Tuesday, July 16, 2013

ပဲခူးမြို့တွင် ဆန်္ဒဖော်ထုတ်ချိန်၌ မြို့နယ်တ ရားရုံးအနီး ဗုံးနှစ်လုံးတွေ့ရှိ



ဇူလိုင် ၁၆၊ ပဲခူး

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နံနက် ၉ နာရီ ၁၀ မိနစ် ခန့်အချိန်တွင် ပဲခူးမြို့တရား လွှတ်တော်တရားရုံးရုံးပေါက်ဝ အပြင်ဘက်နှင့် မြို့နယ်တရား ရုံး(ဆင်ဝင်ပေါက်)နှစ်နေရာ၌ တစ်ပြိုင်နက်တည်း ဗုံးနှစ်လုံး တွေ့ရှိခဲ့ကြောင်းသိရသည်။
M.6/ 106.05/ 2008 စနက်တံပါ အဆိုပါဗုံးနှစ်လုံး အားသတင်းကြားကြားခြင်း အင်းတကော် BE တပ်ဗုံးရှင်း ရေးအဖွဲ့မှ အချိန်မှီရှင်းလင်းနိုင် ခဲ့ရာ မနက် ၁၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါကိစ်္စနှင့် ပတ်သက် ၍ ပဲခူးအမှတ်(၁)ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ကြေးနန်း သတင်းအဖြစ်သာသိရှိသေး ကြောင်း၊ သတင်းအပြည့်အစုံ မသိရသေးကြောင်း၊ တာဝန်ရှိ သူတစ်ဦးက အင်ပါယာနေ့စဉ် သို့ပြောကြားသည်။ အဆိုပါ ဗုံးနှစ်လုံးတွေ့ရှိသည့်အချိန်နှင့် ဦး ၀င်းချို၊ ရန်ပိုင်စိုးတို့ခေါင်းဆောင် ပြုလုပ်ခဲ့သည့်ဆန်္ဒထုတ်ဖော်ပွဲ ပြုလုပ်ချိန်နှင့် တိုက်ဆိုက်နေသ ဖြင့် အဆိုပါဆန်္ဒထုတ်ဖော်ပွဲအ ပေါ်သံသယရှိကြောင်း ပဲခူးမြို့ ရှိ ဒေသခံတစ်ဦးက မှတ်ချက် ပေးပြောကြားခဲ့သည်။

ဧရာ(ပဲခူး)

No comments: