**** လက်နက်မဲ့သော သတ္တိရှိသူ များ ***
“သတ္တိရှိတယ်ဆိုတာ လက်ထဲ မှာ လက်နက်ကိုင်ပြီး ကိုယ်လုပ်ချင်တာ လုပ်တာကို ပြောတာ မဟုတ်ဘူး။ လက်ထဲမှာ ဘာလက်နက်မှ မရှိဘဲ ကိုယ်လုပ်ချင်တာ လုပ်ရဲတာ သတ္တိလို့ ခေါ်တယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ၁၉၈၉ ခုနှစ်၊ ဘုန်းမော် ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသားများကို ရဲရဲ တောက် မိန့်ခွန်းပြောခဲ့ပြီး ဘုန်းမော်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ ညှိနှိုင်းကာ လက်ရှိနာယက ဦးတင်ဦးက ဘုန်းမော် ကျဆုံး ခဲ့သည့် မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြောင်း ထိုနေ့မှာပင် ထုတ်ပြန်ကြေညာသည်။
၁၉၈၈ မတ်လ ၁၃ ရက်မှ သည် ၈.၈.၈၈၊ ရှစ်လေးလုံးလူထု တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက် စေခဲ့သည့် စက်မှု တက္ကသိုလ်ကျောင်းသား ဘုန်းမော်မှာ ရန်ကုန်စက်မှု တက္ကသိုလ်၊ ပဉ္စမနှစ် ဓာတုဗေဒ အင်ဂျင်နီယာ တန်း တက်ရောက်နေသူ ဖြစ်ပြီး ညီမ ၁ ယောက်၊ အစ်ကို ၂ ယောက်၊ အစ်မ ၃ ယောက်ဖြင့် လှိုင်တွင် နေထိုင် ခဲ့သည်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မျက်လုံးနက်နက်၊ နှုတ် ခမ်းပါးပါး၊ အေးဆေးရိုးသား၊ စည်းကမ်း လိုက်နာ သော ရှမ်းတိုင်းရင်းသား ဖြစ်သည်။ ဘုန်းမော်သည် ၁၉၈၈ ခုနှစ်၊ မတ် ၁၃ ရက်တွင် တစ်ပါတီ အာဏာရှင် အစိုးရက ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းရမည့်အစား လူအင်အား၊ လက်နက်အား စစ်သွေးစစ် စိတ်ဖြင့် ဖြေရှင်း ခဲ့ခြင်းကြောင့် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ကျဆုံး ခဲ့သည်။
ဖြစ်စဉ်အကျဉ်းမှာ ၁၉၈၈ ခုနှစ်၊ မတ် ၁၂ ရက် ည ၈ နာရီခန့် တွင် အနောက် ကြို့ကုန်း လက်ဖက်ရည် ဆိုင်မှ စတင်ခဲ့သော ကျောင်းသားနှင့် အရပ်သား ပဋိပက္ခနှင့် စပ်လျဉ်းပြီး ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား များက တရားဥပဒေနှင့်အညီ အရေးယူ ဖြေရှင်းပေးရန် တောင်းဆိုမှုကို အာဏာပိုင်များ အနေဖြင့် ကတိကို ချိုးဖောက်ခဲ့ရာမှ ၁၉၈၈၊ မတ် ၁၃ ရက် ည ၇ နာရီခန့်တွင် အခြေအနေများ ပိုမိုတင်းမာ လာသောကြောင့် ည ၉ နာရီခန့်တွင် လုံထိန်း ရဲတပ်ဖွဲ့များ အင်းစိန်လမ်းမကြီး အတိုင်း ရန်ကုန်စက်မှု တက္ကသိုလ်ဘက်သို့ ချီတက် လာပြီး ကျောင်းသား များကို သေနတ်ဖြင့် ချိန်ရွယ်ကာ ဆဲရေးတိုင်းထွာခဲ့သလို မီးသတ်ပိုက်များဖြင့် ဖြိုခွင်း၍ မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုမတ် ၁၃ ရက်တွင်ပင် ဘုန်းမော် ကျဆုံးခဲ့သလို ဘုန်းမော်နည်းတူ၊ စိုးနိုင် (ပဉ္စမနှစ်၊ သတ္တုတူးဖော်ရေး ကျောင်းသား)နှင့် အခြားသော ကျောင်းသားများလည်း ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ ထိုစဉ်က လုံခြုံရေးတပ်များသည် စစ်တပ် မှ အသွင်ပြောင်း လေ့ကျင့်ပေးသူများ ဖြစ်သည့်အတွက် အဓိကရုဏ်း ဖြေရှင်းနည်းကို ကောင်းစွာ သဘောပေါက် နားလည်မှုမရှိဘဲ စစ်နည်းစစ် ဟန်များဖြင့် အခြေအနေကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းခြင်းကြောင့် ၁၉၈၈ မတ်လမှ စတင်၍ ဆက်တိုက် ဆိုသလို ကျောင်းသား လှုပ်ရှားမှုများ၊ လူထုလှုပ်ရှားမှု များဖြစ်ပွားခဲ့ရာ မတ် ၁၆ ရက် တံတားနီအရေးအခင်း၊ မတ် ၁၈ ရက် လူထုလှုပ်ရှားမှု၊ ဇူလိုင် ၂၁ ရက် မြေနီကုန်းအရေးအခင်း၊ ဇူလိုင် ၁၉ အာဇာနည်နေ့ အထိမ်း အမှတ် လှုပ်ရှားမှု၊ ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ် ကျောင်းသား လှုပ်ရှားမှု၊ ၈၈၈၈ လူထု လှုပ်ရှားမှုများဆီသို့ ကူးစက်ဖြစ်ပေါ်စေခဲ့သည်။ သို့ဖြစ် ၍ မတ် ၁၃ ရက်သည် မြန်မာနိုင်ငံရေး အချိုးအကွေ့တွင် သမိုင်းဝင်သည့် နေ့ တစ်နေ့ ဖြစ်ခဲ့သည်။
၁၉၈၈ မတ် ၁၃ ရက်တွင် ဘုန်းမော်ကျဆုံးရခြင်းသည် ထိုခေတ် အခါကအာဏာပိုင်များမှာ ပြဿနာကို ကိုင်တွယ် ဖြေရှင်းရာတွင် အာဏာ အားကိုး၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် အသွင်ဆောင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ မင်းဇေယျာက သုံးသပ်ရာတွင် “ဘုန်းမော် သေခဲ့တာ ဟာ ကျောင်း သားတွေရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ။ အာဏာရှင်တွေဟာ ပြဿနာဖြစ်လာပြီ ဆိုရင် လက်နက်နဲ့ အနိုင်ကျင့်ပြီး ပစ်ခတ်ချေမှုန်းတာ အစဉ်အလာ လို ဖြစ်နေတယ်။ အဲလိုဖြစ်တာကလည်း ဒီမိုကရေစီ မရှိလို့ပါ။ အခုထိလည်း အဲဒီလိုအင်အားသုံး အကြမ်းဖက်ဖြေ ရှင်းနေတာတွေကို တွေ့နေရတယ်။ ကျွန်တော်တို့က အဲဒီလို လုပ်တာတွေ ကို ဘယ်လိုခေတ်၊ ဘယ်လိုစနစ်မှာ ဖြစ်ဖြစ် လက်မခံဘူး။ ဥပဒေ စည်းမျဉ်းစည်းကမ်း ရှိနေပါရဲ့နဲ့ အာဏာပိုင်တွေက လိုသလို အသုံးချနေတာကို ရှုတ်ချတယ်။ ဘုန်းမော် သေဆုံးမှုဟာ ဘာမဟုတ်တဲ့ အကြောင်းကိစ္စ သေးသေးလေးကို မှားယွင်းစွာ သတင်းထိန်ချန်တင်ပြမှု၊ အကြမ်းဖက်လက် နက်သုံး ဖြိုခွင်းမှုကြောင့် မလိုအပ်ဘဲ အဖိုးတန်တဲ့ကျောင်းသားလူငယ်တွေ အသက်ကိုစတေးလိုက်ရတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဒီမိုကရေစီအရေး လူ့အခွင့်အရေး လှုပ်ရှား မှုတွေကို သမိုင်း စာမျက်နှာ စဖွင့်တဲ့ နေ့ဖြစ်လာတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
၁၉၈၉ ခုနှစ် မတ် ၁၃ ရက် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပခဲ့သည့် ဘုန်းမော် နှစ်ပတ်လည် အခမ်းအနား

လူသားရှိနေသမျှ ပြဿနာများသည် ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး ထိုပြဿနာများကို ဖြေရှင်းရာ တွင် လူကို လူချင်းဖြေရှင်းသည့်ပုံစံဖြင့် ညှိညှိနှိုင်းနှိုင်း ဆွေးနွေး အဖြေရှာကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ လည်းကောင်း၊ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေးအား တန်းတူ ညီတူရှိမှုကို အခြေခံသည့် တွေ့ဆုံဆွေး နွေးမှုဖြင့် လည်းကောင်း၊ ချဉ်းကပ် ဖြေရှင်းနိုင်မှသာ စစ်မှန်ပြီး တရားမျှတ ငြိမ်းချမ်းသော နိုင်ငံတော်ဖြစ်လာ မည်ဟု ထာဝရယုံကြည်ကြောင်း ယင်းက ဆိုသည်။
၁၉၈၉ ခုနှစ်၊ မတ် ၁၃ ရက် တွင် ဘုန်းမော် ကျဆုံးမှု တစ်နှစ်ပြည့် အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရဟန်းပျိုများ အဖွဲ့ချုပ် သမဂ္ဂဥက္ကဋ္ဌ၊ ဦးနု၊ ဒေါ်ချိုချိုကျော် ငြိမ်း၊ မိုးသီးဇွန်၊ ဦးသုဝေတို့ တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး နေ့ဟု သတ်မှတ်ခဲ့ကြတာ ယခုကဲ့သို့ ဘုန်းမော် ကျဆုံးခြင်း အခမ်းအနားများ ကို ဆက်တိုက်ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယင်းက ဆက် လက်ပြောကြားရာတွင် “ဘုန်းမော် ကိစ္စ ဖြစ်ပြီး နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်ပေါ်လာတယ်။ မဆလပါတီ ပြုတ်ကျပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ နိုင်ငံဖြစ်ဖို့ မျိုးဆက်တွေဟာ ဘဝတွေ၊ အသက်တွေ၊ အိပ်မက်တွေ စတေးပြီးပေးခဲ့ရတယ်။ အဲဒီလိုလူတွေ ကို လေးစားသလို၊ အခုထိလဲ ဒီလှုပ် ရှားမှုတွေမှာ ပါဝင်ရင်း အမှန်တရား နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် လုပ်ဆောင်ရင်း ဂုဏ်ပြုချင်တာပါ” ဟု ဆိုသည်။
၂ဝ၁၃ ခုနှစ်၊ မတ် ၁၃ ရက် ဘုန်းမော် ကျဆုံးခြင်း ဆဋ္ဌမမြောက် အခမ်းအနားကို ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်း သို့မဟုတ် တော်ဝင်နှင်းဆီတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားလျက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ပါက သူမ၏ မိန့်ခွန်းအသံဖိုင်ဖွင့်ခြင်း၊ ဘုန်းမော် အတ္ထုပ္ပတ္တိအကျဉ်း ဝေငှခြင်းများကို ၈၈၈၈ သမိုင်းအစ ကျဆုံးသွားသည့် ကျောင်းသား အတွက် ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း နှင့် ၈၈၈၈ အရေးတော်ပုံကြီးမှ သည် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲမှုအတွက် ဘုန်းမော်၏ ပါဝင် ပတ်သက်မှု အခန်းကဏ္ဍအား ဂုဏ်ပြုကျေးဇူးတင်သည့် အနေဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်၊ မတ် ၁၃ ရက်မှ သည် ယနေ့မျက်မှောက်ခေတ်အထိ ကျောင်းသားများ၊ မျိုးဆက်များ အဆင့်ဆင့် လက်ဆင့်ကမ်း လာသည့် နှစ်ပေါင်း ၂ဝ ကျော်ကြာ တော်လှန်ရေး ခရီးရှည်ကြီးတွင် မည်သည့်လက်နက်၊ မည်သည့် အင်အားကြီး အထောက်အပံ့မှမရှိဘဲ အသက်သွေးချွေး၊ ဘဝများ စတေးကာ အာဏာရှင်ကို ရဲရဲ ရင့်ရင့် အံတုရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြခြင်း ကြောင့် ဘုန်းမော် ဈာပနကို မပို့ရ၊ ဆွမ်းမသွတ်ရ၊ ကြေးစည်မတီးရ၊ ရေအိုးမခွဲရ စသည်ဖြင့် ကန့်သတ် ဈာပနအဖြစ် ကျင်းပခဲ့ရပြီးသည့် နောက် ဘုန်းမော်၏ အမည်နာမကို လေသံမျှ မဟသော ခေတ်များ ကို ကျော်လွန် ကာ နှစ်ပေါင်း ၂ဝ ကြာ စိတ်ရှည်သည်းခံ ဇွဲသန်စွာ ပေးဆပ် ခဲ့ရသော တော်လှန်မှု၏ အသီးအပွင့် ရလဒ်အဖြစ် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များ အတန်အသင့်ပွင့်လင်းမြင်သာမှုရှိခဲ့ သလို တစ်စထက်တစ်စ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာခြင်း သည် လက်နက်မဲ့သော သတ္တိရှိသူ များ၏ စွမ်းဆောင်မှုများကြောင့်ဟု ဆိုရမည်။
“သတ္တိရှိတယ်ဆိုတာ လက်ထဲ မှာ လက်နက်ကိုင်ပြီး ကိုယ်လုပ်ချင်တာ လုပ်တာကို ပြောတာ မဟုတ်ဘူး။ လက်ထဲမှာ ဘာလက်နက်မှ မရှိဘဲ ကိုယ်လုပ်ချင်တာ လုပ်ရဲတာ သတ္တိလို့ ခေါ်တယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ၁၉၈၉ ခုနှစ်၊ ဘုန်းမော် ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသားများကို ရဲရဲ တောက် မိန့်ခွန်းပြောခဲ့ပြီး ဘုန်းမော်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ ညှိနှိုင်းကာ လက်ရှိနာယက ဦးတင်ဦးက ဘုန်းမော် ကျဆုံး ခဲ့သည့် မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြောင်း ထိုနေ့မှာပင် ထုတ်ပြန်ကြေညာသည်။
၁၉၈၈ မတ်လ ၁၃ ရက်မှ သည် ၈.၈.၈၈၊ ရှစ်လေးလုံးလူထု တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက် စေခဲ့သည့် စက်မှု တက္ကသိုလ်ကျောင်းသား ဘုန်းမော်မှာ ရန်ကုန်စက်မှု တက္ကသိုလ်၊ ပဉ္စမနှစ် ဓာတုဗေဒ အင်ဂျင်နီယာ တန်း တက်ရောက်နေသူ ဖြစ်ပြီး ညီမ ၁ ယောက်၊ အစ်ကို ၂ ယောက်၊ အစ်မ ၃ ယောက်ဖြင့် လှိုင်တွင် နေထိုင် ခဲ့သည်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မျက်လုံးနက်နက်၊ နှုတ် ခမ်းပါးပါး၊ အေးဆေးရိုးသား၊ စည်းကမ်း လိုက်နာ သော ရှမ်းတိုင်းရင်းသား ဖြစ်သည်။ ဘုန်းမော်သည် ၁၉၈၈ ခုနှစ်၊ မတ် ၁၃ ရက်တွင် တစ်ပါတီ အာဏာရှင် အစိုးရက ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းရမည့်အစား လူအင်အား၊ လက်နက်အား စစ်သွေးစစ် စိတ်ဖြင့် ဖြေရှင်း ခဲ့ခြင်းကြောင့် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ကျဆုံး ခဲ့သည်။
ဖြစ်စဉ်အကျဉ်းမှာ ၁၉၈၈ ခုနှစ်၊ မတ် ၁၂ ရက် ည ၈ နာရီခန့် တွင် အနောက် ကြို့ကုန်း လက်ဖက်ရည် ဆိုင်မှ စတင်ခဲ့သော ကျောင်းသားနှင့် အရပ်သား ပဋိပက္ခနှင့် စပ်လျဉ်းပြီး ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား များက တရားဥပဒေနှင့်အညီ အရေးယူ ဖြေရှင်းပေးရန် တောင်းဆိုမှုကို အာဏာပိုင်များ အနေဖြင့် ကတိကို ချိုးဖောက်ခဲ့ရာမှ ၁၉၈၈၊ မတ် ၁၃ ရက် ည ၇ နာရီခန့်တွင် အခြေအနေများ ပိုမိုတင်းမာ လာသောကြောင့် ည ၉ နာရီခန့်တွင် လုံထိန်း ရဲတပ်ဖွဲ့များ အင်းစိန်လမ်းမကြီး အတိုင်း ရန်ကုန်စက်မှု တက္ကသိုလ်ဘက်သို့ ချီတက် လာပြီး ကျောင်းသား များကို သေနတ်ဖြင့် ချိန်ရွယ်ကာ ဆဲရေးတိုင်းထွာခဲ့သလို မီးသတ်ပိုက်များဖြင့် ဖြိုခွင်း၍ မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုမတ် ၁၃ ရက်တွင်ပင် ဘုန်းမော် ကျဆုံးခဲ့သလို ဘုန်းမော်နည်းတူ၊ စိုးနိုင် (ပဉ္စမနှစ်၊ သတ္တုတူးဖော်ရေး ကျောင်းသား)နှင့် အခြားသော ကျောင်းသားများလည်း ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ ထိုစဉ်က လုံခြုံရေးတပ်များသည် စစ်တပ် မှ အသွင်ပြောင်း လေ့ကျင့်ပေးသူများ ဖြစ်သည့်အတွက် အဓိကရုဏ်း ဖြေရှင်းနည်းကို ကောင်းစွာ သဘောပေါက် နားလည်မှုမရှိဘဲ စစ်နည်းစစ် ဟန်များဖြင့် အခြေအနေကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းခြင်းကြောင့် ၁၉၈၈ မတ်လမှ စတင်၍ ဆက်တိုက် ဆိုသလို ကျောင်းသား လှုပ်ရှားမှုများ၊ လူထုလှုပ်ရှားမှု များဖြစ်ပွားခဲ့ရာ မတ် ၁၆ ရက် တံတားနီအရေးအခင်း၊ မတ် ၁၈ ရက် လူထုလှုပ်ရှားမှု၊ ဇူလိုင် ၂၁ ရက် မြေနီကုန်းအရေးအခင်း၊ ဇူလိုင် ၁၉ အာဇာနည်နေ့ အထိမ်း အမှတ် လှုပ်ရှားမှု၊ ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ် ကျောင်းသား လှုပ်ရှားမှု၊ ၈၈၈၈ လူထု လှုပ်ရှားမှုများဆီသို့ ကူးစက်ဖြစ်ပေါ်စေခဲ့သည်။ သို့ဖြစ် ၍ မတ် ၁၃ ရက်သည် မြန်မာနိုင်ငံရေး အချိုးအကွေ့တွင် သမိုင်းဝင်သည့် နေ့ တစ်နေ့ ဖြစ်ခဲ့သည်။
၁၉၈၈ မတ် ၁၃ ရက်တွင် ဘုန်းမော်ကျဆုံးရခြင်းသည် ထိုခေတ် အခါကအာဏာပိုင်များမှာ ပြဿနာကို ကိုင်တွယ် ဖြေရှင်းရာတွင် အာဏာ အားကိုး၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် အသွင်ဆောင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ မင်းဇေယျာက သုံးသပ်ရာတွင် “ဘုန်းမော် သေခဲ့တာ ဟာ ကျောင်း သားတွေရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ။ အာဏာရှင်တွေဟာ ပြဿနာဖြစ်လာပြီ ဆိုရင် လက်နက်နဲ့ အနိုင်ကျင့်ပြီး ပစ်ခတ်ချေမှုန်းတာ အစဉ်အလာ လို ဖြစ်နေတယ်။ အဲလိုဖြစ်တာကလည်း ဒီမိုကရေစီ မရှိလို့ပါ။ အခုထိလည်း အဲဒီလိုအင်အားသုံး အကြမ်းဖက်ဖြေ ရှင်းနေတာတွေကို တွေ့နေရတယ်။ ကျွန်တော်တို့က အဲဒီလို လုပ်တာတွေ ကို ဘယ်လိုခေတ်၊ ဘယ်လိုစနစ်မှာ ဖြစ်ဖြစ် လက်မခံဘူး။ ဥပဒေ စည်းမျဉ်းစည်းကမ်း ရှိနေပါရဲ့နဲ့ အာဏာပိုင်တွေက လိုသလို အသုံးချနေတာကို ရှုတ်ချတယ်။ ဘုန်းမော် သေဆုံးမှုဟာ ဘာမဟုတ်တဲ့ အကြောင်းကိစ္စ သေးသေးလေးကို မှားယွင်းစွာ သတင်းထိန်ချန်တင်ပြမှု၊ အကြမ်းဖက်လက် နက်သုံး ဖြိုခွင်းမှုကြောင့် မလိုအပ်ဘဲ အဖိုးတန်တဲ့ကျောင်းသားလူငယ်တွေ အသက်ကိုစတေးလိုက်ရတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဒီမိုကရေစီအရေး လူ့အခွင့်အရေး လှုပ်ရှား မှုတွေကို သမိုင်း စာမျက်နှာ စဖွင့်တဲ့ နေ့ဖြစ်လာတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
၁၉၈၉ ခုနှစ် မတ် ၁၃ ရက် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်
၁၉၈၉ ခုနှစ် မတ် ၁၃ ရက် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝင်
လူသားရှိနေသမျှ ပြဿနာများသည် ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး ထိုပြဿနာများကို ဖြေရှင်းရာ တွင် လူကို လူချင်းဖြေရှင်းသည့်ပုံစံဖြင့် ညှိညှိနှိုင်းနှိုင်း ဆွေးနွေး အဖြေရှာကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ လည်းကောင်း၊ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေးအား တန်းတူ ညီတူရှိမှုကို အခြေခံသည့် တွေ့ဆုံဆွေး နွေးမှုဖြင့် လည်းကောင်း၊ ချဉ်းကပ် ဖြေရှင်းနိုင်မှသာ စစ်မှန်ပြီး တရားမျှတ ငြိမ်းချမ်းသော နိုင်ငံတော်ဖြစ်လာ မည်ဟု ထာဝရယုံကြည်ကြောင်း ယင်းက ဆိုသည်။
၁၉၈၉ ခုနှစ်၊ မတ် ၁၃ ရက် တွင် ဘုန်းမော် ကျဆုံးမှု တစ်နှစ်ပြည့် အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရဟန်းပျိုများ အဖွဲ့ချုပ် သမဂ္ဂဥက္ကဋ္ဌ၊ ဦးနု၊ ဒေါ်ချိုချိုကျော် ငြိမ်း၊ မိုးသီးဇွန်၊ ဦးသုဝေတို့ တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး နေ့ဟု သတ်မှတ်ခဲ့ကြတာ ယခုကဲ့သို့ ဘုန်းမော် ကျဆုံးခြင်း အခမ်းအနားများ ကို ဆက်တိုက်ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယင်းက ဆက် လက်ပြောကြားရာတွင် “ဘုန်းမော် ကိစ္စ ဖြစ်ပြီး နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်ပေါ်လာတယ်။ မဆလပါတီ ပြုတ်ကျပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ နိုင်ငံဖြစ်ဖို့ မျိုးဆက်တွေဟာ ဘဝတွေ၊ အသက်တွေ၊ အိပ်မက်တွေ စတေးပြီးပေးခဲ့ရတယ်။ အဲဒီလိုလူတွေ ကို လေးစားသလို၊ အခုထိလဲ ဒီလှုပ် ရှားမှုတွေမှာ ပါဝင်ရင်း အမှန်တရား နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် လုပ်ဆောင်ရင်း ဂုဏ်ပြုချင်တာပါ” ဟု ဆိုသည်။
၂ဝ၁၃ ခုနှစ်၊ မတ် ၁၃ ရက် ဘုန်းမော် ကျဆုံးခြင်း ဆဋ္ဌမမြောက် အခမ်းအနားကို ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်း သို့မဟုတ် တော်ဝင်နှင်းဆီတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားလျက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ပါက သူမ၏ မိန့်ခွန်းအသံဖိုင်ဖွင့်ခြင်း၊ ဘုန်းမော် အတ္ထုပ္ပတ္တိအကျဉ်း ဝေငှခြင်းများကို ၈၈၈၈ သမိုင်းအစ ကျဆုံးသွားသည့် ကျောင်းသား အတွက် ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း နှင့် ၈၈၈၈ အရေးတော်ပုံကြီးမှ သည် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲမှုအတွက် ဘုန်းမော်၏ ပါဝင် ပတ်သက်မှု အခန်းကဏ္ဍအား ဂုဏ်ပြုကျေးဇူးတင်သည့် အနေဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်၊ မတ် ၁၃ ရက်မှ သည် ယနေ့မျက်မှောက်ခေတ်အထိ ကျောင်းသားများ၊ မျိုးဆက်များ အဆင့်ဆင့် လက်ဆင့်ကမ်း လာသည့် နှစ်ပေါင်း ၂ဝ ကျော်ကြာ တော်လှန်ရေး ခရီးရှည်ကြီးတွင် မည်သည့်လက်နက်၊ မည်သည့် အင်အားကြီး အထောက်အပံ့မှမရှိဘဲ အသက်သွေးချွေး၊ ဘဝများ စတေးကာ အာဏာရှင်ကို ရဲရဲ ရင့်ရင့် အံတုရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြခြင်း ကြောင့် ဘုန်းမော် ဈာပနကို မပို့ရ၊ ဆွမ်းမသွတ်ရ၊ ကြေးစည်မတီးရ၊ ရေအိုးမခွဲရ စသည်ဖြင့် ကန့်သတ် ဈာပနအဖြစ် ကျင်းပခဲ့ရပြီးသည့် နောက် ဘုန်းမော်၏ အမည်နာမကို လေသံမျှ မဟသော ခေတ်များ ကို ကျော်လွန် ကာ နှစ်ပေါင်း ၂ဝ ကြာ စိတ်ရှည်သည်းခံ ဇွဲသန်စွာ ပေးဆပ် ခဲ့ရသော တော်လှန်မှု၏ အသီးအပွင့် ရလဒ်အဖြစ် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များ အတန်အသင့်ပွင့်လင်းမြင်သာမှုရှိခ
No comments:
Post a Comment