Tuesday, July 23, 2013

ဒီလူ လူလိမ်ပါ၊ ကားမောင်းတဲ့လူများသတိထားဖို့ပါ

ဒီလူ လူလိမ်ပါ၊ ကားမောင်းတဲ့လူများသတိထားဖို့ပါ

ဒီလူရဲ့ ညာဘက်ညှပ်ရိုးက နဂိုကတည်းက ကျိုးနေပြီး ကားတိုက်ပါတယ်ဆိုပြီး လိုက်လိမ်နေတာ ဆေးခန်းမှာ ဓါတ်မှန်ရိုက်တော့လဲ အရိုးကကျိုးနေပါတယ်၊ ဒါပေမဲ့ဒဏ်ရာက အခုဖြစ်တာလား အရင်တည်းက ဒဏ်ရာလားဆိုတာ တော်ရုံဆရာဝန်တွေကလဲသတိမပြုမိဘူးပေါ့ ။

ကျွမ်းကျင်တဲ့ဆရာဝန် (သို့မဟုတ်) လူလိမ်မှန်းသိတဲ့ဆရာဝန်တွေမှတာ ဒဏ်ရာက နဂို ဒဏ်ရာဆိုတာသိလိမ့်မယ် ကားတိုက်ပါတယ်ဆိုမှဗျာ အပွန်းအပဲ့မရှိ သူ့အဝတ်တွေတောင် မညစ်ပေပဲ ညှပ်ရိုးကျိုးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးဆိုတာ ပူထူနေတော့မသတိထားမိကြမှာမဟုတ်ဘူးလေ။

ဒါကြောင့် နောက်လူများမခံရအောင် ဒီပုံကိုshare ပေးကြပါ၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းများ လူလိမ်မခံရအောင်ပေါ့ ဒီလူ အရင်က ယုဇန ပလာဇာနားမှာလုပ်စားတယ်လို့ Facebookမှာ တခါတွေ့မိပါသေးတယ်၊ အခုက ကမာရွတ်ဘက်မှာလုပ်စားနေတယ်။

Posted From Nyi Nyi Myanmar

No comments: