Saturday, July 20, 2013

တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်း

 
အောက်တွင်ဖေါ်ပြထားသောသတင်း(၂)ပုဒ်တို့ ကိုဖတ်ကြည့်လျှင် သတင်းအဓိပ္ပါယ်တူညီနေတာ တွေ့ ရပါတယ်။
တာဝန်ထမ်းဆောင်ရာတွင်အသုံးပြုရန် လက်နက်ကိုင်ဆောင်ခွင့်ရရှိထားသော ၀န်ထမ်း(၂)ဦး၊ မိမိတို့ ကိုင်ဆောင်ခွင့်
ရရှိထားသောလက်နက်ကို တာဝန်အတွက်မဟုတ်ဘဲ၊ မိမိကိုယ်ကျိုးအတွက်အသုံးပြုထားကြတာချင်းတူညီနေတာကို
တွေ့ ရမှာဖြစ်ပါတယ်။ တခုကွာခြားတာကတော့ အောက်သတင်းပါ ပြစ်မှုကျူးလွန်သူဟာ ရည်ရွယ်ချက်ရှိ/မရှိတော့
မသိရပေမယ့်၊ အရက်မူးလွန်နေချိန် ပြစ်မှုကျူးလွန်တာဖြစ်ပါတယ်။ အထက်ကသတင်း(မြန်မာပြည်သတင်း) ထဲမှာ 
တော့ ပြစ်မှုကျူးလွန်သူဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုပြစ်မှုကျူးလွန်တာ တွေ့ ရပါတယ်။
 
အောက်ကသတင်းမှာတော့ အဖြေကိုပါ ရှင်ရှင်းလင်းလင်းဖေါ်ပြထားပါတယ်။ အမေရိကားနိုင်ငံ၊ အာရီဇိုးနားပြည်နယ်၊
Tucson မှ ရဲအရာရှိတဦး တာဝန်ထမ်းဆောင်ချိန်မဟုတ်ဘဲ မိမိအားလပ်ချိန် အရက်အလွန်အကျွံသောက်ပြီး၊ အလုပ်
်အတွက်ထုတ်ပေးထားတဲ့သေနတ်ကို ဓါတ်ဆီဆိုင်အရောင်းစာရေးအားချိန်၍ ခြိမ်းခြောက်ခဲ့သည့်ပြစ်မှု ကျူးလွန်ခြင်းဖြစ်
်ပါတယ်။ သက်ဆိုင်ရာရဲစခန်းတာဝန်ရှိသူများက ချက်ချင်းစစ်ဆေးပြီး၊ ပြစ်မှုကျူးလွန်သူ ရဲအရာရှိအား အလုပ်မှထုတ်ပယ်
လိုက်ပါတယ်။
 
မြန်မာပြည်က ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာရဲစခန်း၊ တရားရုံးများသို့ တိုင်ကြားခဲ့သော်လည်း ယခုအထိအရေးယူဆောင်
ရွက်ခြင်းများ မရှိသေးဟု သတင်းတွင်ဖေါ်ပြပါရှိပါသည်။ အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့်ရအုန်းမယ်ဖြစ်ပါတယ်။
 
အရေးယူခြင်းမရှိဘူးဆိုရင်တော့ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးမရှိသေးဘူးလို့ ပြတ်ပြတ်သားသား ပြောနိုင်ပါတယ်။
ဘာကြောင့်လည်းဆိုရင် တရားဥပဒေရဲ့အထက်မှာ ခွထိုင်နေသူတွေ ရှိနေသေးလို့ ပါဘဲ။ လက်ရှိ ပြည်သူ့ လွှတ်တော်ဥက္ကဌ
ဦးရွှေမန်း ယူနီဖောင်းမချွတ်သေးခင်ကာလက "တရားဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ" လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်
ယခုအထိ လက်တွေ့ အကောင်အထည်ဖေါ်တာမတွေ့ ရသေးပါ။ ကိုယ်ပြောခဲ့ဖူးတဲ့စကားလည်း မှတ်မိသေးရဲ့လားတော့မသိပါ။
အထူးသဖြင့် စစ်တပ်ကရာထူးကြီး ရထားသူတွေ (ယူနီဖောင်းဝတ်ထားသူတွေ) ပြစ်မှုကျူးလွန်ခဲ့ရင် အရပ်သားပြစ်မှုကျူးလွန်
သူတွေလို အပြစ်ပေးတာမျိုးမရှိလို့ ပါဘဲ။ ကျန်းမာရေးမကောင်းလို့  အလုပ်မှ အငြိမ်းစားယူခွင့်ပေးလိုက်သည်ဆိုတာနဲ့ ဘဲ
ပြီးသွားကြပါတယ်။ ဗိုလ်ချုပ်နေ၀င်း မဆလာ အစိုးရလက်ထက်ကျင့်သုံးသည့် ကျင့်စဉ်များအတိုင်းပင်ဖြစ်ပါတယ်။
 
သန့်ရှင်းသောအစိုးရဖြစ်အောင်ဆောင်ရွက်မည်ဟု ကြွေးကြော်သော သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးသည်မှ ယနေ့ တိုင်
ပြစ်မှုကျူးလွန်သော စစ်တပ်အရာရှိကြီးများ အရေးယူခံရသည်ကို မကြားရ မမြင်ရသေးပါ။ ယနေ့ အထိအရပ်သားအရာထမ်း၊
အမှုထမ်းများသာ အရေးယူအပြစ်ပေးခံရခြင်းများတွေ့ နေရပါသည်။ အရပ်သားလည်းဝန်ထမ်း၊ စစ်သားလည်းဝန်ထမ်း၊ ၀န်ထမ်း
ခြင်းအတူတူ မည်သည့်အတွက်ကြောင့် ဥပဒေသည်မိုးကွက်ကျားရွာနေရပါသလဲ။ ယခုအကောင်အထည်ဖေါ်နေသော စစ်တပ်  
ဦးဆောင်ဒီမိုကရေစီစံနစ်တွင် စစ်တပ်မှပြစ်မှုကျူးလွန်သူများအား အပြစ်ပေးခြင်းမှကင်းလွတ်ခွင့်ပေးရမည်ဟု ၂၀၀၈ ဖွဲ့ စည်းပုံ
ဥပဒေတွင်ထည့်သွင်းရေးဆွဲထားပါသလား။ ပြောင်ထည့်သွင်းရေးဆွဲထားခြင်း မရှိသော်လည်း တမတ်သားစစ်သားများကြီးစိုးနေ
သော စစ်တပ်ပုဆိုးဝတ်ဒီမိုကရေစီအစိုးရအဖွဲ့ တွင် စစ်ဗိုလ်စစ်သားများသည် အခွင့်ထူးခံများအဖြစ်ဆက်လက်နေရာယူထားသူများ
ဖြစ်ပါတယ်။ ဤသို့ ဆိုပါက စစ်တပ်သည် တရားဥပဒေရဲ့အထက်မှာ ခွထိုင်နေသူတွေ ပင်ဖြစ်ပါလိမ့်မယ်။
 
ယခင် ကြားဖူးသည်ကတော့ " စစ်သားသည် တိုက်ရဲသည်၊ သေရဲသည် " ဟူ၍သာ၊
ယခုကြားသိမြင်တွေ့ နေရသည်များကတော့ "  စစ်သားသည် လုရဲသည် ခိုးရဲသည်၊ ပြစ်ဒဏ်တော့မကျခံရဲ " ဟူ၍သာ။

                            *  *  *  *  *  *  *   *  *

Friday, July 19, 2013

ဗိုလ်ချုပ်မှူးကြီး၏ကိုယ်ရေးအရာရှိ ဗိုလ်ချုပ်စိုးရှိန် လယ်သမားများကို သေနတ်ဖြင့် ခြိမ်းခြောက်ဟု မြန်မာတိုင်းမ်တွင် သတင်းဖော်ပြ

 
ရန်ကုန်၊ ဇူလိုင် ၁၇

ယခင်နအဖအစိုးရအကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) တာဝန်ထမ်းဆောင်စဉ်က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်စိုးရှိန်သည် ဇူလိုင်လ ၉ရက်နေ့က နေပြည်တော် လယ်ဝေးရှိ လယ်ယာလုပ်ကိုင်နေသူအချို့ကို သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ အုပ်စုဖြင့် လက်နက်ကိုင် ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ပြီး ယင်းကိစ္စကို သက်ဆိုင်ရာရဲစခန်းနှင့် တရားရုံးများသို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှု မရှိခဲ့ပေ။

အထက်ပါ သတင်းဖြစ်စဉ်ကို အပတ်စဉ်ထုတ် Myanmar Times English Version ဇူလိုင် ၁၅ရက် နေ့ထုတ်တွင် ဖော်ပြထားသည်။

ယင်းဖော်ပြချက်တွင်-

နေပြည်တော်လယ်ဝေးမြို့နယ်မှ လယ်ယာလုပ်ကိုင်သူ ကိုအောင်သန်းဦးက သူသည်လယ်ယာမြေအတွင်း ပေါင်းပင်များ ရှင်းလင်းနေစဉ် ဗိုလ်ချုပ်စိုးရှိန်က လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မျက်မြင်သက်သေများက ဗိုလ်ချုပ်စိုးရှိန်သည် ကိုအောင်သန်းဦးကို အလုပ်လုပ်နေရာမှ ရပ်တန့်ရန်နှင့် ချက်ချင်းလယ်မြေမှ ထွက်ခွာသွားရန်၊ ပြောသည့်အတိုင်းမပြုလုပ်ပါက သေနတ်ဖြင့်ပစ်ခတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ်ကိုပြောခဲ့သည်။

၎င်းတို့၏အဆိုအရ ဗိုလ်ချုပ်စိုးရှိန်နှင့်အတူ ပါလာသောအဖွဲ့ဝင်က ကိုလှိုင်ဖြိုးဝင်းကို ကိုယ်ထိ လက်ရောက်ကျူးလွန်မှုပြုခဲ့ကြောင်း ပြောခဲ့သည်။

ကိုအောင်သန်းဦးက သူ့အနေဖြင့် ဗိုလ်ချုပ်စိုးရှိန် သေနတ်ကို ဆွဲထုတ်လိုက်သည့်အချိန် ကြောက်ရွံ့ စိုးရိမ်မိကြောင်း ပြောခဲ့သည်။

““ဗိုလ်မှူးချုပ်စိုးရှိန်က သူ့သေနတ်ကိုဆွဲထုတ်ပြီး ကျွန်တော့် ခေါင်းကိုချိန်ခဲ့တယ်။ ပြီးတော့ ကျွန်တော် အလုပ်လုပ်နေတာကို ရပ်ဖို့ခိုင်းတယ်။ကျွန်တော် ကြောက်ပြီးတော့ ထွက်ပြေးတယ်။ ဒါပေမဲ့သူ အနောက်က လိုက်လာတယ် (အဖော်ငါးယောက်ပါ) ပြီးတော့ သူတို့လက်ထဲမှာဓားတွေပါတယ်”” ဟု ဇူလိုင်လ၉ရက်နေ့ကပြောခဲ့သည်။

ယင်းလယ်တွင် စာရင်းငှားလုပ်ကိုင်သူ ကိုဇော်မင်းက နေ့လယ် ၁၁နာရီခန့်အချိန်တွင် ဗိုလ်ချုပ်စိုးရှိန်နှင့် အဖွဲ့သည် အဆိုပါ လယ်မြေသို့ ယာဉ်နှစ်စီးဖြင့်ရောက်ရှိလာခဲ့ကြောင်းပြောခဲ့သည်။

““သူတို့ နှမ်းခင်းနားမှာ ယာဉ်ကိုရပ်လိုက်ပါတယ်။ ပြီးတော့သူတို့ လယ်ထဲဝင်လာကြတယ်။ ပြီးတော့ ကျွန်တော်တို့အလုပ်လုပ်နေတာကို ရပ်ဖို့ပြောတယ်။ ဗိုလ်ချုပ်စိုးရှိန်က သူ့သေနတ်ကိုဆွဲထုတ် ပြီးသူ့ (ကိုအောင်သန်းဦး)ကို ချိန်ပြီးတော့ အလုပ်လုပ်တာရပ်ဖို့ ပြောတယ်။ သူကြောက်ပြီးတော့ ရွာဘက်ကို ထွက်ပြေးတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်စိုးရှိန်နဲ့ သူ့အဖော်တွေက သူ့နောက်ကို ဓားတွေနဲ့လိုက်ကြ တယ်””ဟုကိုဇော်မင်းက ပြောသည်။

ယင်းဒေသတွင်နေထိုင်သူများက လက်နက်ကိုင်၍ ခြိမ်းခြောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ် ကြောင်းပြောခဲ့ပြီး ဗိုလ်ချုပ်စိုးရှိန်၏ အလုပ်သမားအချို့ကလည်း သူတို့အပေါ် စကားဖြင့် ခြိမ်းခြောက် ပြောဆိုမှုများပြုခဲ့ကြောင်းလည်း ဆိုခဲ့သည်ဟု ပါရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မိမိအနေဖြင့် ဇူလိုင်လ ၁၅ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် မြေယာသိမ်းဆည်းမှု ကိစ္စများ ဆွေးနွေးစဉ်က ထည့်သွင်းပြောကြားမှု ပြုလုပ်ခဲ့ကြောင်း မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဒေါ်စန္ဒာမင်းက ဇူလိုင်လ၁၅ ရက်နေ့ကပြည်ထောင်စုလွှတ်တော် ၌ ““တပ်မတော်အရာရှိကြီးတစ်ဦးက တစ်ချိန်ကသူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး လယ်သမားတွေရဲ့မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းမပြ နိုင်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး အာဏာပိုင်တွေနဲ့ပေါင်း၊ မြေခွန်တွေကို ၎င်းနာမည်နဲ့ ပြန်လည် ဆောင်ပါတယ်။ လယ်သမားတွေကို လက်နက်ပြအတင်း ခြိမ်းခြောက်ပြီးလယ်ယာမြေထဲက မောင်းထုတ် တဲ့ကိစ္စတွေကို လယ်ဝေးမြို့နယ်ထဲမှာ မနေ့တစ်နေ့ကပဲဖြစ်ခဲ့ရပါတယ်”” ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အပေါ် ဗိုလ်ချုပ်စိုးရှိန်က ““သူတို့တွေကို ဒီလိုမလုပ်ဖို့ ကျွန်တော် အမြဲတမ်းသတိပေးခဲ့တာ။ ဥပဒေကြောင်းအရ ဒီလယ်မြေကိုကျွန်တော်ပိုင်တယ်။ ဒါပေမဲ့ သူတို့က ဒီမှာဆက်လုပ်နေတုန်းပဲ။ ဒါကြောင့် သူတို့ကို ချက်ချင်းထွက်သွားအောင် နည်းနည်းလေး သတိပေးလိုက်တာပါ””ဟု Myanmar Times တွင် ပြောကြားထားသည်။

ဗိုလ်ချုပ်စိုးရှိန်က ၎င်းကိုယ်တိုင်ဝန်ခံပြောကြားမှု ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာရဲစခန်းနှင့် တရားရုံးတို့က အရေးယူမှုမရှိကြောင်း ဒေါ်စန္ဒာမင်းက““ကျွန်မတို့ရုံးကိုလာပြီးတော့ မြေယာသိမ်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လာပြီး တိုင်ကြားပါတယ်။ တိုင်ကြားတဲ့အခါမှာ ကျွန်မကြည့်လိုက်တဲ့အခါ သူတို့စာလည်းရေးထား တယ်ပေါ့နော်။ ပထမတော့ သူတို့ သက်ဆိုင်ရာနယ်မြေရဲ့ လယ်ဝေး ရဲစခန်းကိုသွားတိုင်တဲ့အခါ လယ်ဝေး ရဲစခန်းကအရေးမယူပေးဘူး။ တရားရုံးကို ဦးတိုက်လျှောက်ပါလို့ ပြောတယ်။ တရားရုံးကို ဦးတိုက်လျှောက် တော့သူတို့နဲ့မသက်ဆိုင်ဘူး။ ရဲစခန်းမှာပဲ အမှုပြန်ဖွင့်ပါလို့ပြောတော့ သူတို့အမှတ် ၁ရဲစခန်းကို အကြောင်း ကြားတော့ အရေးယူပေးပါ့မယ်လို့ပြောတယ်။ အဲဒါနဲ့သူတို့အမှတ် ၁ ရဲစခန်းကို ရောက်လာတဲ့ အခါမှာလည်း အမှတ်၁ရဲစခန်းက အရေးမယူပေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာကိုမှ အရေးမယူဘူး””ဟု ပြောသည်။

ရဲစခန်းမှာ လယ်ယာမြေကိစ္စများကို လွှတ်တော်မှရှင်းပေးနေ၍ လွှတ်တော်တွင်သာ သွားရှင်းရန် ပြောကြား၍ လယ်သမားများမှ လယ်ယာမြေရရှိရေး တိုင်းကြားခြင်းမဟုတ်ဘဲ လက်နက်ပြ ခြိမ်းခြောက်တဲ့အတွက် လာရောက် တိုင်ကြားရခြင်းဖြစ်ကြောင်း ဆိုသော်လည်း အရေးယူပေးခြင်းမရှိဟု ဒေါ်စန္ဒာမင်းက မြန်မာသံ တော်ဆင့်သို့ပြောသည်။

ထို့ပြင်လယ်သမားများက လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများသို့ တင်ပြတိုင်ကြားထားသော်လည်း မည်သည့်အရေးယူ ဆောင်ရွက်မှုမှမရှိကြောင်း Myanmar Times တွင်ဖော်ပြထားသည်။

ယခုပြဿနာဖြစ်ပွားသော လယ်ယာမြေနှင့် ပတ်သက်၍ လယ်သမားများသည် လွန်ခဲ့သော နှစ်ပေါင်း၂၀ကပင် လုပ်ကိုင်နေကြသည်မှာမှန်သော်လည်း ၎င်းတို့တွင် ပိုင်ဆိုင်မှုအထောက်အထား မပြသနိုင်ကြောင်းနှင့် ပြဿနာ ဖြစ်ပွားသော တပ်မတော်အရာရှိကမူ ထိုနေရာတွင် ဧက ၃၀မျှပိုင်ဆိုင်ကြောင်း အထောက်အထား လုပ်ထားနိုင်ကြောင်းနှင့် လွန်ခဲ့သော၂နှစ်ကပင် ၎င်းနာမည်ဖြင့် မြေခွန်ဆောင်လျက်ရှိသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

လယ်ယာမြေကိစ္စအပေါ် ဗိုလ်ချုပ်စိုးရှိန်သည် လယ်ယာမြေ ဥပဒေကိုချိုးဖောက်ကာ လယ်ဝေး မြို့နယ် အတွင်းဧက ၅၀၀ကို ၂၀၁၀-၂၀၁၁ခုနှစ်က ရယူသွားကြောင်း Myanmar Times တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လူ့အခွင့်အရေးကိစ္စရပ်များကို အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လာခဲ့သူ NLD ပါတီ သဘာပတိ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က““ဦးသန်းရွှေလို ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဒီလိုဟာမျိုးကို ထိန်းသိမ်းသင့်တယ်လို့ ယူဆတယ်။ ဦးသန်းရွှေရဲ့မြေးတစ်ယောက်က ဟိုးတလောက ယာဉ်ထိန်းရဲတစ်ယောက်ကို ပါးရိုက်တယ်ဆိုတာမျိုးတွေ၊ အခု သူနဲ့ ပတ်သက်တဲ့ လူတစ်ယောက်က ဒီလိုလုပ်တယ်ဆိုတဲ့ အခါကျတော့ တိုင်းပြည်မှာသူတို့ရဲ့ ပုံရိပ်က မကောင်းနိုင်ဘူး။ အမှန်တော့ တိုင်းပြည်မှာ သူတို့ရဲ့ ပုံရိပ်ကလည်း ကောင်းတာလည်းမရှိပါဘူး။ ဒီလို မကောင်းတဲ့အထဲမှာ ဒီလိုထပ်ထပ်ပြီးဖြစ်တယ် ဆိုရင်တော့ သူတို့ နဲ့ပတ်သက်တဲ့လူတွေ အကုန်လုံးကနေ တားဆီးပြုပြင်မှု လုပ်သင့်တယ်လို့ထင်တယ်။ နောက်အခုလို လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး အလွန်ကို ကြီးကျယ်လှတဲ့ ပြဿနာဖြစ်နေတဲ့ အချိန်မျိုးမှာ ဒီလိုပုဂ္ဂိုလ်များရဲ့ လုပ်ရပ်ဟာ ဒီပြဿနာတွေကို ပိုပြီးတော့ ကြီးမားအောင်၊ ဒုက္ခပိုရောက်အောင် ဖြစ်စေတဲ့ကိစ္စမျိုးဖြစ်တယ်”” ဟုပြောသည်။ ဗိုလ်ချုပ်စိုးရှိန်၏ ယခုလုပ်ရပ်အပေါ် တပ်မတော်အရာရှိကြီးတစ်ဦးအနေဖြင့် ယခုကဲ့သို့ပြည်သူလူထုကို ကာကွယ်ရာတွင်သာ အသုံးပြုရမည့်လက်နက်ကို ပြည်သူလူထုအား ခြိမ်းခြောက်မှု ပြုလုပ်ခြင်းသည် တပ်မတော်နှင့် ပြည်သူလူထုကြား အလွန်ရင်လေးဖွယ် ကိစ္စတစ်ရပ်ဖြစ်သလို တပ်မတော်၏ဂုဏ်သိက္ခာကို အလွန်ထိခိုက် စေကြောင်း၊ ယခင်အာဏာရှင်စနစ်ဟောင်း၏ အငွေ့အသက်များ ပျောက်ကွယ်မှုမရှိသေးသည့် ပြယုဂ် ဖြစ်ကြောင်းနှင့် ၎င်းကိစ္စကို တိုင်းသိပြည်သိပွင့်လင်းမြင်သာစွာအရေး ယူဆောင်ရွက်ပြီး တရားဥပဒေ နည်းကျ ဆုံးဖြတ်ဆောင်ရွက်မှသာ ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို ယုံကြည်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက လက်ရှိအစိုးရ၏ ဂုဏ်သိက္ခာကိုလည်း များစွာထိခိုက်စေပြီး အရေးယူဆောင်ရွက်မှုများမပြုလုပ်ပါက တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်သည့်အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့ခြင်းကြောင့်ဆိုကာ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လက်ရှိ အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
 
ဗိုလ်ချုပ်စိုးရှိန်သည် ယခင်နအဖအစိုးရအကြီးအကဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ ဦးသန်းရွှေအနား မယူခင်အချိန်ထိ ကိုယ်ရေးအရာရှိ အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

 
Ref:Myanmar Times English Version
by Myanmartandawsint Newspaper
 
                                                                     =?   =?   =?   =?   =?   =?
 
 
In this image taken from
 surveillance video provided by the Pima County Sheriff's Department, a man identified as off-duty Tucson, Ariz. police officer Kyle James McCartin, 23, wearing a bullet proof vest, aims a gun at a Giant Gas Station clerk in Tucson early Tuesday, July 16, 201. Authorities say two men wearing bullet-proof vests approached the gas station clerk and one of them later identified as
 McCartin allegedly pulled out a gun and pointed it twice at the clerk. McCartin was taken into custody early Tuesday, and was later fired. (AP Photo/Pima County Sheriff's Department)
In this image taken from surveillance video provided by the Pima County Sheriff's Department, a man identified as off-duty Tucson, Ariz. police officer Kyle James McCartin, 23, wearing a bullet proof vest, aims a gun at a Giant Gas Station clerk in Tucson early Tuesday, July 16, 201. Authorities say two men wearing bullet-proof vests approached the gas station clerk and one of them later identified as McCartin allegedly pulled out a gun and pointed it twice at the clerk. McCartin was taken into custody early Tuesday, and was later fired. (AP Photo/Pima County Sheriff's Department)
 
Associated Press
July 17, 2013
 
TUCSON, Ariz. (AP) — A Tucson, Ariz., police officer has been fired after authorities say he pulled a gun on a gas station attendant while off duty and apparently intoxicated.
The Pima County Sheriff's Department notified Tucson police that 23-year-old Kyle James McCartin was arrested early Tuesday on two counts of aggravated assault.
Deputies were called to a Giant Gas Station and learned two men who appeared very intoxicated entered the store wearing bulletproof vests.
Authorities say one of the men pulled out a handgun and pointed it at the clerk twice.
Deputies found the men at a nearby apartment complex and the clerk identified McCartin as the man with the gun.
Police say McCartin was hired in September and was on probationary status.
It's unclear if he has a lawyer.
 

No comments: