Saturday, April 12, 2014

အမြန်လမ်းပေါ်က အဆိုးဝါးဆုံးယာဉ်တိုက်မှု

 



အမြန်လမ်းပေါ်က အဆိုးဝါးဆုံးယာဉ်တိုက်မှု
========================
ဧပြီ(၁၂)ရက်နေ့ ယနေ့ နံနက်(၂)နာရီခွဲခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း (ဖြူးမြို့နယ်)၊
မိုင် ၁၁၆/၂ နားမှာ တောင်တန်းပြာ ခရီးသည်တင်ကားနဲ့ ယာဉ်ငယ် တစ်စီး တိုက်မှု
ဖြစ်ပွားရာမှာ ခရီးသည် (၂၅)ဦး မီးလောင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ယာဉ်ငယ်တစ်စီးကို တောင်တန်ပြာ ခရီးသည်တင်ကားကြီးကကျော်တက်ရာမှာ ကားငယ်က
ချိတ်ပါသွားပြီး ကားငယ်ဆီတိုင်ကီပေါက်ကာ ၂ စီးလုံး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားငယ်က (၅)ဦးနဲ့ ကားကြီးက (၂၀)ဦး မီးလောင်
သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ တာဝန်ရှိသူတွေ
ဆီကနေ အတည်ပြုချက် မရရှိသေးပါဘူး။ ဒဏ်ရာရသူ တချို့ကိုတော့ ဖြူးဆေးရုံကို
ပို့ ဆောင် ကုသပေးနေပြီး အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါတယ်။

(THIT HTOO LWIN) (via Kyaw Swar Myint)

No comments: