Thursday, July 18, 2013

ငတုံးတွေတင်မကပဲ ငအတွေပါ ဖြစ်ကုန်လို့

 
 
ငတုံးတွေတင်မကပဲ ငအတွေပါ ဖြစ်ကုန်လို့
စိန်ပြောင်တယောက် ဗြိတိန်ရောက်တုန်း ပြောလိုက်တာ ရွှန်းရွှန်းဝေနေလိုက်တာများ ပြည့်တန်စာ အောက်ခံဘောင်းဘီး ရေစိမ်သောက်ပြီး ပြောနေသလားတောင် အောင်းမေ့ရတယ်။
ပျော့ပျော့နဲ့ နံတဲ့ ကြောင်းချေးကို ခုမှပဲကိုယ်ထင်တွေ့ရတယ်၊ ဘယ်လောက်တောင်နံသလဲဆိုရင် လေးကျွန်းစင်္ကြာမှာ ဘယ်သတ္တ၀ါမှ နှာခေါင်းမရှုပ်ပဲ မနေနိုင်အောင်ကို အနံ့သက်က ပြင်းလွန်းတယ်။

စိန်ပြောင် ပြောချက်နဲ့ လုပ်ချက် လွဲတာက ဘယ်လောက်လဲဆိုရင် ကမ္ဘာကြီးနဲ့ အင်္ဂါဂြိုလ်လောက်ကို ဝေးတယ်၊ စိန်ပြောင်တို့ပြောလိုက်တာနဲ့ အတိုက်ခံ နဲ့ ရှစ်ပူး ပွင့်လင်းတွေ အားလုံး နေလုံးကြီးအောက်မှာ လေပန်ကာတိုက်ခံရတဲ့ ရေခဲတုံးကြီး အရည်ပျော်ကျသွားသလိုပဲ။
စိန်ပြောင် မပြောသော စကားကြီး (၂၁) ခွန်း
စိန်ပြောင်နဲ့ အမေရိကန် စီအိုင်အေတို့ ၂၀၁၀ ဂျွန်လမှာ ၂ ကြိမ်ခိုးတွေ့ပြီး အပေးယူလုပ်တာ မပြောဘူး၊
စိန်ပြောင်က သူဝန်ကြီးချုပ်လက်ထက်က စစ်တပ်ရဲ့ ဓားမြတိုက် လုယက်ထားတဲ့ လယ်ယာမြေနဲ့ အိုးအိမ် အဆောက်အဦးတွေအကြောင်း ဘယ်တော့မှ မပြောဘူး….
စိန်ပြောင် မြန်မာပြည်မှာ ရှိနေတဲ့ ရဲမွန် (၂၄၃) ခုနှင့် အဓမ္မ စစ်သား စုဆောင်းပြီး တိုင်းရင်းသားတွေကို စစ်ဆင်ကြောင်း ဘယ်တော့မှ မပြာဘူး၊
စိန်ပြောင်က ဦးပိုင်ရဲ့ ပိုင်ဆိုင်မှုဟာ စကာင်္ပူနိုင်ငံလောက်ကို ၀ယ်ပစ်လိုက်နိုင်တာ ဘယ်တော့မှ မပြောဘူး၊
စိန်ပြောင် ဘိန်းဘုရင်တွေရဲ့ ငွေမဲတွေကို ငွေဖြူ လျော်ဖွတ်ပေးနေကြောင်း ဘယ်တော့မှ မပြောဘူး၊
စိန်ပြောင်က သဘာဝ သစ်တောတွေ ပြုံန်းတီးပြီး ဂေဟစနစ်လို့ခေါ်တဲ့ သဘာဝ ကထ၀ီအရင်းမြစ် ပုံစံအမှန်တည်ရှိမှုတွေ ပုံပျက်ပန်းပျက် ဖြစ်နေတာကို အပြောဘူး၊
စိန်ပြောင်က နေပြည်တော်အောက်မှာ ရှိနေတဲ့ လှိုင်ခေါင်းတွေကို ဆက်လုပ်နေတဲ့ မြောက်ကိုရီးယား ပညာရှင် ၆၇ ယောက်နဲ့ တရုတ်ပညာရှင် ၁၄ ယောက်၊ ပြင်သစ်ပညာရှင် ၃ ယောက်အကြောင်း မပြောဘူး၊
စိန်ပြောင်တို့ အက်အီစီတွေကို ယုတ်သိမ်းတဲ့ အချိန်မှာ ဘိုသန်းရွှေက သူ့ငွေတွေ အက်ဖ်အီစီလည်ပတ်ရေးအတွက် အရင်းစိုက်ထားပေးရတဲ့ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကို ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်ကနေ စာရင်းမဲ့ ယူပြီး သိမ်းသွားတာ မပြောဘူး၊
စိန်ပြောင်က သူထုတ်ပစ် ဖြုတ်ပစ်လိုက်တဲ့သူတွေအားလုံးကို ဦးပိုင်ငွေနဲ့ လူထုလူတန်းစားအကြားမှာ ပုကလိက စီးပွါးရေး ကုမ္မဏီတွေ ပြန်ထောင်ပေးနေတာ မပြောဘူး၊
စိန်ပြောင်က ယနေ့ မြန်မာ့ သံယံဇာတ အားလုံး၏ နှစ်ချုပ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း၂၈ ဘီလီယံ ရှိတာကို မပြောဘူး၊
စိန်ပြောင်က စစ်တပ်က ဦးစီးချုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းပေါင် ၆၇၂ ခု တိုင်းပြည်အတွင်းထဲမှာ မောင်ပိုင်စီးနေတာ မပြောဘူး၊
စိန်ပြောင်ရဲ့ သမီး (၂)ယောက်လုံး တိုင်းပြည်တွက် မဟုတ်ပဲ တရုတ် စင်ကာပူ နဲ့ ဟောင်ကောင်ကို အလှည့်ကျ သွားနေတာ မပြောဘူး၊
စိန်ပြောင်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်သလိုလိုပြောပြီး တိုင်းရင်းသားအားလုံးရဲ့ နောက်ကျောကို ဓားနဲ့ ထိုးဖို့ (၁၂)ကြိုးကဝေ ကွက်တွေ ဆင်ထားတာ မပြောဘူး၊
စိန်ပြောင်က လက်ပံတောင်းဒေသကို နှစ် ၃၀ နဲ့ စာချုပ်ချုပ်ဆိုပြီး ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်အတွက် အမေရိကန်ဒေါ်လာ ၁ နှစ်လျှင် သန်း ၈၀၀ ခန့် ထုတ်လုပ်ပေးရမှာကို မပြောဘူး၊
စိန်ပြောင်က လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ၀င်ရောက် စစ်ဆေးနိုင်ကြောင်း မပြောဘူး၊
စိန်ပြောင် ဒုက္ခသယ် (၂)သိန်းကျော်ကို စိန်ပြောင်တက်လာတဲ့ (၂၆)လ အတွင်းထဲမှာပင် မွေးထုတ်ပေးထားကြောင်း မပြောဘူး၊
စိန်ပြောင်က တာလီနော နာမည်နဲ့ ဆက်သွယ်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ခွင့်ပေးလိုက်တဲ့ ဘိုသန်းရွှေပိုက်ဆံနဲ့ ကာတာက ပြန်ဝင်လာတာကို မပြောဘူး၊ (ဦးသန်းရွှေအတွက် ငွေလျော်ဖွတ်ခြင်း)၊
စိန်ပြောင်က နိုင်ငံရေးအရ ဖြစ်ပေါ်လာသော လူနေမှုအပေါ် တရားမျှတမှုမရှိလို့ ၀ိုင်းဝန်း ဆောင်ရွက်သော နိုင်ငံရေးသမားတွေကို ထပ်မဖမ်းဘူးလို့မပြောဘူး၊
စိန်ပြောင် က ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကို နှစ်ကုန်မှာ လွတ်ပေးပြီး နောက် နှစ်ကုန်မှာ ဆက်ဖမ်းမယ်လို့မပြောဘူး၊
စိန်ပြောင်ရဲ့ လည်ပင်းမှာ အာဏာရှင်ကြီး အနောက်ကနေ ဂွင်းလျောကြိုး တပ်ပြီး ရာထူးသစ်ကိုင်းပေါ်မှာ တုပ်နှောင်ကာ စိန်ပြောင်အား အချိန်မရွေး တွန်းချ ပစ်လိုက်နိုင်ကြောင်း မပြောဘူး။
စိန်ပြောင် ပြောချင်ရာပြောပြီး လုပ်သင့်တာကို မလုပ်တာကို ဘယ်ငနဲတကောင်ကမှ ထောက်မပြဘူး။
၈၈ ဖြစ်စဉ်အစက ကျောင်းသားလူငယ်တွေ နိုင်ငံရေး နားမလည်ကြလို့ဆိုပြီး ဒီချုပ်၇ဲ့ ပဝေသဏီ ရှင်းတမ်းတခုမှာ တွေ့ရတယ်၊ ခုက ၈၈ ကျောင်းသားလူကြီးတွေရော ဒီချုပ်ရော ….စိန်ပြောင်အခု မဟုတ်မဟ ပြောချင်ရာပြောနေတာကို နှမ်းတစေ့လောက်တောင် ထောက်မပြတော့ပဲ အ ကုန် နံ့ ကုန်တယ်။

ဂိုလ်ရှယ်လေး

No comments: