Sunday, February 10, 2013
ငြိမ်းချမ်းရေးတိုက်ပွဲ
လက်ရှိအစိုးရကို သိပ့်အထင်ကြီးနေကြသူတွေအတွက်၊ သူတို့ ရဲ့ သရုပ့်သဏ္ဍာန်ကိုထင်သာမြင်သာ
ရှိအောင် သူတို့ လုပ့်ဆောင်နေတဲ့၊  အကြောင်းအရာနှစ်ခုကို အတူတွဲတင်ပေးလိုက်ပါတယ်။
တခုကစစ်ပွဲတွေကြောင့်အဓိပ္ပါယ်မဲ့စွာ သေကြေဒုက္ခရောက်နေကြရတဲ့ ဒေသခံပြည်သူတွေအတွက်၊
ငြိမ်းချမ်းရေးအတွက်၊အသံမဲ့ဒုက္ခသည်တွေအတွက်အများပြည်သူတွေမြင်လာအောင်၊စိတ်ပါဝင်စား
လာအောင်ရှိတဲ့အားအင်ကို ဖြစ်ညစ်အသုံးချပြီးကျိုးစားဖေါ်ဆောင်နေကြတယ်။
ပေးဆပ့်တိုက်ပွဲဝင်နေကြတယ်။ 
ဒါပေမယ့်၊အထူးသဖြင့်လက်ရှိအစိုးရပိုင်းက၊အသိအမှတ်တောင်မှပြုဖေါ်မရတဲ့အပြင်၊
 နှောင့်ယှက်ဟန့်တားမှုတွေတောင်ကြုံနေကြရပါတယ်။
ငြမ်းချမ်းရေးအတွက်လမ်းလျှောက်ဆန္ဒပြသူများယနေ့၅နာရီအချိန်လောက်တွင် ကျောက်ဆည်မြို့သိုရောက်ရှီလာပြီးမြို့သူမြို့သားများမှလမ်းတလျောက်တွင်ငြိမ်းချမ်းစွာကြိုဆိုပြီး အဖွဲ့သားများမှာအဆိုပါမြို့ရှီဆင်ဖြူခံခံကွင်းတွင်တစ်ညတာရပ်နားမည်ဟုသိရှီရပါသည်။
ငြမ်းချမ်းရေးအတွက်လမ်းလျှောက်ဆန္ဒပြသူများယနေ့၅နာရီအချိန်လောက်တွင် ကျောက်ဆည်မြို့သိုရောက်ရှီလာပြီးမြို့သူမြို့သားများမှလမ်းတလျောက်တွင်ငြိမ်းချမ်းစွာကြိုဆိုပြီး အဖွဲ့သားများမှာအဆိုပါမြို့ရှီဆင်ဖြူခံခံကွင်းတွင်တစ်ညတာရပ်နားမည်ဟုသိရှီရပါသည်။
ကျနော်တို့ဟာ လူသားတွေ ဖြစ်ပြီးလိုင်ဇာ အရောက် လမ်းလျှောက်နေပါတယ်
ကျနော်တို့ဟာ လူသားတွေ ဖြစ်ပြီးလိုင်ဇာ အရောက် လမ်းလျှောက်နေပါတယ်
==============================
==============
ဒီနေ့ ကျောက်ဆည် မှာ ညအိပ်မယ်......
တကယ်တော့ .....(၂၀))ရက်စာခရီး၊မိုင်(၄၀၀)
ကျော်သွားပြီးမှ
ကျနော်သတိထားမိတာ ...ခင်ဗျားတို့ကို မျှဝေချင်လို့......
ဒီလိုပါ.......
ရန်ကုန်ကနေ “လိုင်ဇာ”ကို လမ်းလျှောက်ရုံနဲ့.......
ကျနော်တို့ဟာ သူရဲကောင်းတွေ ဖြစ်သွားချင်စိတ် မပေါက်သွားပါဘူး.....
ကျနော်တို့ဟာ အားကိုးရလောက်တဲ့ “နတ်ဘုရား”တွေလည်း ဖြစ်မသွားဘူး.....
ကျနော်တို့ဟာ “သူတော်စင်”တွေ ဖြစ်သွားဘို့လည်း မမျှော်လင့်စေချင်ဘူး......
ကျိန်းသေတာက ကျနော်တို့ဟာ “စက်ရုပ်”တွေလည်း ဖြစ်မှာ မဟုတ်ဘူး............
ကျနော်တို့ခြေထောက်တွေ နာကျင်၊ပေါက်ပြဲနေပါတယ်....
ကျနော်တို့ မျက်လုံးတွေ နီရဲ ကျိန်းစပ် နေပါတယ်........
ကျနော်တို့ ခန္တာကိုယ်ဟာလည်း ရာသီဥတုဒဏ်ကြောင့် ချမ်းတတ်ပါတယ်.......အော်....ကျနော်တို့မှာ အသွေးအသားတွေ ရှိနေတာဘဲလေ........
ကျနော်တို့ ခြေထောက်တွေ ဖူးရောင်၊ပေါက်ပြဲစမ်းပါစေ........
ကျနော်တို့ မျက်လုံးတွေ နီရဲ၊ကျိန်းစပ်နေစမိးပါစေ........
ကျနော်တို့ ခန္တာကိုယ် တဆတ်ဆတ် တုန်နေစမ်းပါစေ........
ကျနော်တို့ “ရင်း”နိုင်တာ ဒါဘဲ ရှိတာကိုး.......
ဒါပေမဲ့.........
ဒီစစ်ပွဲဟာ “ငါ”တို့နဲ့ မဆိုင်ပါဘူးကွာ လို့ ပြောတတ်တဲ့သူတွေ .....
တဖြည်းဖြည်း နည်းလာဘို့.........
ဒီစစ်ပွဲဟာ “ငါ”တို့နဲ့လည်း သက်ဆိုင်တယ် ဆိုတာ သိတဲကသူတွေ.....တဖြည်းဖြည်း များလာစေဘို့...........
ဟုတ်ကဲ့.........ကျနော်တို့ လူသားစင်စစ် ဧကန် ဖြစ်ပါတယ်..............
ကျနော်တို့ “လိုင်ဇာ” အရောက် လမ်းလျှောက်နေပါတယ်..........
ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ချို့ ပင်ပန်းမှုဒဏ် ခံစားနေရ
Sunday, 10 February 2013
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေဟာ
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ဒီကနေ့ဆိုရင် မန္တလေးတိုင်း၊ ပလိပ်မြို့ကို
ရောက်ရှိနေပြီး လမ်းလျှောက်သူတွေထဲက သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ် တချို့ဟာ ပင်ပန်းမှု ဒဏ်ခံစားနေရပါတယ်။
ရန်ကုန်က စတင်ထွက်ခွာခဲ့တဲ့ အဖွဲ့ဟာ အခုဆိုရင် ၃ ပတ်မြောက် ရှိလာပြီဖြစ်ပြီး လမ်းခရီး ပင်ပန်းလွန်းတဲ့အတွက် သံဃာတော် (၁) ပါးဟာ ခြေထောက်အရိုး ထိခိုက်ထားပြီး နောက်ထပ် သံဃာတော် (၂) ပါးကတော့ ခြေထောက်တွေ ယောင်ယမ်းလာတာကြောင့် သီတင်းသုံးရာ စစ်ကိုင်းကို ပြန်လည်ကြွသွားပြီလို့သိရပါတယ်။
လမ်းလျှောက်သူတစ်ဦးကတော့ နှာခေါင်းသွေး လျှံတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
ခရီးရှည်တာကြောင့် ပင်ပန်းနေကြပြီး လမ်းလျှောက်သူတစ်ချို့ ကျန်းမာရေး ထိခိုက်လာတဲ့ အခြေအနေကို ငြိမ်းချမ်းရေးလမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုစည်သူက RFA ကို အခုလို ပြောပါတယ်။
" လမ်းလျှောက်တာမိုင်တွေများတဲ့အတွက် သံဃာတော် (၂) ပါးက ခြေထောက်တွေ ရောင်နေတယ်၊ ကူမဲကနေ သတင်သုံးတဲ့ စစ်ကိုင်းကို ပြန်သွားပြီ၊ ကျွန်တော်တို့ကို ဒေသခံတွေ စီစဉ်ပေးထားတာတော့ ရောက်တဲ့ နေရာတိုင်းမှာ ဒေသဆိုင်ရာ ဆရာဝန်တွေက ညတိုင်းညတိုင်း လာပြီး စစ်ဆေးပေးတယ်"
ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ အခုဆိုရင် အင်အား (၅၀) ကျော်ရှိလာပြီး လိုင်ဇာမြို့ကို နောက်ထပ် (၁)လခန့်မှာရောက်ရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကတော့ ပြည်သူတွေအတွက်ဆိုပြီး (သူတို့ အကျိုးတခုတည်းကောင်းဘို့ )တလွဲဆံပင်ကောင်းနေကြတဲ့
လက်ရှိအစိုးရနှင့် သတ်မတော်တို့ ရဲ့ သောက်တလွဲလုပ့်ရပ်ပါ။
သတ်ဖြတ်ပြီး ရယူနေကြတဲ့ သူရဘွဲ့ တွေ....ချီး မြင့်ပွဲ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၃
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)
နိုင်ငံတော်သမ္မတက အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်
ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို အပ်နှင်းလိုက်သည်
သူရဘွဲ့
၁။ ကြည်း ၅၇၉၇၉ ဗိုလ် ကျော်ဇေယျ အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂။ ကြည်း ၅၇၅၁၆ ဗိုလ် သန့်ဇင်ဦး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၃။အမှတ် ၅ဝ၉၅၆၉ တပ်ကြပ်ကြီး သန်းနွဲ့ အမှတ် (၇၇)ခြေလျင်တပ်ရင်း
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
၁။ ကြည်း ၂၇၅၁၈ ဒုတိယဗိုလ်မှူးကြီး တင်မောင်ဦး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၂။ ကြည်း ၃ဝ၂၇၈ ဗိုလ်မှူး ရဲထွဋ် အမှတ် (၉၈)ခြေလျင်တပ်ရင်း
၃။ နခတ - ၁ဝဝ၁၆ ဗိုလ်မှူး စောမြခိုင် အမှတ် (၁ဝ၁၆)နယ်ခြားစောင့်တပ်
၎။ ကြည်း ၃၅ဝ၈၇ ဗိုလ်ကြီး သန်းကျော် အမှတ် (၄)ဝန်တင်တပ်ရင်း
၅။ ကြည်း ၃၉၃၂၂ ဗိုလ်ကြီး ခင်လှဝင်း အမှတ် (၃၂၁)ခြေမြန်တပ်ရင်း
၆။ ကြည်း ၃၉၇၁ဝ ဗိုလ်ကြီး ချစ်ကိုကို အမှတ် (၁ဝ)ခြေလျင်တပ်ရင်း
၇။ ကြည်း ၄ဝ၃၂၇ ဗိုလ်ကြီး အောင်ထွေးဝင်း အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၈။ ကြည်း ၄ဝ၅၉၉ ဗိုလ်ကြီး ရန်နောင်မိုး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၉။ ကြည်း ၄၁၅၅၆ ဗိုလ်ကြီး တင်ဦး အမှတ် (၄၁၅)ခြေမြန်တပ်ရင်း
၁ဝ။အမှတ် ၅၂၇၇၂၈ တပ်ခွဲတပ်ကြပ်ကြီး စောမာရှယ် အမှတ် (၇၇)ခြေလျင်တပ်ရင်း
၁၁။အမှတ် ၆၁၂၅၉၆ တပ်ခွဲတပ်ကြပ်ကြီး မင်းနိုင် အမှတ် (၃၁၇)ခြေမြန်တပ်ရင်း
၁၂။အမှတ် ၆ဝ၉၉၇၆ တပ်ကြပ်ကြီး စိုးနိုင် အမှတ် (၁ဝ)ခြေလျင်တပ်ရင်း
၁၃။အမှတ် ၆၁၉၈၇ဝ တပ်ကြပ်ကြီး ဆန်းဝင်း အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၁၄။အမှတ် ၆၃၁၅၁၆ တပ်ကြပ်ကြီး ရဲမြင့်အောင် အမှတ် (၁၃)ခြေလျင်တပ်ရင်း
၁၅။အမှတ် ၇၇၂၃ဝ၂ တပ်ကြပ်ကြီး ဌေးမောင် အမှတ် (၇၇)ခြေလျင်တပ်ရင်း
၁၆။အမှတ် ၇၇၂၂၆၅ တပ်ကြပ် လှမြင့် အမှတ် (၇၇)ခြေလျင်တပ်ရင်း
၁၇။အမှတ် ၈၆၇၂၉၆ တပ်ကြပ် တင်ငွေ အမှတ် (၄၁၅)ခြေမြန်တပ်ရင်း
၁၈။အမှတ် ၉၁၇ဝ၈၄ ဒုတိယတပ်ကြပ် ရွှေဌေး အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၁၉။ အမှတ်တ-၃၇၄ဝ၅၁ ဒုတိယတပ်ကြပ် လှိုင်မင်းသူ အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂ဝ။ အမှတ်တ-၃၇၆၂၄ဝ ဒုတိယတပ်ကြပ် သော်တာအောင် အမှတ် (၃၁၇)ခြေမြန်တပ်ရင်း
၂၁။ အမှတ်တ-၂၃၁၅၂၆ တပ်သား သူအောင် အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂၂။ အမှတ်တ-၃၂ဝ၂၉၅ တပ်သား မောင်စိုး အမှတ် (၁ဝ)ခြေလျင်တပ်ရင်း
၂၃။ အမှတ်တ-၃၆၅၃၁၉ တပ်သား မျိုးသန့် အမှတ် (၇၈)ခြေလျင်တပ်ရင်း
၂၄။ အမှတ်တ-၄ဝ၄ဝ၅၃ တပ်သား မင်းသူ အမှတ် (၇၇)ခြေလျင်တပ်ရင်း
၂၅။ အမှတ်တ-၄ဝ၆၅၄၆ တပ်သား ငြိမ်းချမ်းအောင် အမှတ် (၇၈)ခြေလျင်တပ်ရင်း
No comments: