မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Friday, April 4, 2014

''ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး (၁)'

''ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး (၁)'- လက်စောင်းထက်'
8:15 AM Htut Htut

အာဏာရှင်ခေတ်မှာ ခေါင်ကစပြီး မိုးမလုံလို့ အရှင်က မွေးနေ့ချင်းကြီးတဲ့ အများအခေါ် ခရိုနီလို့ ခေါ်တဲ့ လူတန်းစား တစ်ရပ် ပေါ်ထွန်းခဲ့တယ်။ ဒီလူတွေဟာ အစိုးရဆီက လုပ်ပိုင်ခွင့်တွေ၊ မြေတွေ၊ အဆောက်အဦတွေကို အလကားပဲတင်း ဈေးတွေနဲ့ ရခဲ့ကြတယ်။ ဒါပေမဲ့ ခရိုနီ တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူးလို့ ခရိုနီကြီး တစ်ယောက်က ယမကာ သောက်ရင်း ပြောကြား လာပါတယ်။ ခရိုနီဖြစ်အောင် ဘယ်လိုလုပ်ရမယ်။ ဘယ်လူကြီးကို ဘယ်လို မွေးရမယ် ဆိုတာတွေကို သူပြောပြတဲ့ အတိုင်း ရေးပြလိုက်ပါတယ်။

ခရိုနီဆိုတာ အာဏာရှင်ခေတ်မှ မဟုတ်ပါဘူး။ ခေတ်စနစ်တိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ အာဏာရှင် စနစ်အောက်မှာ ခရိုနီဖြစ်ရတာ ပိုပြီး တွက်ချေကိုက် သလို ချဉ်းကပ်ရတဲ့ သူလည်းနည်းတယ်။ အဓိကကတော့ ခရိုနီဖြစ်ချင်ရင် လက်ထဲမှာ ငွေရှိဖို့ လိုသလို အတွက်အချက်၊ အမြော်အမြင်ရှိဖို့လည်း လိုပါတယ်။ အရင်ခေတ်တုန်းက ၀န်ကြီး၊ ၀န်ကလေး အကုန်လောက် နီးနီးဟာ စစ်တပ်က လာသူတွေ ဖြစ်သလို လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့ စစ်တိုင်းမှူးတွေကလည်း စစ်ဗိုလ်တွေ ချည်းပါပဲ။ အဲဒီခေတ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ သွားပြီး ကိုယ်မွေးမယ့် လူကြီးကို ရှာရတယ်။ အဲဒီတုန်းက ဆိုရင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် တက်နေတဲ့ ဗိုလ်မှူးကြီးတွေဟာ အရမ်း မျက်နှာပွင့်တာပေါ့။ သူတို့အထဲကပဲ တချို့က အရပ်ဖက်မှာ လူကြီးဖြစ်မှာ၊ စစ်တိုင်းမှူး ဖြစ်မှာတွေဆိုတော့ စနေ၊ တနင်္ဂနွေဆိုရင် ဂေါက်ပွဲ စပွန်ဆာ လုပ်ပေးတဲ့ စီးပွားရေး သမားတွေနဲ့ ခြေချင်း လိမ်နေတာပဲ။ သင်တန်းသားထဲမှာမှ စစ်ရုံးကလာ တက်တဲ့ သူတွေက မျက်နှာ ပိုပွင့်တယ်။ သူတို့က နေရာကောင်းရဖို့ သေချာတာကိုး။ အဲဒီ သင်တန်းသားတွေထဲက ငါးယောက်လောက်နဲ့ ခင်အောင်ပေါင်းပြီး မွေးထားရင် နှစ်ယောက်ပဲ ရာထူးတက်ဦးတော့ ကိုယ်ရဲ့ မွေးမြူစရိတ် ကျေတာပဲ။ လူကြီး မွေးရတာက လယ်ယာ စိုက်ပျိုးရေး လုပ်ရတာထက်၊ တိရိစ္ဆာန်မွေး ရတာထက် တွက်ချေကိုက်တယ်။ ပိုးလည်း မကျဘူး။ ရောဂါလည်း မ၀င်ဘူး။ သူတို့သင်တန်း တက်ချိန်ကနေစပြီး သူတို့မိသားစု အတွက် လိုအပ်တာ လုပ်ပေးပြီး အချိန်မရွေး ကိုယ်က၀င်နိုင်၊ ထွက်နိုင်အောင် လုပ်ထားဖို့ပဲ လိုတာလေ။

ဒီလိုနဲ့ သူတို့တွေ လုပ်ပိုင်ခွင့် ရှိတဲ့နေရာ ရောက်လာရင် ကိုယ့်ကို သူတို့က ဦးအောင်ခေါ်ပြီး ဘယ်နေရာမှာ ဘာလုပ်ကွက် ရှိတယ်ဆိုတာ ပြောတော့တာပဲ။ သူတို့လည်း လိုအပ်ချက်ရှိတော့ ဒီလုပ်ကွက်ပြလိုက်တာနဲ့ သူတို့အတွက် ရပေါက်ရလမ်းက စပြီလေ။ သူတို့မလည်း ငွေလိုတာပေါ့။ လေးလပတ်လို့ ခေါ်တဲ့ အစည်းအဝေးဆိုရင် သိန်းနှစ်ရာလောက် ကန်တော့ရတာ မဟုတ်လား။ ဒီငွေကို သူတို့ဘယ်က ရမလဲ။ ကျွန်တော်တို့ကပဲ သူတို့ကန်တော့ချင်တာ ၀ယ်ပေးရုံမက နေပြည်တော် အထိ လိုက်ပို့ရတာပေါ့။ အဲဒီ ကျေးဇူးတွေက သူတို့ လုပ်ပိုင်ခွင့်ရရင် အတိုးရော အရင်းပါ မကအောင် ပြန်ရပါတယ်။

ကြားဖြတ်ပြောရင် အခုလို နွေရာသီမှာ သူတို့ မိသားစုတွေကို အပန်းဖြေ ခရီးလည်း အပြိုင်အဆိုင် ပို့ကြတယ်ဗျ။ အဲဒီလိုပြောလို့ ဘန်ကောက်လောက်၊ စင်ကာပူလောက် ပြောတာ မဟုတ်ဘူးနော်၊ အနိမ့်ဆုံး ဘာလီကျွန်း ကနေ ဆွစ်ဇာလန်က ရေခဲတောင်တွေ အထိ ပို့ရတာ။ အီးယူက၊ အမေရိကန်က ဘယ်လိုပိတ်ပိတ် သွားလို့ရတဲ့ နည်းတွေ အများကြီးပါ။ ဒါကြောင့် အဲဒီခေတ်က နာမည်ကြီး ၀န်ကြီး တစ်ပါးရဲ့ မြေးတွေဆိုရင် အမေရိကန်မှာ သွားပြီး ကျောင်းတက်ကြတာပဲ။

စီးပွားရေးသမားတိုင်းတော့ ခရိုနီ ဖြစ်မလာဘူး။ တချို့က ပေးတော့ ပေးပါရဲ့၊ ဘယ်သူ့ကို ပိုင်တယ်၊ ဘယ်လောက်တောင် ပံ့ပိုးထားရတယ်လို့ အာချောင်တာနဲ့ အဲဒီလူ သေပြီပဲ။ မင်းနား တစ်ထောင် ဆိုတာ ကြားဖူးတယ် မဟုတ်လား။ ကိုယ့်အချင်းချင်းကပဲ ပြန်ချွန်တွန်း လုပ်ကြတာ။ ဒီတော့ ဘာမဆို လျှို့ဝှက်နိုင်မှ တော်ရာကျတယ်။ တချို့ လူကြီးတွေ ကျတော့ မိန်းမ ကြိုက်တယ်။ ဒါကြောင့် မော်ဒယ်လေးတွေ၊ သရုပ်ဆောင် ပေါက်စလေးတွေနဲ့လည်း ချိတ်ထား ရသေးတယ်။ နောက်ပိုင်းမှာ သတင်းတွေ ပေါက်ကြားလာလို့ ထိုင်းက ကောင်မလေးတွေကို ခေါ်ပေးပြီး ကျွန်တော်တို့ အထဲက ပိုင်တဲ့ ဟိုတယ်တွေ မှာထားပြီး ရေမီးအစုံ စီစဉ်ပေးရတယ်။

တကယ်တော့ ခရိုနီဆိုတာ ဆယ့်နှစ်ကြိုး ကဝေ တတ်ရတဲ့သူပဲ။ လူကြီး သားသမီးတွေရဲ့ သည်းညည်းကိုလည်း ခံရတယ်။ တချို့ သားသမီးဆိုးတွေနဲ့ တွေ့ရင်လည်း အများကြီး စိတ်ညစ်ရတယ်။ အပြင်မှာ စွပ်စွဲသလို ခရိုနီတွေက လူကြီး သားသမီးတွေကို ဖျက်ဆီးတာ မဟုတ်ပါဘူး။ သူတို့ဒဏ်ကို ကျွန်တော်တို့က ခံရတာ ဖြစ်တယ်။ သူတို့က လူငယ်တွေဆိုတော့ အပျော်အပါးရော၊ အသောက်အစားရော၊ လောင်းကစားရော ခုံမင်တယ်။ ဒါတွေ အားလုံးကို မျက်နှာ မငြိုရအောင် လိုက်လုပ်ပေး ရတာပါ။ မူးယစ်ဆေးဝါး သုံးချင်တယ် ဆိုရင်လည်း စိတ်ချရတဲ့ ကလပ်လို နေရာမှာ စီစဉ်ပေးရတယ်။ သူတို့တင်မက သူတို့နဲ့ တွဲနေတဲ့ မင်းသား၊ မင်းသမီး စတဲ့ အနုပညာရှင်တွေ အတွက်ပါ စီစဉ်ပေးရတယ်။ နာမည်ပျက် စရာ ရှိတော့ ကျွန်တော်တို့ကပဲ ဖျက်ဆီးသယောင် အသံတွေ ထွက်တယ်။ ကိုယ့်စီးပွားရေး အဆင်ပြေဖို့ လုပ်ရတာပဲလေ။ ဒီမှာ ဘာတွေ့ရသလဲ ဆိုတော့ လူကြီး အများစုက မိန်းမ ကြောက်ရတယ်။ လူကြီး သား၊ သမီး အများစုက လိင်ကိစ္စမှာ ပျော်မွေ့တယ်။ ဒါကြောင့် မိန်းမတွေ မသိအောင် သူတို့ သုံးချင်တာ၊ ပေးချင်တာ၊ ကဲချင်တာတွေကို အကုန်လုံး ကျွန်တော်တို့က စီစဉ်ပေးရတာပဲ။ အဲဒီလိုလုပ်ရင်း ငါ့ယောက်ျားကို ဒီကောင် ဖျက်ဆီးနေတယ်၊ ငါ့သားသမီးကို ဒီကောင် ဖျက်ဆီးနေတယ် အသံများကြားကြည့် တစ်ခါတည်း မြောင်းထဲရောက်ပြီပဲ။ အဲဒီအခါမျိုးမှာ ကိုယ်က ဘယ်လောက် ကူညီထား၊ ကူညီထား အဲဒီလူကြီးက လှည့်တောင် မကြည့်တော့ဘူး။ ဒီလိုနဲ့ ခရိုနီ မဖြစ်ဘဲ ထောင်ထဲ ရောက်သွား သူတွေလည်း ရှိခဲ့တယ်။

အထူးသဖြင့် အာဏာရှင် ခေတ်လယ် ထောက်လှမ်းရေးနဲ့ ၀န်ကြီးတွေ အားပြိုင်ချိန်မှာ အနေအထိုင် အတော် ဆင်ခြင်ရတယ်။ နှစ်ဘက်စလုံးကို လုပ်ပေး ရပေမဲ့ ဒီဘက်ကဟာ ဟိုဘက် မပြောရဲဘူး။ ဟိုဘက်က စကား ဒီဘက် မဟရဲဘူး။ လှေနံကို နှစ်ဘက် နင်းနေရတာ။ အဲဒီ အချိန်တုန်းက ထောက်လှမ်းရေးက စီးပွားရေး မသောင်းကျန်းသေးဘူး။ ၀န်ကြီးတွေကတော့ လာထားဆိုတဲ့ အထဲကပဲ။ ဒီတော့ ကိုယ်အန္တရာယ်ကင်းအောင် ထောက်လှမ်းရေးကို ပေါင်းပြီး ၀န်ကြီးတွေဆီက လုပ်ပိုင်ခွင့်ကို ယူကြရတာ။ အဲဒီလို မဟုတ်ဘဲ တစ်ဘက်တည်း နင်းရင်တော့ သေပြီသာ မှတ်တော့။ ၁၉၉၇မှာ ၀န်ကြီးတွေနဲ့ ပေါင်းတဲ့ ခရိုနီတစ်ဖွဲ့ ကျဆုံးသွားသလို ၂၀၀၃မှာ ထောက်လှမ်းရေးနဲ့ပဲ ပေါင်းတဲ့ ခရိုနီတွေ ပျောက်သွားတယ်။ လှေနံနှစ်ဘက် ခွနင်းနိုင်တဲ့ သူတွေပဲ ဆက်လက် ရှင်သန် နိုင်ခဲ့တယ်။

ပြောရရင် ထောက်လှမ်းရေး ကလည်း ၀န်ကြီးတွေ အရမ်းပွတာကို မြင်ပြီး အောက်ခြေ တပ်မှူးတွေက လောဘ တက်လာတာ ဖြစ်တယ်။ နောက်ဆုံးမတော့ ထောက်လှမ်းရေး တပ်မှူးက စစ်တိုင်းမှူး ဖုန်းပြောတာ ဖြတ်ပြီး ခိုးနားထောင်တာတို့၊ နယ်မြို့တွေမှာ ထောက်လှမ်းရေး ဆွယ်မှူး တပ်ကြပ်ကြီးက ဗိုလ်မှူးကြီးတွေကို စားပွဲပေါ် ခြေထောက်တင် ပြောတာတွေ အထိ ဖြစ်လာတယ်။ ဗိုလ်မှူးကြီး တစ်ယောက် ရာထူး တက်ဖို့ဆိုရင် အဲဒီ ထောက်လှမ်းရေး ဆွယ်မှူးတွေကို သိန်းငါးဆယ် လောက်ပေးမှ ကောင်းပါသည် ခင်ဗျားဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံ စာတက်မှာမိုလို့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ပေးကြရတော့တာပဲ။ ဘာနဲ့တူသလဲ ဆိုရင် ရွှေရင်ကျော် ဆိုတဲ့ ဘိုးတော်ဂိုဏ်း ပေါ်လာချိန်က စစ်ဗိုလ်ကြီးတွေက ဂိုဏ်းဝါမြင့်တဲ့ တက်ကြပ်လောက်ကို ကန်တော့ ရတာမျိုးတွေပေါ့ဗျာ။ အထူးသဖြင့် နစကလို့ ခေါ်တဲ့ အဖွဲ့နဲ့နယ်စပ်တွေရဲ့ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေကို ထောက်လှမ်းရေးက ကိုင်လိုက်တဲ့ အချိန်မှာ ထောက်လှမ်းရေး လောကထဲမှာ လာဘ်ပေးလာဘ်ယူတွေ အကြီးအကျယ် ဖြစ်လာတယ်။ ထောက်လှမ်းရေး တပ်ကြပ်ကြီးလောက်က ငွေကိုသိန်း သောင်းနဲ့ ချီပြီး ချမ်းသာလာကြတယ်။ ပြောရရင် သောင်းကျန်း ချင်တိုင်း သောင်းကျန်း နိုင်ကြလို့ ထောက်လှမ်းရေး ဆွယ်မှူးတွေ အတော်များများက အေအိုင်ဒီအက်စ်နဲ့ သေကုန်ကြတာပဲ။

တော်တာကတော့ ဦးသန်းရွှေပဲ၊ ဦးစောမောင် ဆီကနေ အာဏာသိမ်းတော့ ထောက်လှမ်းရေး အားကိုးနဲ့ ဦးခင်ညွန့်ကို ကျောသပ်၊ ရင်သပ်လုပ်ပြီး သိမ်းခဲ့တယ်။ အဲဒီတုန်းက တန်ခိုးထွားတဲ့ စစ်တိုင်းမှူးတွေ ဖြစ်တဲ့ ဦးကျော်ဘတို့၊ ဦးထွန်းကြည်တို့ ဦးမြင့်အောင်တို့ကို အာဏာသိမ်း ခါနီးမှာ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ရန်ကုန်ကို ထောက်လှမ်းရေး တပ်မှူးတွေက ခေါ်လာနိုင်ခဲ့တယ်။ အဲဒီလူကြီးတွေ တန်ခိုး ထွားလာချိန်မှာလည်း ထောက်လှမ်းရေးကို မျက်စပစ်ပြီး ဦးသန်းရွှေက သူ့လူသူ ချေမှုန်းခဲ့တယ်။ အဲဒီ ၁၉၉၇နောက်ပိုင်း ထောက်လှမ်းရေးက အကြွင်းမဲ့ အာဏာ ရလာတဲ့ အချိန်မှာ ဦးမောင်အေးကို မျက်စပစ်ပြီး ထောက်လှမ်းရေးကို အမြစ်ကစ သုတ်သင်ခဲ့တယ်။ နောက်ဆုံးမတော့ ဦးသန်းရွှေ ရွှေ့ခဲ့တဲ့ အကွက်တွေ အတိုင်း အကုန် ကနေရတာပါပဲ။ ဒီအစိုးရလည်း ဘာပြောပြော ဦးသန်းရွှေကို ကာကွယ်ပေး နေရတုန်းပါ။

ဘာလို့လဲဆိုရင် ဦးသန်းရွှေ မိသားစုကို အိတ်ကပ်ထဲ ထည့်ထားတဲ့ တရုတ် စီးပွားရေး သမား မိသားစုက အခုထိ ပန်းပန် နေတုန်းပဲလေ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို တရုတ်တွေ အထူး အခွင့်အရေး ရတာဟာ အရင် အစိုးရရဲ့ အမြော်အမြင် နည်းတဲ့ လုပ်ရပ်ကြောင့် ဆိုတာကို ကျွန်တော် လက်မခံဘူး။ အမြော်အမြင် ကြီးလွန်းပြီး သူတို့အတွက် ကောင်းလွန်းလို့ အထူး အခွင့်အရေးတွေ ပေးခဲ့တာ ဖြစ်တယ်။ ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ လော်စစ်ဟန် မိသားစုနေဖို့ အင်းစိန် သုခ မှတ်တိုင်က တစ်ရပ်ကွက်လုံးကို မှော်ဘီ ၀ါးတစ်ရာ ပို့ပြီး ရပ်ကွက် တစ်ခုလုံးကို တစ်ဦးတည်းပိုင် လုပ်ခွင့်လည်း ပေးခဲ့တယ်။ ဘဏ်လုပ်ငန်းမှာ နာမည်ပျက်ပြီး ဘဏ်ပါ ပိတ်ခိုင်းလိုက်တဲ့ ဦးအိုက်ထွန်း မိသားစု ဆိုရင် အခုထိ ဦးသန်းရွှေ မိသားစုရဲ့ လူယုံ အဖြစ် ရှိနေဆဲပဲ။ တကယ်တမ်း ပြောရရင် အခု ခရိုနီလို့ ပြည်သူတွေ ပြောနေတဲ့ အထဲမှာ မြန်မာစစ်စစ်က သုံးယောက်ပဲ ပါတယ်။ ဦးတေဇရယ်၊ ဦးအောင်ကိုဝင်းရယ်၊ ဦးဇော်ဇော်ရယ်။ ဒါပေမဲ့ သူတို့က ကိုယ့်လူမျိုးတွေ အတွက် ပြန်ကြည့်တယ်။ သူတို့ရတဲ့ ငွေတွေကို နိုင်ငံအတွက် ပြန်သုံးတယ်။ မလေးရှားမှာ မြန်မာတွေ ဒုက္ခရောက်တော့ ဒီသုံးယောက်ကပဲ ငွေစိုက်ထုတ်ပြီး ပြန်ခေါ်ပေးတာ။ မြန်မာ့ ဘောလုံးလောက အတွက် အရှုံးခံပြီး ဘောလုံးအသင်းကို ဒီလူတွေပဲ လုပ်ပေးနေတာ။ ဦးတေဇ ဆိုရင်လည်း ပူတာအို မီးရဖို့ သန်းငါးထောင် သုံးပြီး လုပ်ပေးနေတယ်။ ဒါပေမဲ့ အခွင့်အရေး ရတုန်းက ဟိုတရုတ် မိသားစုတွေရဲ့ အကြွင်းအကျန်ကိုပဲ သူတို့ ရခဲ့တာ ဖြစ်တယ်။ အဲဒီ တရုတ် မိသားစုတွေက တိုင်းပြည်နဲ့ ပြည်သူ အတွက် ဘာများ ပြန်လုပ်ပေးတာ ရှိခဲ့ဖူးသလဲ။ ရှိရင် ပြောပြစမ်းပါ။ မြန်မာနိုင်ငံက ရတဲ့ ငွေတွေကို ပြည်ပပို့ပြီး ရင်းနှီးမြှုပ်နှံ ပစ်လိုက်တာပဲ။ လူမသိ၊ သူမသိ တရုတ် လုပ်ငန်းရှင်ကြီးတွေလည်း ရှိသေးတယ်။ သူတို့နဲ့ ဆက်ဆံတဲ့ လူကြီး မိသားစုကလွဲပြီး တိုင်းပြည် နဲ့ လူမျိုး မျက်နှာကို လုံးဝ မထောက်တဲ့ သူတွေပေါ့။

ဒီနေရာမှာ ကြုံတုန်း မြစ်ဆုံကိစ္စ ပြောချင်တယ်။ မြန်မာတွေရဲ့ အသက်သွေးကြော ဧရာဝတီကို ပိတ်ဆို့ပြီး ရေကာတာ(၇)ခု ဆောက်မယ့်ကိစ္စ၊ ရတဲ့ အကျိုးအမြတ်က ထွက်လာတဲ့ လျှပ်စစ်ရဲ့ (၁၀)ရာခိုင်နှုန်းကိုပဲ မြန်မာက ၀ယ်ခွင့်ရှိတဲ့ ကိစ္စ။ ဒီလောက် တိုင်းပြည် အတွက် အကျိုးမရှိတဲ့ ကိစ္စကို ဘယ်သူက စတာလဲ။ အေးရှားဝေါ ဆိုတဲ့ မူးယစ်ရာဇာ မိသားစုက စတာ ဖြစ်တယ်။ သူတို့က တရုတ် တွေဆိုတော့ မြန်မာနိုင်ငံရဲ့ အကျိုးကို တစ်စက်မှ ကြည့်တာ မဟုတ်ဘူး။ အဲဒါကို ဦးသန်းရွှေ မိသားစုနဲ့ အရင် ဒုသမ္မတ ဦးတင်အောင်မြင့်ဦးကို လာဘ်ထိုးပြီး လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်တယ်။ မြစ်ဆုံက တူးတဲ့ မြေကြီးတွေက ရွှေကျင်တာကနေ တစ်ခုတည်းနဲ့ သူတို့ ရင်းနှီး မြှုပ်နှံမယ့် ငွေထက်မက ပြန်ရသွားပြီးပြီ။ ဒီကိစ္စကို စစ်ဆေးရင် ဘယ်သူတွေက တရုတ် CPIဆီက လာဘ်ငွေ ဘယ်လောက်ယူတယ် ဆိုတာကိုပါ စစ်ဆေးသင့်တယ်။ ရှင်းရှင်း ပြောရရင် မြန်မာ တိုင်းရင်းသား ခရိုနီတွေက တရုတ် ခရိုနီတွေရဲ့ မကြွင်းအကျန်ပဲ စားသောက်ရတာ ဖြစ်တယ်။

ဆက်လက်ဖော်ပြပါမည်

- လက်စောင်းထက်
- See more at: http://www.dawnmanhon.com/2014/04/blog-post_3632.html#sthash.YDHsf1ey.JlOGxjXL.dpuf


 

No comments: