Tuesday, April 29, 2014

ဒေဝဒတ်ထက်ဆိုးတဲ့သူတွေ

ဒေဝဒတ်ထက်ဆိုးတဲ့သူတွေ
ဆယ်ကျော်သက်တုန်းက သူခိုးတစ်ယောက် (တကယ်တော့ အလားတူသူခိုးတွေလည်း ရှိကြမှာပါဘဲ) အကြောင်းမှတ်သားခဲ့ဖူးတယ်ဗျာ့။
သူခိုးဆိုကတည်းက မရှိလို.ခိုးတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒီသူခိုးကတော့ အခြားသူခိုးတွေထက် ပိုမိုက်မဲတယ်လို.ဆိုချင်ပါတယ်။ သူက ဘုရားဌာပနာဟောင်းတို. ကြေးဆင်းတုတို.ခိုးပါသတဲ့။ ဘာလို.လဲဆိုတော့ တော်ရုံလူတွေမကြံစည်ရဲကြလို.ပါတဲ့။ ဒီလိုနဲ. ခိုးသက်သာရင့်လာတယ် ချောင်ချောင်လည်လည်ကတော့ ဘယ်လိုမှမဖြစ်ပါဘူးတဲ့။ တစ်နေ.တော့ သူကအချီကြီး ကြံစည်ပါသတဲ့။ ပဉ္စလောဟာ ဆင်းတုတော်ကြီးတစ်ခုကို ဖျောင်ပြီးအရည်ဖျော်မယ်ပေါ့လေ။ အချိန်သေသေချာချာယူ၊ အစီအစဉ်ချပြီး မ လာပါရောဗျာ။ ပြဿနာက အဲ့ဒီမှစတာပါ။ ဆင်းတုတော်ကြီးက ကြီးလေတော့ လူမြင်လို.လည်းမဖြစ်ဘူးပေါ့လေ။ အဲ့ဒီတော့ ခပ်မြန်မြန်အရည်ဖျော်မှ ဖြစ်တော့မှာကိုး။ ဝယ်လက်တွေကလည်း ဆင်းတုတော်လိုက်ကြီးသွားပေးလို. ဘယ်သူမှယူမှာမှမဟုတ်တာဘဲ။ အခန်.မသင့်လို. တစ်ယောက်ယောက်က အတို.အထောင်လုပ်လိုက်ရင် ချက်ချင်းဝင်သွားမယ့်ကိစ္စလည်းဖြစ်နေတာကိုး။
သူ.ဖာသာသူ လုပ်ဖော်ကိုင်ဖက် တစ်ယောက် နှစ်ယောက်လောက်နဲ. ဆင်းတုတော်ကြီးကို ကြိုးစားပြီး မီးတိုက်အရည်ဖျော်ပေမယ့် ခါတိုင်းလို. တစ်နာရီ နှစ်နာရီလောက်နဲ.လည်း အရောင်မသန်းလာ၊ အဖျားအနားလည်းပျော်မလာ၊ အကုန်လုံးပျော်လာဖို.ကတော့ ဝေလာဝေး၊ အချိန်ကလည်း ၆ နာရီ ၇ နာရီလောက်ရှိလာပြီ။ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကတော့ တဖြည်းဖြည်းကျွတ်လာ ချွေးပျံလာ ကြပါပြီ။
ဒီအချိန်မှာ သူခိုးဟာ အမိုက်မဲဆုံးလုပ်ရပ်ကိုလုပ်ပါတော့တယ်။
ဆင်းတုကြီးကိုကန်တော့၊ အနီးအနားက သဲတစ်ဆုပ်ကိုလက်နဲ.ကောက်ကြုံးပြီး ...
" အရှင်ဘုရား တပည့်တော်သည် ဒီဆင်းတုကိုအရည်ဖျော်တဲ့ပြစ်မှုအတွက် တပည့်တော်ရဲ.လက်မှသဲဆုပ်တွင်းသဲပွင့်များနှင့်အမျှ ခံယူပေးဆပ်ပါမည်ဘုရား " ရယ်လို. နှုတ်ကဆို သဲဆုပ်ကိုပစ်ထည့်လိုက်ချိန်မှာတော့ ဆင်းတုကြီးတစ်ခုလုံး တဖြည်းဖြည်း အရည်ပျော်သွားပါသတဲ့ဗျား။ (ယုံတမ်းထင်သူများ စမ်းလိုက မိမိစရိတ်နှင့်မိမိဖြစ်ပါသည်)
ဒီလိုလုပ်ရပ်မျိုးကို ရှင်ဒေဝဒတ်တောင် မလုပ်သွားခဲ့ဘူး။

ဒီနေ. ဗမာပြည်ကြီးမှာ
စားစရာလည်း ရှိနေရက်၊ ဝတ်စရာလည်း ရှိနေရက်၊ နေစရာလည်း ရှိနေရက်၊ အခွင့်အရေးလည်း ရနေပါလျက်နဲ.
- သံဃာကို သင်းခွဲ
- အမုန်းတရားတွေနဲ. သပ်လျှို
- ရဟန်းကောင်းတွေကို နှိပ်ကွပ်
- သိမ် ကျောင်းတွေကို ဖြိုဖျက်
- ရှေးအမွေတွေကို ဖျက်ဆီး
- ပြည်သူတွေကို နှိပ်စက်
- နိုင်ငံကို ချွတ်ခြုံချ
စတာတွေကို နေ.ရောညပါလုပ်နေတဲ့ သူခိုးတွေ ဓမြတွေအများကြီးဖြစ်လာနေတာဟာ နိုင်ငံ့အနာဂါတ်အတွက် ကောင်းသော အလားအလာတော့မဟုတ်ပါဘူး။ သူတို.ကို အထင်ကြီးတဲ့စိတ်မျိုး၊ ကြောက်တဲ့စိတ်မျိုး ဗမာပြည်သူလူထုကြားဖြစ်ပေါ်နေခြင်းဟာလည်း ဘယ်နည်းနဲ.မှ ဝမ်းမြောက်စရာမကောင်းပါ။ ဗမာပြည်ဟာ တစ်စ တစ်စနဲ. စာရိတ္တနဲ. စိတ်ဓာတ်ရေးရာမှာ အောက်တန်းကို အရှိန်အဟုန်နဲ.ကျဆင်းနေပါပြီ။

တစ်ခဏ အဆင်ပြေရေးကို အစဉ်သဖြင့်ဦးစားပေးရေးဟာ ဥာဏ်ပညာ နှုံ.နဲထုံထိုင်းသူတွေရဲ. မိုက်မိုက်ကန်းကန်းချမှတ်သော ဦးတည်ချက်သာဖြစ်ပါတယ်။ အထက်က သူခိုးအနေနဲ. သူတစ်ယောက်တည်းခံစားသွားရနိုင်ပေမယ့် အဲ့သလိုသူခိုးမျိုးလက် တိုင်းပြည်အပ်မိရင်တော့ အဲဒီတိုင်းပြည်တစ်ခုလုံး သူခိုးနဲ.အတူတူခံစားရမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
မေးစရာစကားရှိလာပါတယ်။
သူခိုး ဓမြတွေက အတင်းလုယူထားရင်ကော ????
ရှင်းပါတယ်၊ ပြန်လုယူလိုက်ရုံပါဘဲ။
ကောင်းကောင်းတောင်းတာမပေးဘူးလား ဒါဖြင့်
- ဟိန်းဟောက်ပြီးတောင်းရမယ်
- လည်ပင်းညစ်ပြီးတောင်းရမယ်
- ရိုက်နှက်ပြီးတောင်းရမယ်
- ဆောင့်ကန်ဆွဲထိုးပြီးတောင်းရမယ်။

တကယ်တော့ ဒါဟာအဆန်းတော့မဟုတ်ပါဘူး။ ဗိုလ်အောင်ဆန်း မောင့်ဘက်တန်ရဲ. အိပ်ထဲကဘောပင်ကိုဆွဲလုတဲ့ အကွက်ဟောင်းပါဘဲဗျာ။
ဗမာပြည်ကြီး စစ်ကျွန်ဘဝကလွတ်မြောက်ပါစေ။
အဓမ္မဝါဒ ကျဆုံးပါစေ။ ။

No comments: