Friday, January 10, 2014

ဗိုလ်ချုပ်ကြီးခင်ညွန့် ဘာကြောင့် တာဝန်က ရပ်စဲခံခဲ့ရသလဲ

 
 
 
ဗိုလ်ချုပ်ကြီးခင်ညွန့် ဘာကြောင့် တာဝန်က ရပ်စဲခံခဲ့ရသလဲ ဖြစ်ကြောင်းကုန်စင် တင်ပြရလျှင် Friday, January 10, 2014 သတင်းမော်ကွန်း ------------------------------------------------------ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၎င်းင်း၏ကျန်းမာရေး အခြေအနေအရ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှစပြီး တာဝန်မှ အနားယူခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက်္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ရာ အဆိုပါ သတင်းသည် မြန်မာတစ်နိုင်ငံလုံးကို မှင်သက်အံ့သြထိတ်လန့်တုန်လှုပ်စေခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက်မှစပြီး အတွင်းရေးမှူး (၁)၊ တာဝန်၊ နအဖအစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်တာဝန်အပြင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် န၀တ၊ နအဖ စစ်အစိုးရလုပ် ငန်းတာဝန်များကို သူ့ခြေ၊ သူ့လက်လုပ်ကိုင်နေသူ ဗိုလ်ချုပ်ကြီးခင်ညွန့် နှင့် ၎င်းင်း၏ ထောက်လှမ်းရေးတစ်ဖွဲ့လုံး ဖယ်ရှားခံရသည့် အကြောင်းကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းမှစပြီး ဟိုနား သည် နား လူစုစုဖြင့် တီးတိုးပြောဆိုနေကြသည်။ စစ်အစိုးရအတွင်း အာဏာလု ပွဲဖြစ်တာလား။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖယ်ရှားခံရတဲ့အတွက် သူစခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံရေးလေ့လာအကဲခတ်သူ အချို့ကလဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟီာသညဒအ ့်ငညန သလနမ ပသကမ ာေ်အနမ ဆရာထက်တပည့် တစ်မူးပိုမရှူနဲ့ ဆိုတဲ့ ပါဝါဥပဒေသကို လိုက်နာမှုမရှိဘဲ နံပါတ်-၁ နဲ့ နံပါတ်-၂ တို့ကို ကျော်လုပ်ခဲ့တာကြောင့် အာဏာမှ ဖယ်ရှားခံရတာဆိုပြီး ပြောကြပါတယ်။ အဲဒီလို နိုင်ငံတော်အတွင်း မရေရာ၊ မသေချာမှု၊ သို့လော၊ သို့လော သံသယတွေဖြစ်ပေါ်နေခြင်းအပေါ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ၂၀၀၄ ခုနှစ် အောက်တို ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက . . . နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အောက်တိုဘာလ ၁၉ ရက်နေ့ကတာဝန်မှ အနား ယူခွင့်ပေးလိုက်သည်ကို အားလုံးသိပြီးဖြစ်ကြောင်း၊ ၀န်ကြီးချုပ်ဟောင်း၏ ဂုဏ်သိက်္ခာ၊ မိသားစု၏ ဂုဏ်သိက်္ခာကို ထောက်ထားငဲ့ညှာသောအားဖြင့် ကျန်းမာရေးအခြေအနေအရဟု ဖော်ပြထားသော်လည်း အခြားအကြောင်း များလည်းရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အား တာဝန်မှအနားပေးပြီး နောက်ပိုင်းတွင် ပြည်သူများ အပိုင်းမှာရော နိုင်ငံတကာမှာပါ ပထမအချက်အနေဖြင့် မိမိတို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသားညီလာခံအပါအ၀င် နိုင်ငံတော်ရှေ့ဆက် သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ် ဆက်လက်အကောင်အထည်ဖော်မည့် အခြေအနေ၊ ဒုတိယအချက်အနေဖြင့် ဥပဒေဘောင်အတွင်းရောက်ရှိပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် သဘော ထားအခြေအနေ၊ တတိယအချက်အနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲမှုရှိ၊ မရှိ အခြေအနေတို့ကို စိတ်ပါဝင်စားစွာသို့လော၊ သို့လော