Tuesday, April 2, 2013

ရဲဘော်သုံးကျိပ် သွေးဖောက်သစ္စာဆိုတဲ့နေ့ တပ်မတော်နေ့ ဖြစ်သင့်မဖြစ်သင့်


 
''တက္ကသိုလ်စိန်တင်ရဲ့ အမြင်ကို ပြောပြပါဦး။ တပ်မတော် နေ့ကို မတ်လ ၂၇ ရက်နေ့မှာပဲ ကျင်းပသင့်သလား။ ဒါမှမဟုတ် ယိုးဒယားနိုင်ငံမှာ ဗမာ့လွတ်လပ် ရေးတပ်တော် ဖွဲ့စည်းပြီး ရဲဘော် သုံးကျိပ်တို့ လက်မောင်းသွေး ဖောက် သစ္စာဆိုတဲ့နေ့ ၁၉၄၁-ခု နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ စနေ နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်သင့်သလား''
''အဲဒီမေးခွန်းကို ဖြေရ မယ့် သူဟာ အသိပညာကျယ်ဝန်း တဲ့ နိုင်ငံသမိုင်းပညာရှင်ပဲ ဖြစ်သင့် တယ်။ တက္ကသိုလ်စိန်တင်တို့လို သာမန်စာရေးဆရာကြီးတစ်ဦးအနေ နဲ့ ဖြေဆိုဖို့ မလွယ်ကူသေးပါဘူး ဗျာ''
''ဟဲ- ဟဲ- တက္ကသိုလ် စိန်တင်က အရှောင်အတိမ်း ဂျက် စီဂျိမ်းကိုလည်း ကျွမ်းကျင်လိမ္မာသူ ပေကိုး။ ထားပါဗျာ။ တပ်မတော် နေ့ကို ရဲဘော်သုံးကျိပ်တို့ လက် မောင်းသွေးဖောက် သစ္စာဆိုပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်- Burma Independence Army-B.I.A ထူထောင်တဲ့နေ့ သတ်မှတ်ဖို့ သင့်ကြောင်း၊ယခုတလော နိုင်ငံ ရေးလောကမှာ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတဲ့ သတင်းတွေ ကြား နေရတယ်။ အဲဒီတော့ ယိုးဒယား နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲ ဘော်သုံးကျိပ်တို့ လက်မောင်းသွေး ဖောက် သစ္စာဆိုကြတဲ့ ၂၇-၁၂-၁၉၄၁ နေ့ကအကြောင်း သိပါရ စေ။ ကြားချင်တယ်''
''ကြားချင်ရင် နားဆင်ပါ ဗျာ''
(၂)
ကိုရီးယားရုပ်ရှင်ဇာတ် ကားကောင်းနေတုန်း ကြော်ငြာဝင် ခြင်းတော့ မဟုတ်ပါ။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ အကြောင်း ပြောကြလျှင် ခိုင်မာ သော အထောက်အထားဖြစ်စေ ချင်၍ တက္ကသိုလ်စိန်တင် ရေးသားပြုစုသော မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပထ မအကြိမ် ပုံနှိပ်ခြင်း ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလ စာမျက်နှာ ၁၃၃ ကို အထောက်အထားပြု တင်ပြပါ တော့မည်။
(၃)
ဗမာ့လွတ်လပ်ရေးတပ် မတော်ကြီး ၁၉၄၁-ခုနှစ်က ဖွဲ့ စည်းကြပုံကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်က သူကိုယ်တိုင် ရေး သားပြုစုသော ဗိုလ်ချုပ်အောင် ဆန်းနှင့် ရဲဘော်သုံးကျိပ် အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း မှတ်သားဖော်ပြ၏။
ယိုးဒယားနိုင်ငံ ဘန် ကောက်မြို့ရှိ ရဲဘော်သုံးကျိပ်တို့ စုဝေးရာ ဌာနချုပ်တွင် ဗမာ့လွတ် လပ်ရေးအတွက်ကူညီတိုက်ခိုက် ပေးကြမည့် ကာနယ်ဆူဇူကီး (ဗိုလ် မိုးကြိုး) အမှူးရှိသော ဂျပန်စစ်တပ် မှ ဆရာကြီး၊ ဆရာလေးနှင့် ဗမာ့ တပ်မတော်သို့ ဝင်ရောက်ကြမည့် ရဲဘော် ၇၄ ဦး စုံညီရောက်ရှိကြ သောအခါ စုဆောင်းပြီးသော စစ် သားများအား စစ်ပညာ သင်ကြား ပေးရေးအတွက် စတင်စိုင်းပြင်းကြ သည်။ စစ်သားစုဆောင်းရာတွင် ဘန်ကောက်၊ မဲဆောက်၊ လန်းပန်း၊ ကမ်ဘူရီ၊ ဇင်းမယ်မြို့များသို့ ရဲဘော်သုံးကျိပ်ဝင်များ သွားရောက်လှုံ့ဆော်တရားပွဲ များကျင်းပရာ ထိုမြို့များရှိ မြန်မာသွေးပါသော ရဲဘော်များ လာရောက်စုရုံး၍ ဗမာ့ လွတ်လပ်ရေးတပ်မတော်သို့ ဝင် ရောက်ကြသည်။တပ်တွင် စာရင်း သွင်းပြီး ရဲဘော်တို့အား ချက်ချင်း စုရုံးစေပြီး စစ်ပညာများ သင်ကြား ပေးကြသည်။
ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မင်းခေါင်တို့အဖွဲ့သည်ဘန်ကောက်မြို့ဆရာဝန်ကြီးဦးလွန်းဖေ၏ အိမ်သို့ဝင်သွားကြရာ အခန်းတွင်း၌ ရောက်ရှိနေ ကြသော လူဦးရေ ၂ဝဝ ခန့်က ဝမ်းပန်းတ သာ ထရပ်ကြပြီး ဒို့ဗမာ၊ ဒို့ဗမာ ဟူသော ကြွေးကြော်သံဖြင့် နှုတ် ဆက်ကြိုဆိုကြသည်။
အစည်းအဝေးသို့ တက် ရောက်လာကြသော ရဲဘော်များကို ဦးလွန်းဖေက မိတ်ဆက်စကား ပြောကြားပြီးနောက် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) က မတ် တတ်ရပ်ပြီး ကြိုဆိုမိန့်ခွန်းစကား ပြောကြားသည်မှာ ဤသို့။ ''ယခု ကဲ့သို့ ရဲဘော်တို့ စိတ်အားထက် သန်ပြီး တက်ရောက်ကြလို့ ဝမ်း မြောက်တယ်။ ကျွန်တော့်နာမည် က ဗိုလ်တေဇ ဖြစ်တယ်။ ကျန်တဲ့ ဗိုလ်တွေကတော့ ဗိုလ်လက်ျာ၊ ဗိုလ်မင်းခေါင်၊ ဗိုလ်စောနောင်တို့ ပါပဲ။ မြန်မာပြည်က ဂျပန်ပြည်ကို လျှို့ဝှက်ထွက်ခွာပြီး မြန်မာ့လွတ် လပ်ရေးတိုက်ပွဲအတွက် စစ်ရေး ပညာများ သင်ယူခဲ့ကြသူများ ဖြစ် တယ်။ ကျွန်တော်တို့အားလုံးဟာ တိုင်းပြည်ကို ချစ်ကြတဲ့ ကျောင်း သားသမဂ္ဂဝင်များ၊ သခင်လူငယ် များ ဖြစ်ကြတယ်။
ကျွန်တော် စကားများများ မပြောတတ်ဘူး။ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဟာ နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ခိုက်ကြဖို့ပဲ ဖြစ် တယ်။ တစ်နည်းပြောရရင် ဗမာ့ လွတ်လပ်ရေးအတွက် ဗိုလ်ဝင်ခံ ကြတာပဲ။ အင်္ဂလိပ်နယ်ချဲ့သမား တွေက စစ်ပွဲကြီးသုံးပွဲ၊ ပထမစစ်ပွဲ၊ ဒုတိယစစ်ပွဲ၊ တတိယစစ်ပွဲတိုက်ပြီး ဗမာပြည်ကို သိမ်းယူသွားတယ်။ အင်္ဂလိပ်နယ်ချဲ့တွေက လက်နက် အားကိုးနဲ့ ဝင်တိုက်ပြီး သွေးစုပ်ကြ လို့ ဗမာတွေ လူမွေးလူတောင် မ ပြောင်ဖြစ်ရတယ်။ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေက နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်တိုက် ခိုက်ခဲ့ပေမယ့် လက်နက်အင်အား ချင်း မမျှလို့ မအောင်မြင်ခဲ့ဘူး။
ယခု ကျွန်တော်တို့ ချို့ ယွင်းချို့တဲ့နေတဲ့လုပ်ငန်း ပြည့်စုံ အောင် လုပ်လာခဲ့ပြီ။ လက်နက် လည်း ယှဉ်နိုင်ပြီ။ လူလည်း စစ် ပညာ တတ်ခဲ့ပြီ။ ထက်မြက်တဲ့ လက်နက်တွေ ပါလာပြီ။ ဂျပန် တပ်မတော်ရဲ့ အကူအညီလည်း ရ ခဲ့ပြီ။ နေမဝင်အင်ပါယာလို့ ကြုံး ဝါးနေတဲ့ နယ်ချဲ့အင်္ဂလိပ်စစ်တပ် ကြီးကို ကျွန်တော်တို့ တိုက်ခိုက် ကြတော့မယ်။ တိုက်နိုင်အောင် လည်း ဒီနေ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဖွဲ့စည်းခြင်းဖြစ် တယ်။ ကိုယ့်တိုင်းပြည်၊ နယ်ချဲ့ ကျွန်ဘဝက လွတ်ဖို့ အင်္ဂလိပ်ကို တိုက်ကြမလား''
တပ်မတော်ဝင်မည့် ရဲ ဘော်များ ''တိုက်မယ်၊ တိုက်မယ်''
ဗမာ့လွတ်လပ်ရေး တပ် မတော်သားတို့ ညီညာစွာ ဟစ် အော်ပြောဆိုလိုက်သော 'တိုက် မယ်' အသံကြီးသည် အဆောက် အအုံကြီးအမိုးကို ဖောက်ထွင်း ထွက်သွားသည့်နှယ် သိမ့်သိမ့်တုန် သွားလေ၏။ ခဏအကြာတွင် ယိုး ဒယားပြည်ရောက် မြန်မာလူငယ် များ စုရုံးလာရောက်၍ စာရင်းသွင်း ကြရာ တပ်မတော်သား ၇ဝ ခန့် ဖြစ်သွား၏။
ဗိုလ်တေဇက ဆက် ပြော၏။ ''ကျွန်တော်တို့လည်း အ လောင်းမင်းတရားကြီးထုံးကို နှလုံး မူပြီးတော့ တိုင်းပြည်လွတ်လပ်ရေး အတွက် အသက်သေသေ စွန့်စား ကြမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ရဲဘော် တွေအားလုံး လက်မောင်းသွေး ဖောက်ပြီး သစ္စာပြုကြပါစို့''
ဗိုလ်တေဇက ဆရာဝန် ကြီး ဦးလွန်းဖေအား ''ကျွန်တော် တို့ လက်မောင်းသွေးဖောက် သောက်ပြီး သစ္စာဆိုကြမယ်'' ဟု ပြောလိုက်ရာ ဦးလွန်းဖေက ငွေဖ လားကြီးတစ်လုံး၊ လက်မောင်းသွေး ဖောက်ယူရန် ဆေးထိုးအပ်များ ပြင်ဆင်ပြီးလျှင် မြန်မာပြည် လွတ် လပ်ရေး တိုက်ပွဲဝင်ကြမည့် ရဲဘော် များအားလုံး ရဲဘော်သုံးကျိပ်ဝင် များ ဦးဆောင်လျက် လက်မောင်း သွေး ဖောက်ယူကြသည်။ ထိုသို့ လက်မောင်းသွေး ဖောက်ရာတွင် ပထမဆုံး ဗိုလ်တေဇ (သခင် အောင်ဆန်း)နှင့် ဗိုလ်လက်ျာ၊ ဗိုလ် မင်းခေါင်၊ ဗိုလ်စောနောင် စသည့် ရဲဘော်သုံးကျိပ်များက ခေါင်း ဆောင်ကြသည်။ ထို့နောက် ဗမာ့ လွတ်လပ်ရေးတပ်မတော်သားများ အားလုံး သွေးများဖောက်ထည့်ကြ ပြီးလျှင် ဗိုလ်တေဇက လက်မောင်း သွေးများ ထည့်ထားသော ငွေဖ လားကိုကိုင်၍ ''ငါတို့သည် ယနေ့ မှစ၍ မြန်မာပြည်ကြီး လွတ်လပ် ရေးအတွက် မကြောက်မရွံ့၊ မတွန့် မဆုတ် တိုက်ပွဲဝင်မည်ဟု သစ္စာ အဓိဋ္ဌာန် ပြုသည်'' ဟု ရွတ်ဆို၍ သွေးကို စတင်သောက်၏။ ကျန် သော ရဲဘော်သုံးကျိပ်ဝင်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သား များလည်း ရဲရဲဝံ့ဝံ့ သစ္စာဆိုကြပြီး လက်မောင်သွေးများကို သောက် ကြလေ၏။
ထိုနေ့ကား ၁၉၄၁-ခု နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဖြစ် သတည်း။ ဤသွေးသောက်ပွဲတွင် ရဲဝံ့စွာ သစ္စာဆိုခဲ့ကြသည့်အတိုင်း မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲ ကြီးကို ရေတပ်စစ်ကြောင်း၊ မော် လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ် ကြောင်း စစ်ကြောင်းကြီးသုံးလမ်း ချီတက်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိ သျှနယ်ချဲ့စစ်တပ်ကြီးများသည် ဗိုလ်တေဇ (သခင်အောင်ဆန်း) ခေါင်းဆောင်သော ဗမာ့လွတ်လပ် ရေးတပ်မတော်ကြီးနှင့် အတူ ဂျပန် စစ်တပ်ကြီးကို ဘယ်နေရာ ဘယ် ဌာန ဘယ်မြို့မှာမှ မယှဉ်နိုင်တော့ ဘဲ အလဲလဲ အကွဲကွဲ ဆုတ်ခွာ ထွက်ပြေးခဲ့ရလေသည်။
(၄)
''တက္ကသိုလ်စိန်တင် ရှင်းပြလို့ ယိုးဒယားနိုင်ငံ ဘန် ကောက်မြို့မှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဗိုလ်တေဇကိုယ် တိုင် ဦးစီးပြီး ၂၇-၁၂-၁၉၄၁ နေ့ က ဖွဲ့စည်း၊ ရဲဘော်သုံးကျိပ်ဝင်တို့ ပါဝင်တဲ့ လက်မောင်းသွေးဖောက် သစ္စာအဓိဋ္ဌာန်ပြုပွဲကြီးကို သိရပါ ပြီ''
''တပ်မတော်နေ့ကို မတ်လ ၂၇ ရက်နေ့ လုပ်မှာလား၊ ဒီဇင်ဘာ ၂၇ ရက်နေ့ လုပ်သင့်သ လား အားလုံးဝိုင်းပြီး စဉ်းစားကြရ မှာပဲ''
တက္ကသိုလ်စိန်တင်
 

No comments: