မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, April 30, 2014

ရခိုင်တပ်မတော်တွင် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များကို လက်ခံမည်


ေ ကျောက်ဖြူ၊ မဇ္ဈိမ။ ။ ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပေါ်နေခြင်းသည် အစ္စလာမ်ဘာသာဝင်များအပေါ် ရခိုင်တိုင်းရင်းသားတို့က နှိပ်ကွပ်ခြင်းကြောင့် မဟုတ်ကြောင်း ကမ္ဘာကို သက်သေပြရန် ရက္ခိုင့်တပ်မတော်(Arakan Army)တွင် အစ္စလမ်ဘာသာဝင် ကမန်လူမျိုးဝင်ရောက်ခြင်းကို လက်ခံသွားမည်ဟု ဒုတိယဗိုလ်မှုးကြီး ကျော်ဟန်က ရခိုင်အမျိုးသား
ညီလာခံတွင် ပြောကြားလိုက်သည်။

"ကမ္ဘာသိအောင် အစ္စလာမ်ဘာသာဝင်တွေကို ရက္ခိုင့်တပ်မတော်မှာ လက်ခံသွားပါမယ်။ ကန်မန်လူမျိုးတွေကို လက်ခံပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်” ဟု ဗိုလ်မှုးကြီး ကျော်ဟန်က ဆက်ပြောသည်။
ရခိုင်ပြည်နယ်ပဋိပက္ခများက အစ္စလာမ်ဘာသာကြောင့် မဟုတ်သကဲ့သို့ လူမျိုးရေးကြောင့်လည်း မဟုတ်ဟု သုံးရက်မြောက်ပြုလုပ်သော ညီလာခံတွင် ခေါင်ဆောင်ဆွေးနွေးသူများက ပြောကြသည်။
ရခိုင်ပြည်နယ်အတွင်း ကမန်လူမျိုးများသည် အစ္စလမ်ဘာသာ
ကိုးကွယ်လာသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပြီး ယင်းကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဆွေးနွေးကြသည်။

ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားများနှင့် ကမန်လူမျိုးများ အတူပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်သည်ဟု ဆွေးနွေးပွဲက တိုက်တွန်းသည်။
ရခိုင်အဖွဲ့အစည်းများနှင့် ရန်ကုန်ရောက် ကမန်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကမန်လူမျိုး လူဦးရေ လေးသောင်းအောက်သာရှိသည်ဟု ယင်းအရေး ဦးဆောင်ဆွေးနွေးသူ ဒေါ်ခင်စောဌေးက
ြေ  ပြောသည်။

“ကမန်းလူမျိုးဆိုပြီး ဥပဒေအရ ၀င်ရောက်ဖို့ကြိုးစားလာကြပါတယ်။ ကမန်နဲ့ပူပေါင်ပြီးဆောင်ရွက်ရမယ်”      ဟု ဒေါ်ခင်စောဌေးကပြောသည်။
  ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင်   ဒုက္ခသည်တစ်သိန်းကျော်ရှိပြီး ဘင်္ဂါလီလူဦးရေ ရှစ်သောင်းကျော်   ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

  မောင်သင်တုန်း၊ကေဇူး
Mizzima မဇ္ဈိမ

No comments: