Friday, January 10, 2014

၈၈ပွင့်လင်းအဖွဲ့ ၏ ဥပဒေဘောင်အတွင်းမှ ဆန္ဒထုတ်ဖော်မှုကို အတုယူကြရန် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ချီးကျူးပြောဆို



၈၈ပွင့်လင်းအဖွဲ့ ၏ ဥပဒေဘောင်အတွင်းမှ ဆန္ဒထုတ်ဖော်မှုကို အတုယူကြရန် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ချီးကျူးပြောဆို
(နေပြည်တော်သတင်း)

၈၈ပွင့်လင်းအဖွဲ့ ၏ ဥပဒေဘောင်အတွင်းမှ ဆန္ဒထုတ်ဖော်မှုကို အတုယူကြရန် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ချီးကျူးပြောဆိုလိုက်သည်ဟု နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

အားလုံးတွေ့ကြတယ် မဟုတ်လား ၊ ဒီနေ့ညနေမှာ ၈၈ပွင့်လင်း အဖွဲ့က ဆန္ဒထုတ်ဖော်သွားကြတာလေ ၊ ဒါ ဒီမိုကရေစီပဲလေ ၊ ဒီမိုကရေစီရှိလို့ ဒီလောက်ကြီးတဲ့လူအုပ်ကြီးက စုဝေးခွင့်ရှိတာပေါ့ ၊ ဒါကိုမှ ဒီမိုကရေစီလို့ မပြောရင် ဘယ်ဟာကို ဒီမိုကရေစီလို့ပြောရမှာလဲ ၊
အဲဒီဆန္ဒထုတ်ဖော်ပွဲကို ဦးစီကျင်းပခဲ့တဲ့ ၈၈ပွင့်လင်းအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက ၄ ရက်နေ့ အစား ၅ရက်နေ့ကို ရွှေတာကို စောဒက မတက်ကြဘူး ၊ အဲဒါ ဒီမိုကရေစီနိုင်ငံကြီးသားပီသတာကိုပြတာပဲ ၊ နောက်ပြီး

ဆိုင်းဘုတ်အကြီးကြီး မလုပ်ရဘူး ၊ အများပြည်သူ အနှောင့် အယှက်မဖြစ်စေရဘူး ၊ အော်ဟစ်ရမ်းကားတာတွေ မလုပ်ရဘူး ၊ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အသုံးအနှုံးတွေ မသုံးရဘူး ၊ ခွင့်ပြုချက်မှာ မပါတာတွေကို ထည့်သွင်းရေးသားပြောကြားတာတွေ မလုပ်ရဘူး ၊ စတဲ့

အချက်တွေကိုလည်း ၈၈ပွင့်လင်းအဖွဲ့က တိတိကျကျလိုက်နာသွားတာတွေ့ရပါတယ် ၊ ဒါ ၂၀၁၄ အတွက် အားလုံး နမူနာယူသင့်တဲ့ ဆန္ဒဖော်ထုတ်ပွဲပါ ၊

ဒီဆန္ဒဖော်ထုတ်ပွဲရဲ့ ခေါင်းစဉ်ကိုက ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေ ပုဒ်မများကို ဖျက်သိမ်းရေးတဲ့ ၊ ဒါဘယ်လောက်လှတဲ့ ခေါင်းစဉ်လဲ ၊ ဒီခေါင်းစဉ်က အားလုံးပါဝင်ခွင့်ရစေတဲ့ခေါင်းစဉ်လေ ၊ တစ်ပါတီကောင်းစားဖို့

လုပ်နေတဲ့ခေါင်းစဉ်မဟုတ်ဘူး ၊ လူတစ်ယောက်ကောင်းစားဖို့ လုပ်နေတဲ့ ခေါင်းစဉ်မဟုတ်ဘူး ၊ လူတွေရဲ့ အသိဥာဏ်က အချိန်နဲ့လိုက်ပြီး ရင့်ကျက်နေတာလေ ၊ ဒီတော့ ဒီကနေ့အမြင်နဲ့ဆို ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနဲ့ အံမဝင်တာလေးတွေ နဲနဲ ပါးပါးရှိလာပြီပေါ့ ၊

ဒါတွေကို ပြန်ပြင်ရမှာပေါ့ ၊ ဒါ အားလုံးပါဝင်သင့်တဲ့ခေါင်းစဉ်ပါ ၊ နောက်တစ်ခါ ၈၈ပွင့်လင်းအဖွဲ့ ဆန္ဒထုတ်ဖော်မယ်ဆိုရင် ကျနော်တို့ အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေရော ကျနော်တို့ ကြံခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေပါ အင်တိုက်အားတိုက် ပါဝင်ဟောပြော

သွားပါ့မယ် ၊ ဒါမှလည်း လွှတ်တော်အထဲက တာဝန်ရှိသူတွေက ဖွဲ့စည်းပုံကြီးကို မြန်မြန်ဆန်ဆန် နဲ့ ပြင်ကြမှာပါ ၊ ဒီမိုကရေစီဆိုတာ ကိုယ့်ရေမြေဒေသ ကိုယ့်ယဉ်ကျေးမှုရိုးရာဓလေ့ တွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဖြစ်ရမယ်လေ ၊ လမ်းဘေးမှာ လူတကာပြောနေတဲ့

ဒီမိုကရေစီ ဆိုတာတွေကို ပုံတူလိုက်ကူးချလို့ ဘယ်ဖြစ်ပါ့မလဲ ၊

ဒီကနေ့ဆန္ဒဖော်ထုတ်ပွဲကို ကမ္ဘာကသိအောင် နည်းလမ်းပေါင်းစုံသုံးပြီး ချန်နယ်ပေါင်းစုံက ဖော်ပြသွားပါ့မယ် ၊ ဒီဆန္ဒဖော်ထုတ်ပွဲကမှ ပြည်သူ့ဆန္ဒအစစ်ပါ ၊ ဒီဆန္ဒဖော်ထုတ်ပွဲက ကျနော်တို့ အစိုးရရဲ့ ရပ်တည်မှုကို ရှင်းလင်းပြတ်သားစွာ ထင်ဟတ်စေပါတယ် ၊ ကျနော်တို့

အစိုးရက ဒီမိုကရေစီကျင့်ထုံးတွေ အတိုင်းပဲဆောင်ရွက်နေတဲ့ အစိုးရပါ ၊ ဥပဒေ မူဘောင်အတွင်းက ဆောင်ရွက်မယ်ဆိုရင် အားလုံးကို ခွင့်ပြုနေပါတယ် ၊ ဥပဒေဘောင်အတွင်းက ဆောင်ရွက်မှုမရှိသူတွေကိုသာ မတတ်သာတဲ့အဆုံး နိုင်ငံ့မျက်နှာ မထိခိုက်ရအောင်

သက်ညှာစွာနဲ့ ထိမ်းသိမ်းရခြင်းသဘောသာရှိပါတယ် ၊

ကျနော်စောစောကပြောသလိုပါပဲ ၊ ၈၈ပွင့်လင်းအဖွဲ့က လုပ်ခဲ့တဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲဟာ ပြည်သူ့ဆန္ဒအစစ်ပါ ၊ ဒီပွဲက ထွက်လာတဲ့ ပြည်သူ့ အသံတွေကို ဂရုတစိုက်နားထောင်ကြည့်ပါ ၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေကို ဖျက်သိမ်းရေး ဆိုတာပဲပါပါတယ် ၊
မြစ်ဆုံကိစ္စတို့ ကျောက်ဖြူကိစ္စတို့ လက်ပံတောင်းကိစ္စတို့ မြွေတောက်ဖားတောင်ကိစ္စတို့ ကချင်စစ်ပွဲကိစ္စတို့ လေးပွင့်ဆိုင်တွေ့ဆုံရေးကိစ္စတို့ သန်ခေါင်စာရင်းကိစ္စတို့ မီတာခကိစ္စတို့ တရုတ်နိုင်ငံချေးငွေကိစ္စတို့ တယ်လီဖုန်းကိစ္စတို့ အင်တာနက်နှေးတဲ့ကိစ္စတို့

တစ်စုံတစ်ယောက်သမ္မတဖြစ်ရေးကိစ္စတို့ စတဲ့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သွေးထိုးလှုံ့ဆော်တဲ့ အကြောင်းအရာခေါင်းစဉ်တွေ လုံးဝ မပါပါဘူး ၊ ဒါ့ကြောင့် ဒီကနေ့ဆန္ဒဖော်ထုတ်ပွဲ ခေါင်းစဉ်သာလျှင် ပြည်သူ့သဘောထားအစစ်ဖြစ်တယ်လို့ ကျနော်တို့

မှတ်ယူပါတယ် ၊ ကျန်တဲ့ ခေါင်းစဉ်တွေကတော့ ပြည်သူကို ခုတုံးလုပ်ပြီး ကိုယ်လိုရာဆွဲပြောနေတဲ့ ခေါင်းစဉ်တွေလို့ပဲ သတ်မှတ်ရတော့မှာပါပဲ ၊ ၈၈ပွင့်လင်းအဖွဲ့ကိုလည်း ကျနော် မေတ္တရပ်ခံထားတာရှိပါတယ် ၊ ဒီကနေ့ပွဲလိုမျိုးပွဲတွေ မန္တလေး နေပြည်တော် စတဲ့

မြန်မာနိုင်ငံအနှံ့မြို့ကြီးတွေမှာ ဆက်လက်ဆောင်ရွက်ဖို့ပါ ၊ ဒါမှ ပြည်သူတွေက ကျန်တာတွေကို နားမယောင်ကြပဲ မှန်ကန်တဲ့ ဦးတည်ချက်တွေ အောက် ရောက်လာမှပါ ၊ အမှန်က ၈၈ ပွင့်လင်းအဖွဲ့ ဦးဆောင်တာ အကောင်းဆုံးပါပဲ ၊

ကျနော်တို့ သမ္မတကြီးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ဒီကနေ့ပွဲကို အနီးကပ် သတင်းရယူလေ့လာနေတာပါ ၊ ၈၈ပွင့်လင်းအဖွဲ့တွေကို အတော်ချီးကျူးသွားပါတယ် ၊ စင်ပေါ်တက်ဟောပြောသွားတဲ့စကားတွေက စည်းနဲ့ဝါးနဲ့ ဥပဒေဘာင်အတွင်းက ပြောသွားတာတွေပါပဲ တဲ့ ၊

တပ်မတော်ကို ထိခိုက်စော်ကား တာတွေ တစ်လုံးတစ်ပါဒမှ မပါဘူးတဲ့ ၊ အဲဒီအချက်ဟာ ပြည်သူတဲ့ တပ်မတော်ကို ရင်ကြားစေ့စေတဲ့ လုပ်ရပ်ပဲတဲ့ ၊ တကယ်တော့ တပ်မတော်ဘာလုပ်ရမယ်ဆိုတာ တပ်မတော်ထဲကခေါင်းဆောင်တွေသာ အသိဆုံးပါတဲ့ ၊

ဒီအချက်ကိုလည်း ၈၈ပွင့်လင်းအဖွဲ့က ဦးဆောင်နေတဲ့သူတွေ ရှင်းရှင်းလင်းလင်း သိထားကြပါတယ် တဲ့ ၊ မြန်မာပြည်မှာ နိုင်ငံရေးကို ရေရှည်လုပ်မယ်ဆိုရင် ၈၈ ပွင့်လင်းအဖွဲ့ ကို အားလုံး နမူနာယူကြရပါမယ်တဲ့ ၊ နောက်ပြီး သမ္မတကြီးက ဒီကနေ့ပွဲကို

ဦးစီးဆောင်ရွက်ခဲ့တဲ့ ၈၈ပွင့်လင်းနဲ့ မိတ်ဖက်ရောင်းရင်းတွေကို အောင်မြင်တဲ့ အထိမ်းအမှတ်အဖြစ် တွေ့ဆုံ နှုတ်ဆက်ဖို့ အစီအစဉ်ရှိပါတယ်တဲ့ ၊

ကျနော်နောက်ဆုံးပြောချင်တာကတော့ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲဟာ သမ္မတကြီးနဲ့ ၈၈ပွင့်လင်းအဖွဲ့တို့ တွေ့ဆုံခဲ့တဲ့ ရလာဒ်တွေအထဲက ရလာဒ်တစ်ခုပါ ၊ မကြာခင်မှာ အခြားရလာဒ်ကောင်းတွေကို ဆက်တိုက်ဆိုသလိုတွေ့ကြရမှာပါ ၊ အားလုံး ၈၈ပွင့်လင်းအဖွဲ့ကို

ထောက်ခံအားပေးကြဖို့ ပြောချင်ပါတယ် ၊
(အင်တာဗျူးတွင် ဦးရဲထွဋ်မှ ဝမ်းမြောက်ဝမ်းသာ ပြောကြားသွားခြင်းဖြစ်သည်)

No comments: