၈. ၈. ၂၀၁၃ ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုဖြစ်ပါတော့မယ်။
နိုင်ငံရေးစိတ်ဝင်စားသူများအနေန
ဘယ်လိုကျင်းပကြမလဲဆိုတာ မျက်လုံးပြူးကြည့်နေမှာ သေချာပါတယ်။
တစ်ချိန်တည်းမှာ ရှစ်လေးလုံးအရေးတော်ပုံရဲ့  တော်လှန်ရေးလမ်းကြောင်း
ပြောင်းအောင်ကြိုးပမ်းမှာသေချာပ
ထဲမှာ ဖော်ထုတ်လာတဲ့ အတွေးတချို့ ကို သတိပြုမိပါတယ်။ အဲဒါတွေက
အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေး၊
တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ ဖြိုးရေး တို့ ဆိုတဲ့ စိတ်ကူး
မျှော်တွေးမှုတချို့ ပါ။
အနှစ်အစိတ်ရှိလာတဲ့အချိန်မှာ ဗမာပြည်ဟာ ဒီမိုကရေစီထူထောင်ရေးလမ်းပေါ်
စတင်လျှောက်လှမ်းနေပြီဆိုတဲ့ ဒီအတွေးကို ဖော်ထုတ်သူတွေဟာ ဘယ်လို
ရည်ရွယ်ချက်နဲ့  တွေးဆမယ်တော့ မသိရသေးပါဘူး။ သို့ သော်..
ဒီလိုမှန်းဆချက်ဟာ ဦးသိန်းစိန်အစိုးရအနေနဲ့  ဒီမိုကရေစီတည်ဆောက်ရေး
လမ်းကြောင်းပေါ် တက်လှမ်းနေပြီဆိုတဲ့ မှန်းဆတွေးယူချက်က ဆင်းသက်
လာတာဖြစ်နိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ အနောက်အုပ်စုတို့ ကလည်း
ဒီလိုဖော်ထုတ်ပြောနေတာတွေ့ ရတယ်။
နိုင်ငံရေးအင်အားစုတွေကို ဦးချိုးဖို့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်
ဝင်ပါမှ ပါတီတရားဝင်ခွင့်ရမယ်၊ နိုင်ငံရေးလုပ်ခွင့်ရမယ်လို့ တန်းဆွဲထားတယ်။
လက်နက်ကိုင် ပါတီအဖွဲ့ အစည်းတွေလည်း လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်စွန်
ပါတီထောင် ၂၀၀၈ ခုနှစ်အောက်ဝင်၊ လွှတ်တော်ထဲမှာ မိမိပြောချင်ရာပြော
ဆိုတဲ့ လက်နက်ချလမ်းစဉ်ကို ရေးစွဲခဲ့တယ်။
နိုင်ငံခြားရောက် ဒီမိုအင်အားစုများကလည်း ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအောက်
လျှိုဝင်ဖို့  အစိုးရက လမ်းဖွင့်ထားတယ်။ လျှိုဝင်မှ တရားဝင်ရပ်တည်ခွင့်၊
ပါတီထောင်ခွင့် ရနိုင်မယ်လို့  လမ်းဖွင့်ထားတယ်။ နိုင်ငံခြားမှာရပ်တည်ဖို့ 
အခက်အခဲရှိပုံရပါတယ်။ နိုင်ငံခြားပြန် ပညာရှင်ဆိုသူတွေလည်း ၂၀၀၈ ခုနှစ်
ဖွဲ့ စည်းပုံအောက်ဝင်ပြီး အစိုးရအကြံပေးလိုလို ပူးပေါင်းလာကြတာတွေ့ ရတယ်။
နိုင်ငံကြီးအစိုးရဆိုတာတွေကလည်း
ပြုပြင်ရေးတွေ အများအပြားလုပ်ပြီဆိုပြီး သူတို့ ပိတ်ဆို့ မှုတံခါးချပ်တွေ
တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပါပြီ။
မျက်မှောက်ဗမာ့နိုင်ငံရေးဟာ ဦးသိန်းစိန်ကြံ့ခိုင်ရေးအစိုးရ
အင်အားစုအချို့ နဲ့  အနောက်လက်ဝါးကြီးအုပ် အရင်းရှင်အစိုးရတွေဟာ
ဗမာပြည်ဒီမိုကရေစီလမ်းကြောင်းပေ
တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နေကြတာတွေ့ ရတယ်။ ပြောဟန်ဆိုဟန်
အစိုးရနဲ့ ပူးတုံခွာတုံ လုပ်ဟန်တွေမှာ ခြားနာတာရှိကြပေမယ့် အစိုးရနဲ့ 
နိုင်ငံရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ မှာက တစ်စိတ်တစ်ဝမ်းတည်း တွေ့ နေရ
ပါတယ်။ ဒါကြောင့်လည်း ၂၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ
နှစ်ပတ်လည်ဝန်းကျင်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးလှိုင်းတချို့ ဖြစ်တဲ့
“အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေး” “ နိုင်ငံပြန်လည်တည်ဆောက်ရေး”
“တိုင်းပြည် ပြန်လည်တည်ဆောက်ရေး” ဆိုတာတွေ လှိုင်လှိုင်ပေါ်နေရတာပါ။
ဒီလို တိုင်းပြည်တည်ဆောက်ရေးလုပ်ဖို့ ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံမှာ
ပြည်သူတွေသွေးချောင်းစီးတိုက်ပွ
ထုတ်ကြည့်ရပါမယ်။ ဒီနေ့  ဦးသိန်းစိန်အစိုးရ လျှောက်လှမ်းနေမှုဟာ
၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နေတာလား၊ ဖျက်ဆီး
ချေမှုန်းနေတာလား။ ၉၀ ခုနှစ် ရလဒ်ဆိုတာက အနှစ်သာရအရ စစ်တပ်က
နိုင်ငံရေးအာဏာစွန့် ပြီး စစ်တန်းလျားပြန်ရေးဘဲဖြစ်တယ်။ စစ်တပ်က
နိုင်ငံရေးမှာ ဦးစီးဦးဆောင်လုပ်ခွင့်မရှိရဘူ
ဆောင်ရွက်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအရ စစ်တပ်က နိုင်ငံရေးကို
ဦးစီးလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်။ စစ်တပ်အာဏာကို အထူးအခွင့်အရေး
ပေးထားတယ်။
အလုပ်သမားများ အခြေခံလစာတောင် တရားဝင်မရ။ အလုပ်သမားဥပဒေ
ဆိုတာလည်း အလုပ်သမားများဘက်က ပြည့်ပြည့်စုံစုံ အကာအကွယ်မပေး။
အစိုးရကလည်း အလုပ်ရှင်ဘက်ကသာကာကွယ်။ လုပ်ခနဲ့ လူနေမှုစရိတ်
ခြားနားချက် ချိုင့်ခွက်ဖြည့်ဆည်းဖို့  အလုပ်သမားတွေ သပိတ်တိုက်ပွဲ
ဆင်နွှဲနေရ။ နိုင်ငံခြားရောက် မြန်မာလုပ်သားများ ဘာအာမခံချက်မှမရှိ။
အစိုးရရဲ့ ပြည့်ဝတဲ့ အကာအကွယ်ပေးမှုနတ္ထိ။ တောင်သူလယ်သမားတွေဟာ
ဗမာပြည်ရဲ့ စပါးကျီပါ။ နိုင်ငံခြားငွေ ရှာဖွပေးနေတဲ့ လယ်သမား ယာသမား
တွေပါ။ သို့ သော် သူတို့ ဘိုးဘေးဘီဘင်တွေဟာ တောကြီးမြက်မည်းတွင်းမှာ
လယ်ယာမြေဖြစ်ထွန်းဖို့ အတွက် ပင်ပန်းကြီးစွာ ဓားမဦးချ ခုတ်ထွင်ရှင်းလင်း
ဖော်ထုတ်ခဲ့ရတဲ့လယ်ယာမြေတွေ လုယက်ခံနေရတယ်။ အစိုးရဌာနနဲ့ စစ်တပ်၊
ဗျူရိုကရက်အရင်းရှင်ကုမ္ပဏီတွေက လုယက်နေတာပါ။ စာမတတ် ပေမတတ်
ရိုးသားစွာ လုပ်ကိုင်စားသောက်ပြီး မိမိဘ၀ ရုန်းကန်နေရတဲ့ ပင်ပန်းတဲ့
လယ်သမား ယာသမားကြီးများကို ရဲတပ်၊ စစ်တပ်၊ အုပ်ချုပ်ရေးရုံးကန္နားတွေနဲ့ 
အနိုင်ကျင့်ခြိမ်းခြောက်၊ စာရွက်ဗလာမှာ အဓမ္မလက်မှတ်ထိုးခိုင်းနဲ့ 
အနိုင်ကျင့်မှုတွေဟာ နယ်ချဲ့ ကိုလိုနီအစိုးရလက်ဝေခံ ချစ်တီးသူဌေးတွေနဲ့ 
တထေရာတည်းပါဘဲ။
သုံးသပ်ကြည့်ရင်..
(က) လက်ရှိအစိုးရဟာ မဆလ၊ န၀တ၊ နအဖ တို့ ရဲ့  အဆက်ဖြစ်တယ်။
(ခ) ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဆက်လက်ကျင့်သုံးနေသမျှ
(အပေါ်ယံပြုပြင်ပြီးဘဲ ကျင့်သုံးကျင့်သုံး) ပြည်သူလူထုရပိုင်ခွင့်ဖြစ်တဲ့
အခြေခံဒီမိုကရေစီအခွင့်အရေးများ
အဓိပ္ပာယ်ထွက်ပါတယ်။
(ဂ) ငြိမ်းချမ်းရေးစကားဝိုင်းများ ရောင်စုံလုပ်ပြနေပြီး လူမျိုးစုံဒေသတွင်း
တပ်အင်အား တိုးချဲ့ ဖြည့်တင်းနေသရွေ့ ၊ ထိုးစစ်တိုက်စစ်များ ကျင့်သုံးနေသရွေ့ 
နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပပြခြင်းဟာ ဟန်ပြတွေ့ ဆုံဆွေးနွေးရေးသာ
ဖြစ်နိုင်ပါမယ်။
(ဃ) ပြည်သူ့ အကျိုးစီးပွားအတွက် လှုပ်ရှားတိုက်ပွဲဝင်သူတွေကို ၀ရမ်းထုတ်၊
ဖမ်းဆီး၊ ထောင်ချ လုပ်နေသရွေ့  နိုင်ငံရေးဆွေးနွေးပွဲဆိုတာတွေဟ
ဟန်ပြဆွေးနွေးပွဲကြီးသာ ဖြစ်ပါလိမ့်မယ်။
မျက်မှောက်အခြေအနေဟာ အထက်ဖော်ပြတဲ့ အနေအထားမှာ ရှိနေသေးတဲ့
အတွက် နိုင်ငံတော်တည်ဆောက်ရေး ၀ိုင်းဝန်းဆောင်ရွက်ရေးဆိုတဲ့
နိုင်ငံရေးလှိုင်းဟာ ရှစ်လေးလုံးဒီမိုကရေစီတော်လှန်ေ
သွေဖီနေတာဖြစ်တဲ့အတွက် အဲဒီတည်ဆောက်ရေးလမ်းစဉ် ကိုင်စွဲသူများ
ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။
ဗမာပြည်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် ငြိမ်းချမ်းစွာကူးပြောင်းချင်တယ
ရှစ်လေးလုံးအရေးတော်ပုံတိုက်ပွဲ
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက်
အမျိုးသားနိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲကြီး အမြန်ဆုံးပေါ်ပေါက်ရေးဟာ
ဒီနေ့ ဗမာ့နိုင်ငံရေး အထွေထွေအကျပ်အတည်းများရဲ့ ထွက်ရပ်လမ်းဖြစ်မယ်လို့ 
ထင်မြင်ယူဆပါကြောင်း...
ခမ်းဝင်း
(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၀ တွင် ဖော်ပြပါရှိသော ခမ်းဝင်း ၏
“ရှစ်ဆယ့်ရှစ် အရေးတော်ပုံလမ်းကြောင်း ဘယ်လဲ” မှ ထုတ်နုတ်ပါသည်)
No comments:
Post a Comment