Tuesday, July 16, 2013

မြန်မာနိုငင်ငံအလယ်ပို်င်းမိုးရနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်းတွေနဲ့လယ်ကွင်းတွေ ရေဖုံးလွှမ်းနိုင်

မြန်မာနိုငင်ငံအလယ်ပို်င်းမိုးရနိုင်ပြီး
မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်းတွေနဲ့လယ်ကွင်းတွေ ရေဖုံးလွှမ်းနိုင်မယ့်
အခြေအနေတစ်ရပ် ဇူလိုင်လအတွင်း ကြုံတွေ့ရဖွယ်ရှိနေပါတယ်။

Weather Update တွေကတော့
(၁)လာမယ့်ဇူလိုင်လ(၁၇)ရက်ကနေ (၃၀)ရက်နေ့အထိကာလကတော့ မိုးကောင်းပြီး စွတ်စိုမယ့်ကာလ (Wet Spell Period ) ဖြစ်ပါလိမ့်မယ်။ ဒီကာလအတွင်. ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနိုင်တဲ့ အပြင် တောင်တရုတ်ပင်လယ်မှာ တိုင်ဖွန်းမုန်တိုင်းများလည်း ပိုမိုဖြစ်နိုင်တာကြောင့် မြန်မာနိုင်ငံမှာ မိုးပိုရနိုင်ပါလိမ့်မယ်။

(၂) (၁၇-၇-၂၀၁၃)ရက် နံနက်(၃)နာရီခွဲအချိန်တွင် ဖြစ်ပေါ်နေသောရေဖုံး လွှမ်းနိုင်မှု အလားအလာကို နာဆာဂြိုဟ်တုများမ လေ့လာချက်အရ မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ်ဒေသ များဖြစ်ကြတဲ့ ဧရာဝတိတိုင်း၊ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းတို့ မှာ ရေဖုံးလွှမ်းနိုင်မှုအလားအလာများ တစ်န့ထက်တစ်နေ့တိုးနေပြီး လက်ရှိအခြေအနေမှာ အလားအလာ မြင့်မားနေတာကိုတွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေတွေလည်း စတက်နေပြီဖြစ်ပါတယ်။

(၃) ကမ္ဘာကျော် အမေရိကန်နိုင်ငံမှ NOAA နဲ့ IRI အဖွဲ့ကြီးများကလည်း လာမယ့်ဇူလိုင်လအကုန်အထိ မိုးလေ၀သခန့်မှန်းချက်မှာ တောင်တရုတ် ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်ထက်ပိုနိုင်ပြီး မိုးရွာသွန်းမှုကလည်း ရွာသွန်းမြဲထက်ပိုမယ်လို့ ခန့်မှန်းထားပါတယ်။

(၄) မစွန်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်း ငြိနေပြီပေါ့ဗျာ။
မြန်မာနိုင်ငံမှာ ဒီနှစ်လက်ရှိကာလမှာ ကျွန်တော် အစိုးရိမ်ဆုံးကတော့ ရေကြီးမှုပါဘဲ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ တရုတ်၊ ဘဂ်လာဒဒေ့ရှ်၊ ထိုင်း
နိုင်ငံတွေမှာ ရေကြီူမှုဘေးတွေ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

No comments: