Thursday, July 18, 2013

ဒေါ်အောင်ဆန်းစုကြည်အား ရန်သူလို ဆက်ဆံနေမည် ဆိုပါက မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက် သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


Thursday, July 18, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် မည် သည့် အခါမျှ ရန်ဖြစ်မည် မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေမည် ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်၊ ဦး သိန်းဆွေတို့နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊ အယ်ဒီတာများတို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''သတင်းသမားတွေမေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျွန်တော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း...
တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန် လည် ဖြေကြားရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုသည်မှာလည်း စာထဲတွင်သာ ရှိနေသေးပြီး လက်တွေ့ မရှိသေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်သည့်အခါတွင် ပါတီတစ်ခုနှင့်တစ်ခု ရန်သူလို သဘောထားပြီး ဆက်ဆံ ဆောင်ရွက်နေမည် ဆိုပါက ပြီးခဲ့သည့် အတိတ်ကာလ သမိုင်းကြောင်းကို ပြန်ရောက် သွားနိုင်သည်ဟု ထည့်သွင်း ပြောကြားသည်။

'အရင်တုန်းက အင်မတန်မှ အင်အားကြီးပြီး စည်းလုံးညီညွတ်ခဲ့တာ ဖဆပလ ပါတီပါ။ အဲဒီနောက်ပိုင်း ပထစ ပေါ်လာတယ်။ နောက် ပမညတ ပေါ်လာ တယ်။ အဲဒီတုန်းက ပါတီတစ်ခုနဲ့ တစ်ခုဟာ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်လို သဘောမထားဘဲ ရန်သူလို သဘောထားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီကစပြီး အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့တယ်။ ဒါကြောင့် ဒါတွေကို သင်ခန်းစာယူပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက် လာတဲ့ အခါမှာ NLD ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲဒီပါတီရဲ့ ခေါင်းဆောင် ဖြစ်သလို တစ်စိတ်တစ်ပိုင်းသော ပြည်သူ လူထုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။

ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်'' ဟု သူရဦးရွှေမန်း က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုး သား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလ ည်း ခေါင်းဆောင်များကို ကြည့်ပြီး ညီညွတ်လာမည် ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားသွားသည်။

ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း ကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)

Eleven Media Group

No comments: