သတိဆိုတဲ့စကားလုံးက
ပါဠိစကားလုံးပါ။ မြန်မာလိုဘာသာမပြန်တော့ဘဲ ဒီအတိုင်းသုံးစွဲ လာရာ က
မြန်မာစကားဖြစ်သွားပြီ လို့ပြောလို့ရပါတယ်။
ထုတ်ကုန်ပစ္စည်းတစ်ခုမှာဖြစ်ဖြစ်၊ ခြံဝက ဆိုင်းဘုတ်မှာဖြစ်ဖြစ်သတိလို့
တွေ့လိုက်တာနဲ့ လူတိုင်းက အာရုံ စိုက်ကြရပါတယ်။ ဘာလဲပေါ့။ ဒီတော့
သတိဆိုတာအာရုံစူးစိုက်တာလို့ ပြောရင်လည်း ရတာပဲ။ လူ့အသိမှာ သာမန်အသိနဲ့
အာရုံ စူးစိုက်ပြီး သိတဲ့အသိနှစ်မျိုးရှိမယ်။ သာမန်အသိကတော့ မိမိရဲ့ မျက်
စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယဆိုတဲ့ အာရုံဝင်ရာတံခါး
၅ပေါက်ကနေဝင်လာတဲ့ အာရုံကို အထူးအာရုံမပြုဘဲ အလိုလို ဖြစ်ပျက်နေမှုသဘော။
မြင်စရာရှိရင် မြင်လိုက်တယ်ဆိုတဲ့ သဘောမျှ။ ဥပမာ- နွားကို မြင်လိုက်တဲ့အခါ
သာမန်အသိနဲ့ဆိုရင် ''သြော်- ဒါ ဟာ နွားပါလား'' လို့ သိရုံသိတယ်။ အထူး
အာရုံစိုက်ပြီး သိတဲ့အသိ။ တစ်နည်းပြောရရင် သတိရှိတဲ့ သတိပါဝင်တဲ့ အသိကတော့
နွား ထီးလား၊ နွားမလား၊ အနီလား၊ အနက်လား၊ နွားလိမ္မာလား၊ ဝှေ့ တတ်တဲ့နွား
လား အစရှိသဖြင့် ဝင် လာတဲ့အာရုံကို သေချာဆန်းစစ် တတ်တဲ့ သဘာဝ ရှိတယ်။
ဘကံ ဘာဖြစ်လို့ သတိကိုဋီကာ ချဲ့နေရတာလဲ။ ဓမ္မကထိကလုပ်မှာလား။ မဟုတ်ပါဘူး။ သတိက အရေးကြီးတဲ့ကိစ္စ ဖြစ်လို့ပါ။ မြန်မာတွေ သတိလက်လွတ်နေတတ်လွန်းလို့ အဘက်ဘက်မှာ ဆုံးရှုံးနေရတာ တွေ မြင်နေရလို့ ကြားနေရလို့။ လောကီကို ကျော်လွန် တဲ့ ချမ်းသာ၊ လောကုတ္တရာချမ်း သာကို (နိဗ္ဗာန်ကို) ရချင်တယ်ဆို ရင် သတိမရှိဘဲ မရနိုင်ဘူး။ သမ္မာ သတိတဲ့။ မှန်ကန်စွာ အောက်မေ့ ခြင်းတဲ့။ သွားရမယ့်၊ လျှောက်ရ မယ့် လမ်းရှစ်သွယ်၊ မဂ္ဂင် ၈ ပါးမှာ ပါတယ်။ အခုပြောချင်တာက လောကုတ္တရာ မဟုတ်သေးပါ။ လောကီအရေး။ သတိမရှိတဲ့လူ၊ကိုယ့်အာရုံမှာဖြစ်ပျက်နေမှုတွေကို ဝေဖန်ဆန်းစစ်မှု၊သချာဂဃသိမြင်မှုမရှိတဲ့လူဟာ ပေါ့ပေါ့နေ ပေါ့ ပေါ့စားလူမျိုး။ မြန်မာအများစုက ဗုဒ္ဓဘာသာ။ ဒါပေမယ့် ဗုဒ္ဓက အ လေးထားတဲ့ သတိကို အလေး မထားဆုံးလူမျိုး။ မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ရတာတွေအစား ဒီမိုက ရေစီနဲ့ ဝေးပြီး အာဏာရှင်စနစ် အောက်မှာ ပြားပြားဝပ် ကြောက်ရွံ့ ခဲ့ရတာ အထိ ဖြစ်ခဲ့သမျှဟာ နိုင်ငံ ရေးသတိ မရှိလို့။ သူတစ်ပါး နိုင်ငံ တွေက ပင်လယ်ကူးသင်္ဘောကြီး တွေ တည်ဆောက်၊ လက်နက်တွေ ထုတ်လုပ်နေကြတာဟာ နယ်မြေ ချဲ့ထွင်ဖို့၊ ဈေးကွက်ချဲ့ထွင်ဖို့ဆို တာ သတိမထားခဲ့လို့ ဘုရင်ခေတ် ကတည်းက ကိုယ်ကလည်း စစ် တပ်အင်အား တောင့်တင်းတဲ့အခါ နယ်မြေကျူးကျော်ပြီး စစ်တိုက်ခဲ့ တာပဲ။ သူများလည်း စစ်အင်အား တောင့်တင်းတဲ့အခါ ကိုယ့်နယ်မြေ ကို ကျူးကျော်လာနိုင်တယ်ဆိုတာ သတိမထားမိလို့။ အရင်ခေတ်တုန်းက လက်နက်နဲ့ စစ်အင်အားနဲ့ နယ် မြေတစ်ခုကို ကျူးကျော် ဝင်ရောက် တာ။ အခု ၂၁ ရာစုခေတ်မှာ သာ မန်အရပ်သူ အရပ်သားတွေက ငွေဆိုတဲ့ လက်နက်နဲ့ ဝင်ရောက် လာတာ။ အင်အားနည်းတဲ့လူက အမြိုခံရမှာပဲ။ ဒါ မြန်မာနိုင်ငံ မြန် မာတွေအများစု နေထိုင်တာဆိုပြီး ပေါ့ပေါ့တွေး၊ ပေါ့ပေါ့နေကြရင် ကမ္ဘာဦးက ဒိုင်နိုဆော သတ္တဝါကြီး တွေ မျိုးတုံးပျောက်ကွယ်သလို မြန်မာလူမျိုး၊ မြန်မာနိုင်ငံဆိုတာ ပျောက်ကွယ်ရမှာ။ အင်အားဆို တာ ပမာဏကိုသာ ကြည့်ရမှာ မဟုတ်ဘူး။ အရည်အသွေးကိုပါ ကြည့်ရမှာ။ တရုတ်သိုင်းကားထဲက လိုလက်တစ်ဖက်နဲ့ ဒေးဗစ်ချန်းကလူတစ်ရာနဲ့တိုက်လည်း ဒေး ဗစ်ချန်းက နိုင်တာဟာ အရည်အ သွေးကြောင့်။ ဒါကြောင့် မြန်မာ တွေဟာ အရည်အသွေး ရှိမှ ဖြစ် မယ်ဆိုတာ သိထားမှ၊ သတိထား မှ။ အရည်အသွေးမပြည့်ဝတဲ့ လူ မျိုးကို အရည်အသွေးရှိတဲ့ လူမျိုး က အလွယ်လေး မြိုသွားမှာ။ အခု ပဲ မြန်မာတွေက ကိုယ့်ပြည်၊ ကိုယ့် ရွာပေါ်မှာနေပြီး နိုင်ငံခြားသားတွေ ရဲ့ လုပ်ငန်းမှာ အခိုင်းခံတွေ ဖြစ် နေပြီ။ လူမျိုးရေး သတိမရှိသူ။ လောကီနဲ့ လောကုတ္တရာမကွဲသူ။ လောကီထဲမှာ နေထိုင် သမျှတော့ လောကီအမြင်၊ လော ကီအကျင့် ရှိရမှာပဲ။ လူရယ်လို့ ဖြစ်လာရင် သတ်မှတ်ချက်တွေ ရှိ တယ်။ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ စတာတွေဟာ လူတစ်ဦးရဲ့ သတ် မှတ်ချက်-ှိုနညအငအပ ပဲ။ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကြိုးစားရင်တော့ အဲဒီသတ်မှတ်ချက် (ပညတ်) အား လုံးကို ခွာချပစ်ရတာ။ ဒီလိုဆိုတော့ နိုင်ငံခြား သားကို မုန်းတီးရမှာလား။ နိုင်ငံ ခြားသားတွေကို မောင်းထုတ်ပြီး မြန်မာတွေချည်း သီးသန့်နေရမှာ လား။ ဒီလိုလည်း မဟုတ်ဘူး။ သိ ဖို့၊သတိရှိဖို့၊ လူမျိုးရေး သတိရှိဖို့။ ကိုယ့်ဆီကိုရောက်လာတဲ့ နိုင်ငံခြားသားဟာ ဘယ်လိုလူစား လဲ၊ ဘယ်လိုအတွေးအခေါ်ရှိသလဲ၊ ဘယ်လိုအမူအကျင့်(အနေအ ထိုင်) ရှိသလဲသိရမယ်။ သာမန် အသိနဲ့ သိရုံ မဟုတ်ဘူး။ နွားပဲလို့ မြင်ရုံနဲ့ မရဘူး။ အနီလား၊ အနက် လား၊ ချိုနဲ့လား၊ ဝှေ့တတ်လား ဆို တာတွေကိုပါ သိရမယ်။ သတိနဲ့ မြင်တဲ့အမြင်နဲ့ ကြည့်ရမှာ။ ဒါတွေ ဟာ ကိုယ့်ပတ်ဝန်းကျင်ထဲကို ဝင် လာပြီဆိုတော့ ကိုယ်နဲ့ပတ်သက် ဆက်ဆံရတော့မှာ။ အကျင့်စရိုက် တွေ မတူတဲ့ လူမျိုးတွေ အား ကောင်းလာတဲ့အခါ ကိုယ်ပဲ အနေ ကြုံ့ရမှာ။ ပမာဏ အင်အားနဲ့ မ ဟုတ်ဘဲ အရည်အသွေးအင်အား နဲ့ ကိုယ့်ကို မြိုသွားတာခံရမှာ။ အ ခိုင်းအစေခံဘဝ၊ ကြိုက်သည် မ ကြိုက်သည် ငြင်းဆန်ခွင့်မရှိဘဲ အ မိန့်ကို နာခံရတဲ့ဘဝ ရောက်မှာ။ ကမ္ဘာ့နိုင်ငံရေးလောက မှာ အင်အားချိန်ခွင်လျှာဆိုတာ ရှိ တယ်။ အမေရိကန်နဲ့ ဆိုဗီယက် အင်အားကြီးနိုင်ငံနှစ်ခု စစ်လက် နက်တွေ အပြိုင်တီထွင်ထုတ်လုပ် ပြီး အင်အားချိန်ခွင်လျှာ ညှိခဲ့ကြဖူး တယ်။ တကယ် စစ်မတိုက်ဘဲ ချိန် ခွင်လျှာ ညှိကြတာ။ မင်းလုပ်မယ် ဆိုရင် ငါလည်း လုပ်နိုင်တယ်။ ငြိမ် ခံမှာတော့ မဟုတ်ဘူး။ အရှုံးပေး လက်မြှောက်မှာတော့ မဟုတ်ဘူး ဆိုတဲ့သဘော။ မြန်မာတွေရော၊ နိုင်ငံ ခြားသားတွေနဲ့ စီးပွားရေးချိန်ခွင် လျှာ ညှိနိုင်ကြရဲ့လား။ မညှိနိုင်ရင် ဘာကြောင့်လဲ၊ သူတို့ဘာကြောင့် အင်အားကြီးသွားရတာလဲ။ သိပါ၊ ကြည့်ပါ။သတိနဲ့ကြည့်၊သတိနဲ့သိ။ သတိနဲ့ မကြည့်၊ သတိ နဲ့ မသိခဲ့လို့ အင်အားချင်း အဆ မတန် ကွာခြားသွားတဲ့အခါ အင် အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်တဲ့အခါ မခံရပ်နိုင်တဲ့ အဆုံးကျမှ ပေါက်ကွဲရတာဟာ မ ကောင်းဘူး။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ချည်း ပေါက်နေ ကြရတယ်။ နိုင်ငံရေးမှာ ဒီလိုပဲ။ အာဏာရှင်စနစ်ရဲ့ အစပျိုးကာလ တွေမှာ သတိမရှိခဲ့လို့ အသိနဲ့ မ မြင်တတ်ခဲ့လို့၊ သတိနဲ့ မမြင်တတ် ခဲ့လို့ အာဏာရှင်စနစ် အမြစ်တွယ် လာ၊ အပင်ကြီးထွားလာ အသီးတွေ ခါးကာမှ အသက်သွေး၊ ချွေးတွေ ပေးပြီး ခုတ်လှဲကြရတာ။ တချို့ သူရဲကောင်းဖြစ်၊ တချို့ ဘဝပျက်။ ဘာသာရေးလည်း အတူ တူပဲ။ ဘီစကစ်လေးတစ်ချပ်၊ ဆွမ်း လေးလက်တစ်ဆုပ်လောက်၊သောက် တော်ရေလေးတစ်ခွက်လောက်ကပ်၊ ဘာအဓိပ္ပာယ်ရယ်လို့မသိတဲ့ ပါဠိ စကားတွေ ရွတ်ဖတ်၊ အနက် အဓိပ္ပာယ်က ရှိပြီးသား။ အဲဒါကို သိအောင် မလုပ်တာ၊ ရင်ထဲက မပါတဲ့ သတ္တဝါတွေ ချမ်းသာပါစေ၊ မေတ္တာပို့လောက်နဲ့ ဗုဒ္ဓအလိုကျ ဘာသာရေး ဖြစ်ပေါ်မှာမဟုတ် ဘူး။ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်လာမှာ မဟုတ်ဘူး။ သိပြီးမှ လုပ်ရမယ်။ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သတိ အမြဲကပ်နေရမယ်။ ကြောင်းကျိုး တရားကို သတိနဲ့ အမြဲသိနေပြီး လုပ်နေမှ ဒါမှ ဗုဒ္ဓအလိုကျ။ ဗုဒ္ဓ က သူ့ကို ရှိခိုးကော်ရော် ပူဇော်နေ ဖို့ မပြောခဲ့ဘူး။ သူဟောပြောတဲ့ အတိုင်း ကျင့်ကြံစေချင်တာ။ ဗုဒ္ဓ ရဲ့သင်္ကန်းကို တရွတ်ဆွဲလိုက်နေတဲ့ ဗုဒ္ဓရဲ့အသွင်သဏ္ဌာန်ကိုသာ ကြည် ညိုနေတဲ့ ရဟန်းတစ်ပါးကို ဗုဒ္ဓက ကဲ့ရဲ့ရှုတ်ချတော်မူဖူးတယ်။ မင်း တို့ကိုယ်တိုင် ကျင့်ကြံကြတဲ့။အတ္တာ ဟိ အတ္တနောဝါဒ။ အဲဒီလို ဗုဒ္ဓကို ကြည်ညိုပါတယ်ဆိုတဲ့ လူတွေထဲ မှာ လူတွေအများကြီးကို မပြောနဲ့။ လူတစ်ယောက်ရဲ့ဘဝ၊ မိသားစု တစ်စုရဲ့ဘဝကို အဆင်ပြေပါစေ၊ ချမ်းမြေ့ပါစေလို့ ကယ်တင်ဖူးသူ ရှိသလား။ ကယ်တင်တာ၊ ကူညီ တာ ခဏထားဦး။ ငါတို့ ဗုဒ္ဓဘာ သာလူမျိုးတစ်ဦး မြန်မာတစ်ဦး ကြီးပွားချမ်းသာနေပါလားဆိုတဲ့ အသိနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ဖူး လား။ မုဒိတာကိုပြောတာ။အဲဒီကြီးပွားတဲ့ဗုဒ္ဓဘာသာဝင်ကတခြားဗုဒ္ဓဘာသာဝင်တွေကြီးပွားချမ်းသာဖို့၊မလုပ်ပေးလို့လည်းဝမ်းမသာနိုင်တာ ဖြစ်နေမလား။ တခြားဘာသာဝင်တွေကတော့ လူ သာကောင်းပါစေ။ ရိုးသား ကြိုးစား ပါစေ။ ငါတို့ ဘာသာဝင်တွေ ငါ တို့ လူမျိုးတွေ ကြီးပွားရမယ်လို့ ခံယူချက် ရှိကြတာတော့ ကြားဖူး၊ ကြုံဖူးတယ်။ ဘာသာရေးအသိ၊ လူ မျိုးရေးအသိ၊ စီးပွားရေးအသိ၊ နိုင်ငံ ရေးအသိ၊ သတိ ... သတိ ... သတိနဲ့ သိကြပါ။ |
Tuesday, April 2, 2013
သတိ
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment