၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများက
ိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦးတို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး
သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ
စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက်
နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ
သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့်
အမှုဖွင့် အရေးယူခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိခိုအောင်းနိုင်သည့်
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွတ်၍
စုံစမ်းခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းနှင့် ယာဉ်အဝင်/အထွက်သွားလာမှုများအား ပိုက်စိပ်တိုက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
စုံစမ်းချက်များအရ ၉-၆-၂ဝ၁၃ ရက်နေ့ ၁၉ဝဝ အချိန်တွင် သထုံမြို့နယ်၊
ညောင်ချောင်း ကျေးရွာအနီးရှိ ရာဘာခြံလုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍
လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်းကျေးရွာသို့
သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦး
ရောက်ရှိလာပြီး လမ်းပြပေးရန် လာခေါ်ခဲ့ကြောင်း၊ အဆိုပါလူ(၄)ဦးတွင်
ဝင်းဗိုလ်ဆိုသူ ပါဝင်ကြောင်း၊ ဝင်းဗိုလ်(၃၅)နှစ်မှာ အလုပ်အကိုင်အတည်တကျ
မရှိဘဲ မိန်းမ(၃/၄)ဦးခန့်
ယူထားကြောင်း၊ ဝင်းဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ
ခမ်းလှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၎င်းနောက် ဖားပိုင်ကုန်း
ကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက်ထွက်ခွာသွားကြောင်းနှင့် ဝင်းဗိုလ်မှာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီးဝတ်ဖြင့်ပင် မြဝတီဘက်သို့ထွက်ခွာသွားခဲ့ရာ ပြန်လာခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရသူ ဝင်းဗိုလ်၏ ဓါတ်ပုံအား ဆက်စပ်နယ်မြေရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓါတ်ပုံပြသ၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဟုတ်/မဟုတ်
တိုက်ဆိုင်စစ်ဆေးခြင်းများ၊ ၎င်းသွားလာတတ်သော ညောင်ချောင်းစခန်းကြီးရွာ၊
ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ဝင်းဗိုလ်၏ သတင်းရရှိရေးအတွက်
စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
၇-၇-၂ဝ၁၃ ရက်နေ့ ၁ဝ၃ဝ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေ
ဒေါ်ရွေဇင်၏ ဈေးဆိုင်ရှိ အငှားဖုန်းသို့ ၎င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ
ဖုန်းနံပါတ် ဝ၈၈၁၄၆၂၅၃၃ မှ ဦးဇင်း ဝင်းဗိုလ်က ဖုန်းဆက်ခဲ့ကြောင်း
သိရှိရသဖြင့် အဆိုပါဖုန်းနံပါတ်ကို အခြေခံ၍ စုံစမ်းခဲ့ရာ ဝင်းဗိုလ်မှာ
မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာအနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနိုင်ကြောင်း
သိရှိရသည်။
၎င်းနောက် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊
နယ်မြေခံတပ်မတော်သားများ၊ နယ်ခြားစောင့် တပ်များမှ တပ်ဖွဲ့ဝင်များ
ပူးပေါင်းလျက် မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာ အနီး ၈၁၇
ကျေးရွာနယ်မြေဒေသနှင့် ပတ်ဝန်းကျင်ဒေသများသို့ ၈-၇-၂ဝ၁၃ ရက်နေ့ ၁၆ဝဝ
အချိန်မှစ၍ ဝိုင်းဝန်း ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ
၂၂၃ဝ အချိန်တွင် နယ်မြေခံတပ်က မြဝတီမြို့နယ်၊ ၈၁၇ ရွာရှိ မဉ္ဇူမြိုင်
ဘုန်းကြီးကျောင်း၌ ဝင်းဗိုလ်အား ဖမ်းဆီးရမိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့
လွဲပြောင်းပေးအပ်ခဲ့သည်။
ဝင်းဗိုလ်အား စစ်ဆေးချက်အရ ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်လူသတ်မှုကျူးလွန်ခဲ့ ရာတွင် ၎င်းကိုယ်တိုင်ခေါင်းဆောင်ခဲ့ပြီး
၎င်းနှင့်အတူ သထုံမြို့နယ်၊ ဖားပိုင်ကုန်းကျေးရွာနေ အောင်ထူးနှင့် ဇော်ဝိတ်၊
ဝါးဂုတ်ကျေးရွာနေ စောသာပလို့ထူးနှင့် မောင်ငယ်ထွေး၊ ကမ်းနီကုန်းကျေးရွာနေ
မောင်ငယ်တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ
၁၃-၇-၂ဝ၁၃ ရက်နေ့ ၁၁၃ဝ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေသူများ
ဖြစ်ကြသည့် ဇော်ဝိတ်(၃၈)နှစ်၊ အောင်ထူး(၃၆)နှစ်နှင့်
မောင်ငယ်(၃၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ကျန်ရှိနေသည့် ဝါးဂုတ်ရွာ
နေသူများဖြစ်သည့် မောင်ငယ်ထွေးနှင့် စောသာပလို့ထူး တို့အား
အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် သက်သေခံ ပစ္စည်းများ သိမ်းဆည်းနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://myanmarpoliceforce.org/index.php?option=com_content&view=category&id=104 တွင်ဖော်ပြထားရှိပါသည်။
No comments:
Post a Comment