နိုင်ငံတစ်ခု
ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက် သွားဖို့ ဆိုရင် တစ်ဘက်နှင့် တစ်ဘက်
နားလည်ခွင့်လွှတ်ပြီး အပြုသဘောဆောင် တဲ့ ဆက်ဆံရေးနဲ့ သွားဖို့ လိုပါမယ်၊
မကြိုက်တဲ့ သူတွေ ရှိသလို ကြိုက်သူတွေလဲ ရှိကြပါမယ်။ ပြုပြင်
ပြောင်းလဲသင့်တာတွေ ကို ပြုပြင်ပြောင်းလဲ ပြီး ထောက်ပြဝေဖန် မှုတွေ
လုပ်နေရမှာလဲ ပြည်သူတွေရဲ့ တာဝန်ပါပဲ။ နောက်ကြောင်း ပြန်လှည့် ဖို့
ကြိုးစားသူတွေနဲ့ အစွန်းရောက်အောင် ဖန်တီးသူတွေ လည်း ရှိနေဦးမှာ။
တိုင်းပြည်မ တည်ငြိမ်ရင် တော့ စစ်တပ်က အချိန်မရွေး ဝင်လာနိုင်တာကို
အားလုံးအသိပါ။
ကျမက တော့ အမေစုပြောတဲ့ တရားဥပဒေ စိုးမိုးရေး ရှိပြီးမှ
တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရောက်လာမယ် လို့ ထင်ပါတယ်၊ မော်စီ
ဘယ်လိုဖြစ်နေနေ ထောက်ခံသူရှိသလို စစ်တပ်ကို အားပေးထောက်ခံသူ တွေလည်း
ရှိနေပါတယ်၊ မော်စီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၅၀ရာခိုင်နှုန်း
ကျော်ရုံလေးနဲ့ အာဏာရလာတော့ ပိုဆိုးတာပေါ့။ ဒီမိုကရေစီ ပြောင်းရ မဲ့အစား
နောက်ကြောင်းပြန်လှည့်သလို ဖြစ်မလားလို့ ပူပန်စရာပါ။
စစ်တပ်က တော့
Technocrat ပညာတတ် တွေနဲ့ အစိုးရကို ဖွဲ့စည်းသွားမယ် လို့ အာမခံထားပါတယ်။
စောင့်ကြည့် ရမှာပဲ၊ အာဏာသိမ်းပြီးခါစ မှာ ကတိတွေ ပေးတတ်ကြပါတယ်၊ ပြီးရင်း
အာဏာယစ်မူးလာ၊ အဆီတရစ် အသားတစ်ရစ် ဖြစ်လာပြီး ကတိတွေ မေ့၊ သတိတွေ မေ့
ထင်ရာစိုင်းလာကြမှာပါပဲ
ကျမတို့ နိုင်ငံမှာတော့ အာမခံထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှူခဲ့တာ အားလုံးအသိပါပဲ။
သတိနဲ့ နေရမဲ့ အချိန်၊အစွန်းမရောက်ရမဲ့ အချိန် လို့ ပြည်သူအပေါင်းက သိထားသင့်ပါတယ်။
မေပုပ္ပား
၂၀၁၃ ဇူလိုင် ၄ ရက် မနက် ၃နာရီ
ကျမက တော့ အမေစုပြောတဲ့ တရားဥပဒေ စိုးမိုးရေး ရှိပြီးမှ တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရောက်လာမယ် လို့ ထင်ပါတယ်၊ မော်စီ ဘယ်လိုဖြစ်နေနေ ထောက်ခံသူရှိသလို စစ်တပ်ကို အားပေးထောက်ခံသူ တွေလည်း ရှိနေပါတယ်၊ မော်စီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၅၀ရာခိုင်နှုန်း ကျော်ရုံလေးနဲ့ အာဏာရလာတော့ ပိုဆိုးတာပေါ့။ ဒီမိုကရေစီ ပြောင်းရ မဲ့အစား နောက်ကြောင်းပြန်လှည့်သလို ဖြစ်မလားလို့ ပူပန်စရာပါ။
စစ်တပ်က တော့ Technocrat ပညာတတ် တွေနဲ့ အစိုးရကို ဖွဲ့စည်းသွားမယ် လို့ အာမခံထားပါတယ်။ စောင့်ကြည့် ရမှာပဲ၊ အာဏာသိမ်းပြီးခါစ မှာ ကတိတွေ ပေးတတ်ကြပါတယ်၊ ပြီးရင်း အာဏာယစ်မူးလာ၊ အဆီတရစ် အသားတစ်ရစ် ဖြစ်လာပြီး ကတိတွေ မေ့၊ သတိတွေ မေ့ ထင်ရာစိုင်းလာကြမှာပါပဲ
ကျမတို့ နိုင်ငံမှာတော့ အာမခံထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှူခဲ့တာ အားလုံးအသိပါပဲ။
သတိနဲ့ နေရမဲ့ အချိန်၊အစွန်းမရောက်ရမဲ့ အချိန် လို့ ပြည်သူအပေါင်းက သိထားသင့်ပါတယ်။
မေပုပ္ပား
၂၀၁၃ ဇူလိုင် ၄ ရက် မနက် ၃နာရီ
No comments:
Post a Comment