
-------------------------- ----------
ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
-------------------------- -
မေးမြန်းသူ- ပြည်သိမ်း
မျိုးစောင့်ဥပဒေအပါအ၀င် ဘာသာရေးနှင့် ပတ်သက်သည့် ထိလွယ်ရှလွယ်အငြင်းအခုံများ က ၂၀၁၃ ခုနှစ်အတွင်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ ထိုအချိန်တွင် နိုင်ငံတကာမီဒီယာများ၏ သုံးသပ်ရေးသားချက်များကလည်း ကမ္ဘာအနှံ့က နိုင်ငံသားပေါင်းစုံ၏ မြန်မာလူမျိုးများအပေါ်မြင်သ ည့်
အမြင်ကို ပြောင်းလဲလာစေသည်။ နိုင်ငံရေး အကူးအပြောင်းကာလတွင် ထိုကဲ့သို့သော
ဘာသာရေး အခြေခံသည့် ပဋိပက္ခများနှင့် လှုပ်ရှားမှုထွက်ပေါ်လာခြင်းအေ ပါ် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၏ အသံမှာ အစိုးရနည်းတူပျောက်ကွယ်နေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာနေသည်။
ထို့ကြောင့်ဒေါ်အောင်ဆန်းစြု ကည်ပြီးလျှင် မြန်မာလူထုအကြားပုံရိပ်ကြီး မားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအနက်
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးနှင့် 7 Day News က
သီးသန့်တွေ့ဆုံကာ ၎င်း၏ထင်မြင်ယူဆချက်များကို မေးမြန်းဖော်ပြလိုက်ပါသည်။
မေး-မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာသာရေးလှုပ်ရှားမှုတွေက အခုတိုင်းပြည်ကသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ထင်ပါသလား။
ဖြေ-ကျွန်တော့်အနေနဲ့ အမျိုးဘာသာချစ်မြတ်နိုးလို့
လုပ်နေသူ အားလုံးကို ပံ့ပိုးသွားမယ်။ လေးလည်းလေးစားပါတယ်။ တစ်ခုပဲ
စိုးရိမ်တယ်။ ဆောင်ရွက်မှုတွေက အချင်းချင်းကြားထဲမှာ
စိတ်ဝမ်းကွဲမှုတွေမဖြစ်အောင် နိုင်ငံရေးသက်ရောက်မှု၊ နိုင်ငံရေးအမြင်၊ ဥပဒေအမြင်တွေ ကျယ်ကျယ်ပြန့်ပြန့်ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။
မေး-အခုလိုအချိန်မှာ ဘာသာရေးလှုပ်ရှားမှုတွေပေါ်လာတာ ဘယ်လို သက်ရောက်မှုတွေ ရှိစေမယ်လို့ ဦးကိုကိုကြီးထင်ပါလဲ။
ဖြေ-ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့မျိုးဆက်ရဲ့ ပခုံးပေါ်ကို ရောက်လာတဲ့ တာဝန်တွေပေါ့။ ကျွန်တော်တို့ ၈၇၊ ၈၈ ကတည်းက နိုင်ငံရေးလှုပ်ရှားမှုထဲ ပါခဲ့ကြတယ်။ တတ်စွမ်းသလောက် တတ်နိုင်သလောက် လုပ်ခဲ့ကြတယ်။ အခုအပြောင်းအလဲကာလမှာ ဦးတည်ချက်မပျောက်အောင် လုပ်ကိုင်ကြဖို့ အလေးအနက်ထားပြောချင်တာပါ။ ကျွန်တော် ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ အမျိုးဘာသာချစ်တဲ့စိတ်က ကျန်တဲ့လူတွေထက် မလျော့ပါဘူး။ အဲဒါကို ကာကွယ်စောင့်ရှောက်တဲ့ နည်းလမ်းတွေပေါ့။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ လိုတယ်။ တစ်ခုတည်းမဟုတ်ဘဲ အခြားသူတွေရဲ့ အမြင်တွေကို အလေးအနက်ထားဆွေးနွေးကြဖို့။ အမျိုးသမီးအဖွဲ့တွေ၊ သံဃာအဖွဲ့အစည်းတွေနဲ့တွေ့စဥ်မှာလည်း ဒါပဲဦးတည်ပြောခဲ့ပါတယ်။
မေး-ဘာသာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အားကောင်းလာတာ၊ ဥပမာခုလို မျိုးစောင့်ဥပဒေကြမ်းပေါ်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ-ကျွန်တော်ကတော့ ဆွေးနွေးမှုတွေဖြစ်လာတာ ကြိုဆိုပါတယ်။ ဆွေးနွေးတဲ့အခါမှာ စိတ်ရှည်သည်းခံပြီး မတူညီတဲ့ သဘောတရားတွေ နားထောင်နိုင်ဖို့ ထည့်သွင်းဆွေးနွေးနိုင်ဖို့ လိုတယ်။
အခု ဒါတွေ ဖြစ်လာတာလည်း ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေထဲမှာ ဗုဒ္ဓဘာသာရဲ့
ဆုတ်ယုတ်မှုတွေ ရှိလာပြီဆိုတဲ့ စိုးရိမ်စရာတွေ ပေါ်လာတာဖြစ်တယ်။
ဒါနဲ့ပတ်သက်ပြီး အလေးအနက်ထားဖို့ လိုတယ်။ စိုးရိမ်မှုတွေကို ဖြေရှင်းတဲ့
နေရာမှာ ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲဆိုတာ နည်းလမ်းမျိုးစုံရှိတာပေါ့။
အခုဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်တွေက ဥပဒေပုံစံနဲ့ လုပ်ဖို့ ဆွေးနွေးနေတာ
ရှိတယ်။ အရင်လိုယဉ်ကျေးလိမ္မာ သင်တန်းတွေနဲ့ ကိုယ်ရဲ့ဘာသာကို ငယ်စဉ်ကတည်းက
လေးစားယုံကြည်မှုရှိအောင် ကြိုးစားတာလည်းနည်းလမ်းတစ်ခုပဲ။ မြန်မာအမျိုးသမီးကြားထဲမှာလ ည်း
ကိုယ်အမျိုးဘာသာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာ၊ ဟောပြောပွဲတွေ
လုပ်ကြတာစသဖြင့် ဒါတွေဟာ လုပ်ပုံကိုင်ပုံတွေပဲ။ တစ်ခုပဲ ရှိတယ်။
အခြားဘာသာဝင်ဘက်က သူတို့ရဲ့အမြင်သဘောထား မထိခိုက်အောင် ၀ိုင်းပြီး
စဉ်စားပေးဖို့လိုတယ်။ အခုအခြေအနေ မကြည့်ဘဲ ရေရှည် ကျွန်တော်တို့ နိုင်ငံကို
နောင် ၅ နှစ်၊ ၁၀ နှစ် ဘယ်လိုဖြစ်စေချင်လဲ။ ဖြစ်စေချင်တဲ့ ဘာသာရေးအရ
ကျန်တဲ့ ဘာသာဝင်တွေလည်း ဆက်ရှိနေမယ်။ အဲဒီဘာသာဝင်တွေကြားထဲမှာ အခုလုပ်တဲ့
လုပ်ရပ်ကြောင့် စိတ်ဝမ်းကွဲမှုတွေ ဖြစ်သွားမယ်ဆိုရင် အကျိုးဆက်က နောင်လာမယ့်
၅ နှစ်၊ ၁၀ နှစ်မှာ ရောက်လာမယ်။ တစ်ဖက်က ကိုယ့်အမျိုးဘာသာ၊
သာသနာစောင့်ရှောက်ဖို့ဆိုတာ
ကျွန်တော်လည်း လက်ခံတယ်။ စောင့်ရှောက်မယ့် နည်းလမ်းတွေကို
ဝိုင်းဆွေးနွေးကြမယ်။ အခုကဥပဒေပြုတာနဲ့ ပတ်သက်ရင် နိုင်ငံရဲ့
တည်ဆဲဥပဒေစိုးမိုးရေး အခြေအနေကို ကြည့်ဖို့လိုတယ်။ ဥပဒေတွေသာပြုနေပြီး
အသက်မ၀င်ဘူး၊ ထိရောက်အောင် မလုပ်နိုင်ဘူးဆိုရင် အငြင်းပွားမှုသာဖြစ်လာပြီး
ဥပဒေက အသက်ဝင်လာမှာ မဟုတ်ဘူး။ တစ်ခုခုမလုပ်မီ ၀ိုင်းဝန်းစဉ်းစားဖို့လိုတယ်။
သတင်းစာတွေ ဖတ်ရတယ်။ မောင်တောမှာ မှတ်ပုံမတင်ထားတဲ့ ကလေး ၆၀၀၀၀ ကျော်ရှိတယ်။ နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်ဝေဖန်နေတဲ့  ဒီနေရာမှာ ဘာသာခြားတွေ ကလေးမွေးခွင့်မရ၊ လက်ထပ်ခွင့်မရနဲ့ ထိန်းချုပ်ညွှန်ကြားချက်ထုတ် ၊
အမိန့်တွေထုတ်ထားတယ်။ လက်တွေ့မှာတော့ ဘာမှမလုပ်နိုင်ဘူးဆိုတာ
ထင်ရှားဆုံးနမူနာ တစ်ခုပဲ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှုနဲ့ ဆိုင်တယ်။
ကိုယ့်ဘာသာဝင်တွေကြားမှာ ယုံကြည်မှုတွေ လေးလေးနက်နက်လက်ခံအောင်လုပ် နိုင်ဖို့ အရေးကြီးတယ်။
အကြမ်းဖက်မှုမဖြစ်အောင် ဗုဒ္ဓဘာသာက အကြမ်းဖက်လုပ်ရပ် တွေလုပ်တာလို့ နိုင်ငံတကာက ပြောတာ လုံးဝလက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက အကြမ်းဖက်မှု မလိုလားတဲ့ ဘာသာ၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘာသာဖြစ်တယ်။ အမျိုးသာသာရဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ပုံရိပ်ကို မြှင့်တင်ဖို့ ဘာသာ၊ သာသနာချစ်စိတ်အတွက် အရေးတကြီးလုပ်ရမယ့် ကိစ္စဖြစ်တယ်။
မေး-လူအချို့ကလည်း မျိုးစောင့် ဥပဒေက လူ့အခွင့်အရေးနဲ့ မညီဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး။ အခြေခံဥပဒေနဲ့တောင် မညီဘူး။
တိုင်းရင်းသားပေါင်းစုံရှိတဲ့
နိုင်ငံမှာ ဒီဥပဒေကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ဖို့
ပြဿနာရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒီလိုထင်မြင်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ-ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြီး
လူ့အခွင့်အရေး ရှုထောင့်က တင်ပြတာတွေ့ရှိလာမယ်။ တိုင်းရင်းသားတွေဘက်ကလည်း
သူတို့အမြင်တွေ တင်ပြလာတာရှိမယ်။ ဒီကိစ္စအပေါ် စိတ်ဝင်စားသူအားလုံး
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး လိုက်ရင် ဒီအပေါ်မှာ အားလုံးလက်ခံတဲ့ အဖြေတစ်ခုကတော့ ထွက်လာမယ်။
မေး-မျိုးစောင့်ဥပဒေပြဋ္ဌာန်း လိုက်ရင် တိုင်းရင်းသားလူမျိုးစုတြွေ ကား ဘာသာရေးနဲ့ဆိုင်တဲ့ ခွဲခြားမှုတွေများ ထပ်မံကြုံတွေ့လာနိုင်မှု
များရှိနိုင်မလား။
ဖြေ-လူမျိုးတစ်မျိုးက သူ့လူမျိုးကိုချစ်တာ သူ့ဘာသာကို ချစ်တာသဘာဝပဲ။ ဒါက လူသားတစ်ယောက်အနေနဲ့ အခြေခံစိတ်ပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့
ကိုယ်ဟာဘာသာဝင်တစ်ယောက်၊ လူမျိုးတစ်မျိုးဖြစ်သလို၊ ဒီနိုင်ငံရဲ့
နိုင်ငံသား တစ်ယောက်လည်းဖြစ်တယ်။ နိုင်ငံသားက ယေဘုယျကျတယ်။
နိုင်ငံသားဆိုတဲ့ အခြေခံမူပေါ်မှာ စဉ်စားမှ လူမျိုးကွဲဘာသာကွဲတွေကို
နိုင်ငံမှာ ဘယ်လိုနေနိုင်မလဲဆိုတာစဉ်းစားရမယ်။ နိုင်ငံရေးအရ ပြောရရင်တော့ အခြေခံအကျဆုံးက နိုင်ငံသားပဲ။ နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်ရမယ်ဆိုတာကို အာရုံစိုက်စေချင်တယ်။ မြန်မာနိုင်ငံသားဆို ပြီး နိုင်ငံချစ်စိတ်မွေးရင် ပြဿနာတွေကို မိသားစုပြဿနာလို ဖြေရှင်းနိုင်လိမ့်မယ်။
မေး-နိုင်ငံရဲ့ ခုလို အကူးအပြောင်း ကာလများကို ဦးကိုကိုကြီးအနေနဲ့ နိုင်ငံအတွက်စိတ်အပူပန်ဆုံး က ဘာလဲ။
ဖြေ-စိုးရိမ်တာတစ်ခုက ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခြေအနေတွေက များစွာ အားနည်းခဲ့တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားနည်းရင် စစ်ဘက်အဖွဲ့အစည်းတွေက အားကောင်းလာမယ်။ သူ့မှာက အမိန့်နဲ့ ဖွဲ့စည်းပုံက အခိုင်အမာရှိပြီးသားပဲ။ နောက်အရပ်ဘက် အဖွဲ့အစည်းအားနည်းတာ၊ တစ်ချိန်တည်း လုံခြုံရေးအဖွဲ့အစည်းတွေလည်း
အားနည်းတာပဲ။ လုံခြုံရေးအဖွဲ့အစည်း အားနည်းမှုက ဒီမိုကရေစီမှာဆိုရင်
စစ်အုပ်ချုပ်ရေးအကူအညီ တောင်းရတဲ့ အဆင့်မျိုးတွေဖြစ်လာတယ်။ ကျွန်တော်
ထင်ပါတယ်။ စစ်တပ်က အရပ်ဘက် အုပ်ချုပ်ရေးမှာ ၀င်လုပ်နေရပြီး ရေရှည်မှာသူတို့
သိက္ခာကျဆင်းမှုမျိုးကို မလိုလားဘူး။ ကျွန်တော်တို့ နိုင်ငံဟာ လက်ရှိ
အခင်းအကျင်းထဲမှာ စစ်တပ်ကို သူ့နေရာသူပြန်ရောက်အောင်လုပ်ဖို့ဆိုရင်
အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ အားကောင်းအောင် ကြိုးစားရမယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက မထိန်းနိုင်လို့ စစ်တပ်က ၀င်ပါလာတာ
ကျွန်တော်တို့အတွက် ကောင်းတဲ့ အလားအလာမဟုတ်တော့ဘူး။
မေး-၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် အန္တရာယ် အကြီးဆုံးပြဿနာက ဘာလို့ ဦးကိုကိုကြီး ထင်ပါသလဲ။
ဖြေ-အဓိက အကျဆုံးကတော့ ငြိမ်းချမ်းရေးကိစ္စပဲ။ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်ပဋိပက္ခများ သာမကဘဲ ပြည်တွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တရားဥပဒေစိုးမိုးဖို့၊ နိုင်ငံသားရဲ့ အခန်းကဏ္ဍမြှင့်တင်ဖို့၊ အဓိက ကျတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ နိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးက များစွာအရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးလို့ပြောရင် အရင်ကအမိန့်ပေးထိန်းချုပ်လို့၊
ကြောက်လို့ မလုပ်ရဲတာ ငြိမ်းချမ်းရေးမဟုတ်ဘူး။ ကျွန်တော်တို့
လူ့အဖွဲ့အစည်းက မတူကွဲပြားတဲ့ အမြင်သဘောထားတွေကြားထဲမှာ
လွတ်လပ်ပွင့်လင်းပြီး ပြောကြ၊ ဆိုကြရင်းနဲ့ ငြိမ်းချမ်းစွာ
ဖြေရှင်းနိုင်ဖို့ တည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ရဖို့လိုတယ်။
မေး-လက်ရှိအစိုးရက မျိုးစောင့်ဥပဒေကိစ္စကို Public Debate အနေနဲ့ မြင်တယ်ဆိုပြီး ဒီတိုင်းထားထားတယ်။ ဒီကိစ္စက နိုင်ငံသားတွေအတွင်း နှစ်ခြမ်းကွဲစရာ ဖြစ်လာတယ်လို့ ပြောကြတာတွေရှိတော့ အစိုးရအနေနဲ့ ဒီလို ဘာသာရေးအစွန်းရောက်မှု ပြဿနာတွေအပေါ်မှာ ဘယ်လို တာဝန်မျိုးရှိတယ်လို့ ဦးကိုကိုကြီး ပြောချင်ပါသလဲ။
ဖြေ-ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းမှာ လုံခြုံရေးအဖွဲ့အစည်းတွေပါတ ယ်။ ဘာသာရေးအဖွဲ့အစည်းတွေပါတယ်။
အဲဒီအဖွဲ့ကြားမှာ ဆွေးနွေးညှိနှိုင်းမှုကို တည်ဆောက်နိုင်ပြီဆိုရင်
အစိုးရအခန်းကဏ္ဍက မလိုဘူး။ အကြမ်းဖက်မှုဖြစ်လာရင် လုံခြုံ ရေးတပ်ဖွဲ့တွေ
ဝင်ရောက်ဟန့်တားဖြေရှင်းတာေ တွလုပ်ရမယ်။ အသက်အိုးအိမ်စည်းစိမ်ကို အစိုးရအကာအကွယ်ပေးရမယ်ဆိုတဲ့ 
တာဝန်ရှိတယ်။ အဓိကတော့ အဲဒီအဆင့်ကို မရောက်အောင် အရပ်ဘက်အဖွဲ့အစည်းတွေက
အားကောင်းဖို့လိုတယ်။ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းတဲ့ အလေ့အကျင့်ရှိ ဖို့
လိုတယ်။ ဒီလိုဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍကလျော့သွားတယ်။
မေး-သာသာရေးကိစ္စတွေပြီးတော့ ဦးကိုကိုကြီးတို့ အဖွဲ့အကြောင်း မေးချင်ပါတယ်။ ၈၈ က အခု အဖွဲ့အစည်းတစ်ခုအနေနဲ့ မှတ်ပုံတင်
လိုက်တယ်။ အဲဒီတော့ ၂၀၁၅ အတွက် ၈၈ အဖွဲ့ရဲ့လမ်းကြောင်းက ဘယ်လိုလဲလို့ ပြည်သူတွေကမေးရင် ဦးကိုကိုကြီးက ဘယ်လို ဖြေချင်ပါသလဲ။
ဖြေ-အခုဟာက (NGO) လူမှုရေး အဖွဲ့အစည်းအနေနဲ့ မှတ်ပုံတင်ဖို့ လုပ်နေတယ်။ ရှစ်လေးလုံးငွေရတုအခမ်းအနား ပြီးရင် ဆက်လုပ်သွားမယ်။ ၈၈ အဖွဲ့ထဲမှာ လွှတ်တော် နိုင်ငံရေးကို ဇောက်ချပြီး လုပ်ကိုင်ချင်သူတွေ ပေါ်လာဖို့ရှိသလို၊
အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဆက်လုပ်မယ့်သူတွေလည်း ဆက်ရှိနေမယ်။
မေး-လက်ရှိ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိတယ်။ ဥပမာ မီဒီယာဥပဒေ၊ ဆက်သွယ်ရေး၊ တင်ဒါကိစ္စတွေမှာပေါ့။ လွှတ်တော် အမတ်တွေကို အားကိုးလို့ မဖြစ်ဘူးလို့ပြောကြတယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ လွှတ်တော်နိုင်ငံရေးအခင်းအကျ င်းကို သုံးသပ်ပေးပါ။
ဖြေ-လွှတ်တော်နိုင်ငံရေးက ပီပီပြင်ပြင်ပေါ်မလာသေးဘူး။ လက်ရှိ လွှတ်တော်ပုံသဏ္ဍန်ကိုက အငြင်းပွားစရာဖြစ်နေတယ်။ ၂၀၀၈
ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ စတည်ထားတာ။ တကယ်သာ လူထုကို ကိုယ်စားပြုတဲ့ စစ်စစ်မှန်မှန် လွှတ်တော်နိုင်ငံရေးပေါ်လာရင်
ပြဿနာဖြေရှင်းမှု ဆုံချက်က လွှတ်တော်မှာ ဖြစ်ရမယ်။ လွှတ်တော်မှာ
ဥပဒေပြုပြဋ္ဌာန်းမယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဥပဒေကို တိတိကျကျ
ကျင့်သုံးနိုင်တဲ့ အစိုးရဖြစ်ဖို့ဆိုရင် ပြဿနာတွေ လမ်းပေါ်မှာဖြေရှင်းတာ
လျော့သွားမယ်။ ဒီမိုကရေစီမှာ လမ်းပေါ်မှာ ဆန္ဒဖော်ထုတ်တာတွေရှိနေတယ်။ ဒါက
ပြဿနာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ သိအောင် ဖော်ထုတ်တာပဲဖြစ်တယ်။
ဒီပြဿနာတွေကို တကယ်ဖြေရှင်းတာက လွှတ်တော်တွေ၊ တရားရုံးတွေဖြစ်ရမယ်။
ဒီလိုစနစ်အားကောင်းရင် လူမှုရေးပြဿနာ၊ စီးပွားရေး၊ ပြဿနာဖြေရှင်းတာ
လွှတ်တော်ဖြစ်သွားမယ်။
မေး-ဟိုတစ်လောက ရေပန်းစားနေတဲ့ သမ္မတကိစ္စ ဦးကိုကိုကြီးကြားပြီးသားပါ ။ ဦးကိုကိုကြီးရော ပြည်သူက ဆန္ဒရှိတယ်ဆိုရင် သမ္မတလုပ်ဖို့ဆန္ဒရှိပါသလား။
ဖြေ-ကျွန်တော်ရယ်စရာ ပြောမယ်။ ကျွန်တော်အနေအထိုင်မတတ်လို့ နိုင်ငံရေးလုပ်တာ။(ရယ်လျက်)
ကျွန်တော်ကြုံခဲ့ရတာနဲ့ ဖြတ်သန်း ခဲ့ရတာနဲ့ ပတ်သက်ပြီး
ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ။ အခုလည်း ပြဿနာဖြစ်တဲ့ ကိစ္စတွေကို လက်မရှောင်ဘူး။
ကျွန်တော်က နိုင်ငံရေးကို စီးပွားရေး၊ ဝေါဟာရအရ ပြောရရင် (Service)
ဝန်ဆောင်မှုပေးချင်တာပါ။ နိုင်ငံရေးဆိုတာ ၀န်ဆောင်မှုလုပ်ငန်း။
နိုင်ငံတွေသားရဲ့ ၀န်ကိုဘယ်လောက်ထိထမ်းဆောင်နိုင်မလဲဆိုတာကို ဦးစားပေးတယ်။ ကျွန်တော်နိုင်ငံရေး ဒီထက်ပိုပြီး လွှတ်တော်နိုင်ငံရေးလုပ်ရင်လ ည်း ဘယ်လောက်ဝန်ဆောင်မှု ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ သက်ဆိုင်ရာ နိုင်ငံသား မဲဆန္ဒရှင်တွေက ဆုံးဖြတ်သွားမယ် ထင်တယ်။
မေး-နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေက ဘာသာရေးကိစ္စမှာ ငြိမ်သက်နေတာကို အားမလိုအားမရ ဝေဖန်နေတာတွေရှိ တယ်။ ဦးကိုကိုကြီးကို ဒီမျိုးစောင့်ဥပဒေလှုပ်ရှားမှုကို ထောက်ခံတဲ့ ဘက်ကလားလို့မေးရင် ဘယ်လိုဖြေမလဲ။
ဖြေ-အခုလိုအင်တာဗျူးနေတာကို က နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျွန်တော်ထွက်ပြောနေတာလေ။ အခြားနိုင်ငံရေးခေါင်းဆောင် တွေ တာဝန်ရှိသူတွေအနေနဲ့ တိုင်းပြည်မှာ ဖြစ်လာတဲ့ အကျပ်အတည်းတွေ၊ အများနဲ့ ညှိနှိုင်းဆွေးနွေးပြီး ကိုယ့်သဘောထားကျယ်ကျယ်ပြန့် ပြန့် သိအောင်လုပ်သင့်တယ်။ ထိရောက်တဲ့ဖြေရှင်းမှုတွေမှာ လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သင့် တယ်။ ကိုယ့်အမြင်၊ ကိုယ့်ရပ်တည်ချက်ကို ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြပြောသင့်တယ်။ ။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
--------------------------
မေးမြန်းသူ- ပြည်သိမ်း
မျိုးစောင့်ဥပဒေအပါအ၀င် ဘာသာရေးနှင့် ပတ်သက်သည့် ထိလွယ်ရှလွယ်အငြင်းအခုံများ
ထို့ကြောင့်ဒေါ်အောင်ဆန်းစြု
မေး-မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာသာရေးလှုပ်ရှားမှုတွေက အခုတိုင်းပြည်ကသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်နိုင်တယ်လ
ဖြေ-ကျွန်တော့်အနေနဲ့ အမျိုးဘာသာချစ်မြတ်နိုးလို့
မေး-အခုလိုအချိန်မှာ ဘာသာရေးလှုပ်ရှားမှုတွေပေါ်လာတ
ဖြေ-ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့မျိုးဆက်ရဲ့ ပခုံးပေါ်ကို ရောက်လာတဲ့ တာဝန်တွေပေါ့။ ကျွန်တော်တို့ ၈၇၊ ၈၈ ကတည်းက နိုင်ငံရေးလှုပ်ရှားမှုထဲ ပါခဲ့ကြတယ်။ တတ်စွမ်းသလောက် တတ်နိုင်သလောက် လုပ်ခဲ့ကြတယ်။ အခုအပြောင်းအလဲကာလမှာ ဦးတည်ချက်မပျောက်အောင် လုပ်ကိုင်ကြဖို့ အလေးအနက်ထားပြောချင်တာပါ။ ကျွန်တော် ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ အမျိုးဘာသာချစ်တဲ့စိတ်က ကျန်တဲ့လူတွေထက် မလျော့ပါဘူး။ အဲဒါကို ကာကွယ်စောင့်ရှောက်တဲ့ နည်းလမ်းတွေပေါ့။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ လိုတယ်။ တစ်ခုတည်းမဟုတ်ဘဲ အခြားသူတွေရဲ့ အမြင်တွေကို အလေးအနက်ထားဆွေးနွေးကြဖို့။
မေး-ဘာသာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အားကောင်းလာတာ၊ ဥပမာခုလို မျိုးစောင့်ဥပဒေကြမ်းပေါ်လာတ
ဖြေ-ကျွန်တော်ကတော့ ဆွေးနွေးမှုတွေဖြစ်လာတာ ကြိုဆိုပါတယ်။ ဆွေးနွေးတဲ့အခါမှာ စိတ်ရှည်သည်းခံပြီး မတူညီတဲ့ သဘောတရားတွေ နားထောင်နိုင်ဖို့ ထည့်သွင်းဆွေးနွေးနိုင်ဖို့
သတင်းစာတွေ ဖတ်ရတယ်။ မောင်တောမှာ မှတ်ပုံမတင်ထားတဲ့ ကလေး ၆၀၀၀၀ ကျော်ရှိတယ်။ နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်ဝေဖန်နေတဲ
အကြမ်းဖက်မှုမဖြစ်အောင် ဗုဒ္ဓဘာသာက အကြမ်းဖက်လုပ်ရပ် တွေလုပ်တာလို့ နိုင်ငံတကာက ပြောတာ လုံးဝလက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက အကြမ်းဖက်မှု မလိုလားတဲ့ ဘာသာ၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘာသာဖြစ်တယ်။ အမျိုးသာသာရဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ပုံရိပ်ကို မြှင့်တင်ဖို့ ဘာသာ၊ သာသနာချစ်စိတ်အတွက် အရေးတကြီးလုပ်ရမယ့် ကိစ္စဖြစ်တယ်။
မေး-လူအချို့ကလည်း မျိုးစောင့် ဥပဒေက လူ့အခွင့်အရေးနဲ့ မညီဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး။ အခြေခံဥပဒေနဲ့တောင် မညီဘူး။
တိုင်းရင်းသားပေါင်းစုံရှိတ
ဖြေ-ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး
မေး-မျိုးစောင့်ဥပဒေပြဋ္ဌာန်း
များရှိနိုင်မလား။
ဖြေ-လူမျိုးတစ်မျိုးက သူ့လူမျိုးကိုချစ်တာ သူ့ဘာသာကို ချစ်တာသဘာဝပဲ။ ဒါက လူသားတစ်ယောက်အနေနဲ့ အခြေခံစိတ်ပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့
မေး-နိုင်ငံရဲ့ ခုလို အကူးအပြောင်း ကာလများကို ဦးကိုကိုကြီးအနေနဲ့ နိုင်ငံအတွက်စိတ်အပူပန်ဆုံး
ဖြေ-စိုးရိမ်တာတစ်ခုက ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခြေအနေတွေက များစွာ အားနည်းခဲ့တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားနည်းရင် စစ်ဘက်အဖွဲ့အစည်းတွေက အားကောင်းလာမယ်။ သူ့မှာက အမိန့်နဲ့ ဖွဲ့စည်းပုံက အခိုင်အမာရှိပြီးသားပဲ။ နောက်အရပ်ဘက် အဖွဲ့အစည်းအားနည်းတာ၊ တစ်ချိန်တည်း လုံခြုံရေးအဖွဲ့အစည်းတွေလည်
မေး-၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် အန္တရာယ် အကြီးဆုံးပြဿနာက ဘာလို့ ဦးကိုကိုကြီး ထင်ပါသလဲ။
ဖြေ-အဓိက အကျဆုံးကတော့ ငြိမ်းချမ်းရေးကိစ္စပဲ။ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်ပဋိပက္ခများ သာမကဘဲ ပြည်တွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တရားဥပဒေစိုးမိုးဖို့၊ နိုင်ငံသားရဲ့ အခန်းကဏ္ဍမြှင့်တင်ဖို့၊ အဓိက ကျတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ နိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးက များစွာအရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးလို့ပြောရင် အရင်ကအမိန့်ပေးထိန်းချုပ်လု
မေး-လက်ရှိအစိုးရက မျိုးစောင့်ဥပဒေကိစ္စကို Public Debate အနေနဲ့ မြင်တယ်ဆိုပြီး ဒီတိုင်းထားထားတယ်။ ဒီကိစ္စက နိုင်ငံသားတွေအတွင်း နှစ်ခြမ်းကွဲစရာ ဖြစ်လာတယ်လို့ ပြောကြတာတွေရှိတော့ အစိုးရအနေနဲ့ ဒီလို ဘာသာရေးအစွန်းရောက်မှု ပြဿနာတွေအပေါ်မှာ ဘယ်လို တာဝန်မျိုးရှိတယ်လို့ ဦးကိုကိုကြီး ပြောချင်ပါသလဲ။
ဖြေ-ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းမှာ လုံခြုံရေးအဖွဲ့အစည်းတွေပါတ
မေး-သာသာရေးကိစ္စတွေပြီးတော့
လိုက်တယ်။ အဲဒီတော့ ၂၀၁၅ အတွက် ၈၈ အဖွဲ့ရဲ့လမ်းကြောင်းက ဘယ်လိုလဲလို့ ပြည်သူတွေကမေးရင် ဦးကိုကိုကြီးက ဘယ်လို ဖြေချင်ပါသလဲ။
ဖြေ-အခုဟာက (NGO) လူမှုရေး အဖွဲ့အစည်းအနေနဲ့ မှတ်ပုံတင်ဖို့ လုပ်နေတယ်။ ရှစ်လေးလုံးငွေရတုအခမ်းအနား
အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဆက်လုပ်မယ့်သူတွေလည်း ဆက်ရှိနေမယ်။
မေး-လက်ရှိ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိတယ်။ ဥပမာ မီဒီယာဥပဒေ၊ ဆက်သွယ်ရေး၊ တင်ဒါကိစ္စတွေမှာပေါ့။ လွှတ်တော် အမတ်တွေကို အားကိုးလို့ မဖြစ်ဘူးလို့ပြောကြတယ်ဆိုတေ
ဖြေ-လွှတ်တော်နိုင်ငံရေးက ပီပီပြင်ပြင်ပေါ်မလာသေးဘူး။ လက်ရှိ လွှတ်တော်ပုံသဏ္ဍန်ကိုက အငြင်းပွားစရာဖြစ်နေတယ်။ ၂၀၀၈
ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ စတည်ထားတာ။ တကယ်သာ လူထုကို ကိုယ်စားပြုတဲ့ စစ်စစ်မှန်မှန် လွှတ်တော်နိုင်ငံရေးပေါ်လာရင်
မေး-ဟိုတစ်လောက ရေပန်းစားနေတဲ့ သမ္မတကိစ္စ ဦးကိုကိုကြီးကြားပြီးသားပါ
ဖြေ-ကျွန်တော်ရယ်စရာ ပြောမယ်။ ကျွန်တော်အနေအထိုင်မတတ်လို့
မေး-နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေက ဘာသာရေးကိစ္စမှာ ငြိမ်သက်နေတာကို အားမလိုအားမရ ဝေဖန်နေတာတွေရှိ တယ်။ ဦးကိုကိုကြီးကို ဒီမျိုးစောင့်ဥပဒေလှုပ်ရှားမ
ဖြေ-အခုလိုအင်တာဗျူးနေတာကို
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
No comments:
Post a Comment