မေးမြန်းတွေးတောပြောဆိုမှုများရှိနေသည်ကို တွေ့ရကြောင်း။ ဥပဒေဘောင်အတွင်းရောက်ရှိနေကြေသော အဖွဲ့များသည် နိုင်ငံ တော်အစိုးရနှင့် တရားဝင်လက်မှတ်ရေးထိုးထားသူများ မဟုတ်ဘဲ ၀န်ကြီး ချုပ်ဟောင်းနှင့်ဆက်သွယ်၊ ဆက်ဆံမှုများ၊ ရင်းနှီးမှုများလည်းရှိသည့် အတွက်ကြောင့် ၎င်းင်းအဖွဲ့များနှင့် ပတ်သက်၍ မည်ကဲ့သို့ရှိမည်ကို သိလို သောဆန်္ဒလည်းရှိကြကြောင်း၊ ယင်းအချက်များနှင့် စပ်လျဉ်း၍ အမျိုးသား ညီလာခံကြီး အပါအ၀င် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ကို အောင်မြင်ပြည့်မြောက်သည်အထိ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု အတိအလင်းပြောကြားလိုကြောင်း။ ဥပဒေဘောင်အတွင်းရောက်ရှိပြီး နိုင်ငံတော်အစိုးရနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နေသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စပ်လျဉ်း ၍လည်း ယခင်ကပင် ကျင့်သုံးလိုက်နာဆောင်ရွက်လာခဲ့သည့် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးကို အခြေခံသော နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒများနှင့်အညီ တစ်စုံတစ်ရာ အပြောင်းအလဲမရှိ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း။ တတိယအချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကိုလည်း အပြောင်းအလဲမရှိ ဆက်လက်ကျင့်သုံးပြီး နိုင်ငံတကာဆက်ဆံရေးနယ် ပယ်၌လည်း ကမ်္ဘာ့နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးစွာ ယခင် အစဉ်အလာများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း။ မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဆောင်ရွက်ရာတွင် တပ်မတော်ကိုယ်စား နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ကို စွဲကိုင်ကျင့်သုံးနိုင်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် နှင့်တကွ အစိုးရအဖွဲ့နှင့် ဗဟိုအာဏာပိုင်အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း။ အစိုးရအဖွဲ့ဝင်ကြီးများအပါအ၀င် ၀န်ကြီးချုပ်တို့သည် ပြည်သူလူထု က ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ မဟုတ်ကြ ကြောင်း။ တစ်နည်းပြောရလျှင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ အမိန့်ညွှန်ကြား ချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မှန်ကန်ညီညွတ်စွာ နိုင်ငံတော် အပေါ် သစ်္စာရှိရှိ တာဝန်ထမ်းဆောင်နိုင်မည်ဟု ယူဆသော ပုဂ်္ဂိုလ်များ ကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်၏ တာဝန်အသီးသီးကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခန့်အပ်တာဝန်ပေးထားသည့ှ်နူနခအနိ နြာဘနမ များ ဖြစ်ကြောင်း။ ထို့ကြောင့် နိုင်ငံတော်က ပေးအပ်ထားသော တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နိုင်ငံတော်၏ မူဝါဒများ၊ နိုင်ငံတော် ၏ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်သွေဖည်မည်ဆိုလျှင်၊ ပြည်သူအများ၏ အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်နိုင်စွမ်းမရှိတော့ လျှင် ထိုပုဂ်္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမှ ရုပ်သိမ်းရမည်သာဖြစ် ကြောင်း၊ ကုန်းတွင်းထွက်ပေါက်ဖြစ်သည့် မူဆယ်ဒေသ၌ နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စည်းကမ်းဥပဒေလိုက်နာခြင်းမရှိဘဲ ကျပ်သန်းထောင်ချီ၍ လာဘ်ပေးလာဘ်ယူပြုလုပ်ပြီး နိုင်ငံတော်၏ အကျိုး၊ စီးပွားကုန်သွယ်သူများ၏ အကျိုးကို များစွာထိခိုက်နစ်နာအောင် ဆောင်ရွက် ခဲ့သော တာဝန်ရှိဝန်ထမ်းများကို မိမိတို့ ဖော်ထုတ်အရေးယူဆောင်ရွက် ခဲ့ရကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ အနေ ဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော အမျိုးသား ရေးမူဝါဒများကို ထိခိုက်နစ်နာစေမည့် အခြေအနေ အချိန်အခါတိုင်းတွင် နိုင်ငံတော်၏ မျက်နှာကိုသာကြည့်ပြီး လိုအပ်သည့် အရေးယူဆောင်ရွက် မှုများကို ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့သည်သာဖြစ်ကြောင်း။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနှင့် ယခုပြောခဲ့သည့် အချက်များနှင့် ငြိစွန်းပတ်သက်နေသည်ဟု ပြောရမှာဖြစ်ကြောင်း၊ ၎င်းင်း အနေနှင့် နံပါတ်(၁) အမိန့်နာခံမှုမရှိကြောင်း၊ မိမိတို့ တပ်မတော်သားများ တွင် အမိန့်နာခံမှုမှာ အရေးကြီးပါကြောင်း၊ အထက်မှပေးသည့်အမိန့်ကို နာခံပြီး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နံပါတ် (၂) အဂတိလိုက်စားမှု၊ လာဘ်ယူမှုများနှင့် ပတ်သက်ဆပ်စပ်၊ တာဝန်ရှိ နေကြောင်း၊ ဥပဒေနှင့်မညီသည့် အချို့ကိစ်္စများလုပ်ဆောင်ခဲ့ကြောင်း၊ လာဘ်ယူမှုများမှာ ၀န်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်၏ မိသားစုနှင့် ဆက်သွယ်ဆက်စပ်တာတွေရှိကြောင်း။ ယခုလိုဖြစ်ရသည့် အခြေအနေကို အတိုချုပ်ရှင်းလင်းပြောကြားမှာ ဖြစ်ကြောင်း။ ၁၂-၉-၂၀၀၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးခင်ညွန့် စင်ကာပူ နိုင်ငံသို့ ကျန်းမာရေးအတွက် ဆေးကုသရန်သွားရောက်ခဲ့ကြောင်း။ ချစ် ကြည်ရေးခရီးဟု ခေါင်းစဉ်တပ်ခဲ့ပါကြောင်း၊ ထိုကာလနှင့် တိုက်ဆိုင်စွာ မူဆယ် ၁၀၅ မိုင်၊ နမ့်ဖက်ကာဒေသတွင် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ကြောင်း၊ တာဝန်သိလုပ်သားပြည်သူတစ်ဦး၏ နိုင်ငံတော်ဝန်ကြီးချုပ်ထံ လိပ်မူတိုင် ကြားသတင်းပို့မှုကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက မိတ်္တူစာ အဖြစ် လက်ခံရရှိခဲ့ကြောင်း၊ တိုင်းမှူးက တိုင်ကြားမှုအချက်အလက်များ အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ခုံအဖွဲ့ဖွဲ့၍ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ထင်ထင်ရှားရှား ပေါ်ပေါက်တွေ့ရှိသဖြင့် သတင်းပို့ တင်ပြခဲ့ကြောင်း၊ စုံစမ်းတွေ့ရှိမှုများအရ အမှုမှာ ကျယ်ပြန့်သည့်အတွက် တိုင်းအဆင့်ဖြင့် ကိုင်တွယ်ဖြေရှင်း၍ မရနိုင်သဖြင့် အဆင့်မြင့်အဖွဲ့ စေလွှတ် ပေးမှသာ သင့်လျော်မည်ဖြစ်၍ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေး အရာရှိချုပ်ခေါင်းဆောင်သော အဖွဲ့ကို စေလွှတ်ပေးလိုက်ကြောင်း၊ သို့ရာ တွင် အမှု၏ အခြေအနေမှာ အဆိုပါအဖွဲ့ဖြင့် ဆောင်ရွက်ရန်လည်း လုံလောက်မှုမရှိနိုင်သဖြင့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးပါဝင်မှသာ ပြည်စုံ မည်ဖြစ်၍ စာရင်းစစ်ချုပ်နှင့်အဖွဲ့ကို ထပ်မံစေလွှတ်လိုက်ကြောင်း၊ အမှု အခြေအနေ တဖြည်းဖြည်းပေါ်ပေါက်ချက်များမှာ မည်သို့မျှ မမျှော်မှန်း ခဲ့သော အတိုင်းအတာထိ ဖြစ်လာကြောင်း လွန်စွာကြီးမားသော ကြောက် မက်ဖွယ်ကောင်းသော လာဘ်ယူမှုဖြစ်ပါကြောင်း၊ ထို့အပြင် အများပြည်သူ နှင့် ကုန်သည်များအပေါ် အနိုင်အထက်ပြုကျင့်မှု၊ ဥပဒေနှင့်မညီညွတ် သော ဆောင်ရွက်မှုများဖြစ်ကြောင်း။ တချို့အမှုမှာ လူကိုယ်ရင်းနှီးပေးရ သည့် အမှုများရှိကြောင်း၊ တစ်ဖန်တစ်ဘက်မှ ထောက်လှမ်းရေးတပ်နှင့် တစ်ဘက်မှ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုတပ်၊ ၎င်းင်းတပ်ဖွဲ့ အချင်းချင်း သင့်မြတ်မှုမရှိသည်ကိုတွေ့ရကြောင်း၊ ထိုသို့ သင့်မြတ်မှုမရှိ သည့်အတွက် ယခုလို တိုင်ကြားသည်ဟု သုံးသပ်ဖော်ထုတ်ရပါကြောင်း။ ထို့ပြင် အခြားအဖြစ်အပျက်များ များစွာရှိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များ အရ နောက်ဆုံးတွင် ဥပဒေနှင့်အညီ တပ်စည်းကမ်း၊ နယ်ဘက်စည်းကမ်း များအရ အရေးယူရန်ပြင်ဆင်ပါကြောင်း။ ထောက်လှမ်းရေးတပ်ဖွဲ့နှင့် ပတ်သက်၍ အနည်းငယ်ထပ်မံရှင်းပြ လိုပါကြောင်း၊ ကကလှမ်းသည် အခြားညွှန်ကြားရေးမှူးရုံးများ၊ ဦးစီးရုံးများ နည်းတူ ကကကြည်း၏ ကွပ်ကွဲမှုအောက်တွင်ရှိကြောင်း၊ ကကလှမ်း အောက်တွင် ထောက်လှမ်းရေးတပ်များနှင့် လူဝင်မှုစစ်ဆေးရေးအဖွဲ့ရှိပြီး မူဆယ်၊ မြ၀တီ၊ မောင်တောနှင့် တာချီလိတ်တို့တွင်ရှိသည့် အဖွဲ့မျိုးတို့ ဖြစ်ကြောင်း။ ၎င်းင်းတို့အချင်းချင်း မသင့်မမြတ်ဖြစ်သည့်အပြင် ပြည်သူ များ၊ ၀န်ထမ်းများအပေါ်တွင်လည်း မောက်မောက်မာမာ ဆက်ဆံမှုများ ရှိခဲ့ရာမှ နောက်ဆုံး ယခုကဲ့သို့ ဖြစ်လာသည်ဟု မိမိတို့သုံးသပ်ပါကြောင်း။ ထိုတိုင်ကြားစာမှာ ထူးခြားသည်က ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လိပ်မူတာဖြစ်ကြောင်း၊ မိတ်္တူဖော်ပြမှုတွင် လူကြီးများနှင့် မိမိအပါအ၀င် သက်ဆိုင်ရာ စစ်ဆေးရေးအထူးအဖွဲ့မှူးများပါ ပါကြောင်း။ သို့ရာတွင် ၎င်းင်းစာမှာ ယခုအထိ မိမိတို့ထံ မရောက်ပါကြောင်း။ ဘာကြောင့် မရောက် သည်ကို မသိကြောင်း။ ရမခ တိုင်းမှူးထံသို့မူ နီးသည့်အတွက် ရောက် သွားခြင်းဖြစ်နိုင်ကြောင်း။ ဖြစ်စဉ်ကို ဆက်လက်ပြောရပါက စစ်ဆေးရေးအဖွဲ့များက စစ်ဆေး သည့်အခါ ဌာန (၄)ခုနှင့် ဖွဲ့စည်းထားသည့် နစရ (နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုတပ်ရင်း) ကကလှမ်း၊ လ၀က၊ ပြည်ထဲရေးနှင့် ဘဏ္ဍာ/အခွန်က ၀န်ထမ်းများ ပါဝင်ဖွဲ့စည်းထားသည့်အတွက်ကြောင့် တရားစီရင်သည့်အခါ တစ်ပေါင်းတည်း တစ်ပြေးညီစီရင်နိုင်ရန်အတွက် တပ်ပိုင်းတွင် တပ်ကအားလုံးထုတ်ပစ်လိုက်ပြီး နယ်ဘက်ဌာနက ၀န်ထမ်း များကိုလည်း ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ကြောင်း၊ ထို့နောက် အားလုံး တစ်ပြေးညီစစ်ဆေးကြောင်း၊ စစ်ဆေးတွေ့ရှိချက်များကိုတရားသူကြီးများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စွဲချက်တင်ပို့ခဲ့ရာ တရားရုံးက သက်သေခံပစ်္စည်းတင်သွင်းရာတွင် အနည်းဆုံးဈေးနှုန်းဖြင့် တန်ဖိုးသင့် တွက်ချက်မှုအရ ငွေကျပ် သိန်းပေါင်းနှစ်သောင်းငါးထောင်ခန့်နှင့် တန်ဖိုး မဖြတ်ရသေးသော ပစ်္စည်းများကို အနည်းဆုံးဈေးဖြင့် တန်ဖိုးသင့်တွက် ချက်ရာ ကျပ်သိန်းပေါင်းငါးထောင်ခန့် တန်ဖိုးဖြစ်၍ စုစုပေါင်း ကျပ်သိန်း (၃ သောင်း)ဟု တင်ပြထားကြောင်းကို သိရှိရပါကြောင်း။ ကျောက်စိမ်း (၄၂) တန်နှင့် ပုလဲအလုံးပေါင်း (၁၃၀၀) ၏ တန်ဖိုးမပါသေးကြောင်း။ ထိုကြောင့် ပါဝင်ပတ်သက်သည့် တပ်ဌာန (၃) ခုမှ ၀န်ထမ်း (၁၈၆) ယောက်သည် တရားဥပဒေအရ ပြစ်ဒဏ်များခံယူသွားပြီဖြစ်ကြောင်း။ (ရှေ့အပတ်ဆက်ရန်) စောင့်ကြည့်သတင်းဂျာနယ်

No comments: