Sunday, February 10, 2013

ထူးကုမ္ပဏီလက်အောက်ရှိ လုပ်ငန်းအားလုံး ယခုနှစ်အတွင်း အများပိုင်ပြောင်းမည်

ထူးကုမ္ပဏီအုပ်စုပိုင် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD Bank) ကို အများပိုင်ဘဏ်အဖြစ်ပြောင်းလဲမည်ဟု ကြေညာပြီးနောက် အခြားအမြတ်အစွန်းရရှိနေသည့် လုပ်ငန်းများကိုပါ အများပိုင်အဖြစ် ပြုလုပ်မည်ဟု ဦးရဲမင်းဦးက ပြောကြားခြင်းဖြစ်သည်။

Posted on Feb 06 13 - 06:23 AM 

ကုမ္ပဏီအောက်ရှိ အမြတ်အစွန်းရရှိနေသော လုပ်ငန်းများအားလုံးကို ၂၀၁၃ ခုနှစ်အတွင်း အများပိုင်လုပ်ငန်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ထူးထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရဲမင်းဦးက ပြောသည်။ 

မကြာသေးမီ ရက်ပိုင်းအတွင်းက ထူးကုမ္ပဏီအုပ်စုပိုင် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD Bank) ကို အများပိုင်ဘဏ် အဖြစ် ပြောင်းလဲမည်ဟု ကြေညာပြီးနောက် အခြားအမြတ်အစွန်း ရရှိနေသည့် လုပ်ငန်းများကိုပါ အများပိုင်အဖြစ် ပြုလုပ်မည်ဟု ဦးရဲမင်းဦးက ပြောကြားခြင်း ဖြစ်သည်။ 

“AGD ဘဏ်အပြင် ထူးကုမ္ပဏီအုပ်စုအောက်မှာရှိတဲ့ အကျိုးအမြတ် ရရှိနေတဲ့ လုပ်ငန်းတွေအားလုံးကို အများပိုင်အဖြစ် ဒီနှစ်ထဲမှာ တော်တော်များများ ပြောင်းဖို့ရှိပါတယ်။ ဘယ်လိုလုပ်ငန်းတွေ ဆိုတာကိုတော့ လုပ်ငန်းပိုင်း သဘောသဘာဝအရ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင် ဦးတေဇပိုင်ဆိုင်သော ထူးကုမ္ပဏီအုပ်စုအောက်၌ ကျောက်စိမ်းကျောက်မျက်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ မိုဘိုင်းဖုန်း လုပ်ငန်း၊ ကျွန်းသစ် လုပ်ငန်း၊ လောင်စာဆီ လုပ်ငန်းတို့ကို လုပ်ကိုင်လျက်ရှိသည်။ 

ယင်းသို့ နာမည်ကျော်ကုမ္ပဏီအုပ်စုကြီးတစ်ခုမှ ၎င်းပိုင်လုပ်ငန်းများကို တစ်ဦးတည်းပိုင်မှ အများပိုင်အဖြစ်သို့ ပြောင်းလဲပေးခြင်းအပေါ် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌဦးနှင်းဦးက ပြောသည်။ 

“ပွင့်လင်းလာတဲ့ ဈေးကွက်စီးပွားရေးမှာ တိုးချဲ့တယ်လို့ပဲ ပြောရမှပေါ။့ 
ငွေစာရင်းသဘောအရဆိုရင် ငွေခေါ်တဲ့သဘောပါပဲ။ ဒါပေမဲ့ အများပိုင် ကုမ္ပဏီကို ဘယ်လိုအချိုးအစားနဲ့ လုပ်မလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးတယ်။ Public Offering လို့ခေါ်တဲ့ ရှယ်ယာဝင်မယ့်သူတွေအပေါ် ထင်သာမြင်သာမှုရှိအောင် လုပ်ဖို့လိုတယ်။ မစ်ဆူဘီရှီတို့လို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတွေ ဖြစ်ဖို့ဆိုရင်တော့ ဒီလိုပဲ ရှယ်ယာတွေခေါ်ပြီး အများပိုင်လုပ်ရမှာပဲ” ဟု ၎င်းက ပြောသည်။

Credit: အေးသူစံ၊ အောင်ခိုင် (7Day News Jouranl)

No comments: