၂၁-၃-၂၀၁၃ရက်နေ့၊
၁၈၂၃ အချိန်တွင် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့် သည်
မန္တလေးတိုင်း ၀န်ကြီးချုပ်နှင့် အတူ မိတ္ထီလာမြို့၊ ဒဟတ်တန်း ရပ်ကွက်အတွင်း
အစ္စလာမ်ဘာသာဝင်တို့၏ အိမ်များ မီးလောင်နေမှုကို လိုက်လံကြည့် ရှုခဲ့ပါသည်။
ပြည်ထောင်စု ၀န်ကြီး သည် မန္တလေး-ရန်ကုန် ကားလမ်းဟောင်းပေါ်တွင် လုံခြုံရေးယူ
ပေးပါရန် မေတ္တာ ရပ်ခံနေသော အစ္စလာမ်ဘာသာဝင် ၆၀၀ ဦးခန့်အား မိတ္ထီလာ
ခရိုင်အားကစားကွင်း အတွင်းသို့ အစ္စလာမ်ဘာသာဝင်များနှင့်
အတူလမ်းလျှောက်လိုက်ပါ ပို့ဆောင် ခဲ့ပါသည်။ ထို့နောက် မိတ္ထီလာ
ခရိုင်အားကစားကွင်းအတွင်း၌ အစ္စလာမ်ဘာသာဝင် ၆၀၀ ဦးအားတွေ့ဆုံ၍
လတ်တလောဖြစ်ပျက်နေသော အခြေအနေတို့သည် ဈေးရောင်း ဈေးဝယ်ရာမှ အခန့်မသင့်၍
ဖြစ်သော ပြဿနာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေးနှင့်ပတ်သက်မှုမရှိကြောင်း၊
မိတ္ထီလာခရိုင်အားကစားကွင်း အတွင်း၌နေရာချထားခြင်းသည် လုံခြုံရေး
အရဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့်လည်း အားကစားကွင်း အတွင်း၌သာ
နေစေလိုကြောင်း၊ ပြင်ပသို့ထွက်ခွာလိုပါက လုံခြုံရေးတာဝန်ရှိ သူများကို
သတင်းပို့ပြီးမှ သွားစေလိုကြောင်း၊ အဖွဲ့အလိုက်
ခေါင်းဆောင်များဖွဲ့စည်းဆောင်ရွက်ထား စေလိုကြောင်း၊ ကိစ္စရပ်များအားလုံး
တည်ငြိမ်အေးချမ်းစေရန် မန္တလေးတိုင်းဒေသကြီး အစိုရအဖွဲ့မှ နယ်စပ်ရေးရာနှင့်
လုံခြုံရေးရာဝန်ကြီး၊ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ၀မ်းတော်ပြည့်ဆရာတော်
ဦးစန္ဒောဘာသ၊ သာသနာ့ဝေပုလ္လဆရာတော်တို့ကလည်း ၀ိုင်းဝန်း ကူညီဆောင်ရွက်
ပေးနေပါကြောင်း၊ စားရေးသောက်ရေးတို့ကိုလည်း တတ်စွမ်း သမျှဖြည့်ဆည်း
ပေးမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း မေတ္တာရှေ့ထားစေလိုကြောင်း
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ |
No comments:
Post a Comment