်ပါတယ်..ဒီပြသာနာလောက်ကလွဲရင်ကျန်တဲ့ကိစ္စခိုဖြူကိုညှိုးစရာအကြောင်းမရှိဘူး..
ကျွန်တော်သိသလောက်ဆိုရင်တော့ခိုဖြူနဲ့ပတ်သက်တာဒီလောက်ပဲ.ဒါပေ
မယ့်ခိုဖြူကဗမ်းမော်စစ်ကြောရေးမှာလူအများကြီးကိုကယ်ခဲ့တယ်..
ဒါကအမှန်တရားပဲ..
...... ..နံပါတ်.၃...
ညီညီကျော်............သူနဲ့ ပတ်သက်လို့ မပြောခင်ကျွန်တော်အကြောင်းကို
နည်းနည်းလေးပြောပြချင်တယ်.ခင်ရွှေလှိုင်ရယ်၊ပြည့်စိုးနိုင်၊WANNA ZAW၊အောင်ကျော်မြင့်၊ဇော်မိုး၊ကိုတိုးကြည်နဲ့ ကျွန်တော်၄၀၁ကနေပြီးတော့
ဗဟိုကိုတက်လာတဲ့အချိန်မှာကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကိုသံလွင်က
မှတ်မှတ်ရရ စကားပြောဖူးတယ်.ယင်ချမ်းတည်းခိုခန်းမှာ....ကျော်ဇွာဝင်းမောင်
ဗဟိုမှာတော့မကျေနပ်တဲ့သူတွေကိုကွန်မြူနစ်ခေါင်းစဉ်တပ်ပြီးတော့
သတ်ကုန်ကြပြီ..မင်းနည်းနည်းသတိထားပါလို့ ပြောဖူးတယ်.
ဗဟိုရောက်တော့လည်းခေါင်းဆောင်တော်တော်များများရဲ့ လက်ထဲကို
ကျွန်တော့်ကိုအပ်ပြီးတော့ .......ဒီကောင်လေးကတော့ကွန်မြူနစ်ဝါဒကို
ရိုးသားစွာယုံကြည်တဲ့ခလေးတစ်ယောက်ပါ...ကျွန်တော့်မျက်နှာကိုထောက်
ပြီးတော့သူ့ ကိုဘယ်လိုအပြစ်ဒဏ်မျိုးမှမပေးပါနဲ့ လို့ မျိုးဝင်းအပါအဝင်..
ရော်နယ်အောင်နိုင်နဲ့ ကိုစိုးလင်းကြီးကိုသေသေချာချာအပ်ခဲ့ပါတယ်..
ဒီကိစ္စတွေအားလုံးကိုခင်ရွှေလှိုင်အပါအဝင်ကိုတိုးကြည်တို့ အားလုံးသိပါ
တယ်...
ကျွန်တော်ဗဟိုရောက်တော့ မျိုးဝင်းကကျွန်တော့်ကိုခေါ်မေးတယ်."မင်းဘာလုပ်ပေးနိုင်မလဲ"
ကျွန်တော်ပြောလိုက်တယ်.......လူတွေမှာ တာဝန်ကိုယ်စီရှိနေရင်ဒီအဖွဲ့ အ
စည်းမှာဘာမှဖြစ်မှာမဟုတ်ဘူး..
အဲတော့မျိုးဝင်းကပြန်ပြောတယ်.လှေကြီးပေါ်လှေငယ်ဆင့်တဲ့လူတစ်ယောက်
အကြောင်းကိုမင်းငါ့ကိုစုံစမ်းပေးနိုင်မလားဆိုပြီးတော့မေးတယ်.........ဟာ....
ကျွန်တော်ကလည်းဒါမျိုးကတော့လက်ခမောင်းခတ်တယ်လို့ ပြောလိုက်တယ်
အဲဒါနဲ့ ကျွန်တော့်ကိုကိုဖေဝင်းဆီမှတဆင့်မင်းဇော်ရဲ့ လက်အောက်က
ထောက်လှန်းရေးအဖြစ်သင်တန်းပေးလိုက်တယ်..................
အဲဒီမှာ ကျွန်တော်သိလိုက်ရတာကသတ်ဖို့ ရည်ရွယ်ချက်ရှိထားတာအားလုံးက
မနည်းမနောပဲ..ဥပမာ..ဦးသောင်းပုံစံအသစ်အဆန်းနဲ့ အလေးပြုတတ်တဲံ့
မောင်မောင်ကြွယ်.ဗန်းမော်ဘက်ကဦးအောင်ကိုး၊ဇော်ဝင်းချစ်၊တိုက်ပိတ်
မိုးကြီး၊တင်ဌေး၊ရန်ရှင်းအပါအဝင်အမြောက်အမြားပါပဲ................
အခုနလှေကြီးပေါ်ကိုလှေငယ်ဆင့်တယ်ဆိုတဲ့စွဲချက်နဲ့ သတ်ဖို့ ကြိုးစားတာခံ
ရတဲ့လူကတော့ကျွန်တော်တို့ ရဲ့ ဂျက်စပဲရိုးညီညီကျော်ပါပဲ....
ဗန်းမော်ခရိုင်ကိုညီညီကျော်ကိုသတ်ဖို့ အတွက်ကျွန်တော့်ကိုအကြောင်းအရာ
ရှာဖို့ လွှတ်လိုက်တာပါ..လက်ရှိအသက်ရှိထင်ရှားရှိသေးတဲ့အောင်စိုးမြင့်၊
သံချောင်းတို့ အောင်နိုင်တို့ အကုန်လုံးသိပါတယ်........ဂျူးဂျူးအပါအဝင်ပေါ့..ညီညီကျော်ကိုကြည့်လို့ မရပေမယ့်သူ့ လုပ်ရပ်မှန်နေတော့သူ့ ဆီမှာပဲ
တပည့်ခံလိုက်ရတာပေါ့ဗျာ...................
ညီညီကျော်ကိုမျိုးဝင်းကသတ်ဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာ ထပ်ရေးပြပါ့မယ်................
ကျော်စွာဝင်းမောင်.....................

No comments: