Friday, January 10, 2014

မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီလိုချင်တာ လူ့ ပြည်အတွက်ပါ ..


မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီလိုချင်တာ နတ်ပြည်တက်ဖို့  မဟုတ်ပါဖူး။

လူသားတစ်ယောက်ချင်းစီတိုင်းအတွ
က် တရားမျှတတဲ့ အေးချမ်းသာယာတဲ့ ဘေးဘယာဝေးကွာတဲ့ အသက်အိုးအိမ်စည်း လုံခြုံမှုရှိနိုင်တဲ့ လူ့ လောက (၀ါ) လူ့ ပြည်ကို တောင်းတလိုလားနေကြလို့ ပါ။

နေ့ စဉ်နဲ့ အမျှ မတရား ညဉ်းပမ်းနှိပ်စက် အနိုင်ကျင့်ခံရမှုတွေ၊ လူလူချင်း ခွဲခြား အနှိမ်ခံဆက်ဆံခံရမှုတွေ၊ ဘ၀အသက်ရှင်နေထိုင်နိုင်ရေးအတွက် ခက်ခဲပင်ပန်း ကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှားနေရမှုတွေ၊ အသက်အိုးစည်းစိမ်တွေအတွက် စိုးရိမ်ပူပန်နေရမှုတွေ၊ ပညာရေး ကျန်းမာရေးတို့ မှာ ချွတ်ခြုံကျ နိမ့်ကျနေရမှုတွေ၊ အနာဂတ်တိုးတက်ရေး မျှော်လင့်ချက်တွေ ကင်းမဲ့ပျောက်ဆုံးနေရမှုတွေ၊ လူကို လူလို အသိအမှတ်ပြု အပြန်အလှန် တန်းတူညီမျှ လေးစားမှု လုံးပါးပါးနေရမှုတွေ၊ လူသားတစ်ဦးလို့  ခံစားလို့ ရလောက်အောင် ရှိသင့်ရှိထိုက်တဲ့ လူသားဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာခံနေရမှုတွေ အစရှိတဲ့ ဘေးဒုက္ခ သောကဝေဒနာတွေနဲ့  ပြည့်နှက်နေတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့  ဘ၀တွေဟာ ငရဲပြည်မှာ နေထိုင်နေရတဲ့အလား ကြုံတွေ့ ခံစားနေရတာမို့  လူသားပီပီသသ နေထိုင်နိုင်မယ့် လူ့ လောက (၀ါ) လူ့ ပြည်ကို တမ်းတလိုလားနေကြတာပါ။

အခွင့်ထူးခံ လူတန်းစားတစ်စုဖြစ်တဲ့ သမတ္တရုံး ၀န်ကြီး စိုးသိမ်းတို့ လို အာဏာရူး ဗိုလ်ချူပ်ကြီးများ ဗိုလ်ပြုတ်ကြီးများ ၀န်ကြီးချုပ်များ ၀န်ကြီးအထုပ်များ လွှတ်တော်အုက်ကထများ သမ္မတအယုတ်များကတော့ တိုက်တာအဆောက်အဦးအခိုင်အခံ့ ရေအစုံ မီးအစုံ တောက်တောက်ပြောင်ပြောင်နဲ့  နတ်ပြည်နတ်နန်းမှာ ဘုံစံနေရသလို နတ်သုဒ္ဓာတွေ ဗလပွနဲ့  စည်းစိမ်ခံစားနေကြရသူတွေအတွက်ကေ
တာ့ သေရင်တောင် နတ်နန်းကလေးနဲ့  တည်ဆောက်ပေးရမလို ဖြစ်နေတာဆိုတော့ကာ အဲ့ဒီ နတ်ပြည်က ပြုတ်ကျမှာ ကြောက်နေကြပြီး ငရဲကို ဇောက်ထိုးဆင်းရမှာ ကြောက်နေတာမို့  ဒီမိုကရေစီ ဘယ်လိုချုင်ပါ့မလည်း။ ဒီမိုကရေစီရရင် ငရဲပြည်ကို ရောက်မှာမို့  “စစ်မှန်တဲ့ ဒီမိုကရေစီ ရတာနဲ့  ငရဲပြည် ချက်ချင်း ရောက်မှာပါ အာဏာရူးမင်း” တို့ လို့  ပြောကြားလိုက်ပါတယ်။

မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီလိုချင်တာ နတ်ပြည်တက်ဖို့  မဟုတ်ပါဖူး။ လူသားပီပီ နေထိုင်လို့ ရနိုင်မယ့်၊ လူပီသစွာ လူတွေ အုပ်ချူပ်တဲ့၊ လူသားအချင်းချင်း လူကို လူလိုတန်ဖိုးထား ဆက်ဆံကြတဲ့ လူ့ ပြည်ကို ဆန္ဒပြင်းပြနေကြလို့ သာ ဖြစ်ပါတယ်ဆိုတာ လူလိုပြောတာ လူလို နားလည်ကြသူတွေက သိကြပါတယ်။

မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီလိုချင်တာ လူ့ ပြည်အတွက်ပါ ..

No comments: