Thursday, April 10, 2014

ဦးကိုကိုကြီး ၏ မင်္ဂလာဆောင် အမြတ်ငွေ ၁၇၃၈ သိန်းကျော် ရရှိ ခဲ့သည်ဟုဆို


*Posted by စိတ် ထင် ရာလုပ်မယ့်သူ on Thursday, April 10, 2014 at 5:15 PM
၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏ မင်္ဂလာ အခမ်းအနား အတွက် ကုန်ကျငွေစာရိတ် သိန်း ၅၀၀ အပြင် အမြတ်ငွေ ၁၇၃၈ သိန်းကျော် ရရှိခဲ့သည်ဟု သိရှိရသည်။
ဦးကိုကိုကြီး ၏ မင်္ဂလာဆောင် အခမ်းအနားကို ပြီးခဲ့သည် မတ်လ ၂၁ နေ့တွင် ကလေးမြို့ ၊ နဂါရွှေစင်ခန်းမ *နှင့် ဧပြီလ ၆ ရက်နေ့တွင် ရန်ကုန်မြိ့ ရှိ Skynet (ရွှေသံလွင်ကုမ္မဏီ) ပိုင် Sky Star ဟိုတယ် တို့တွင် သတို့ သား၊ သတို့သမီး နှစ်ဖက်ဆွေမျိုးများ ရှိရာ ကလေးမြို့  နှင့် ရန်ကုန်မြို့တို့ ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဦးကိုကိုကြီး၏ မင်္ဂလာဆောင် စရိတ် အတွက် ကုန်ကျငွေ များကို ၈လေး လုံး ငွေရတု အခမ်းအနား ပြုလုပ်စဉ် က ကောက်ခံ ရရှိ ထားသော ရန်ပုံငွေ များထဲမှ သုံးစွဲ ခဲ့ခြင်းဖြစ်ပြီး ၄င်းငွေ များကို ရန်ပုံငွေထိန်းသိမ်းရေး အဖွဲ့ထံ သို့ ပြည်လည်ပေးသွင်းပြီး ဖြစ်သည့် အပြင် မင်္ဂလာဆောင် အမြတ်ငွေ ၁၇၃၈ သိန်း ကျော် ရရှိခဲ့သည်ဟု ၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ကိုမျိုးသက်ထွန်း က ပြောဆိုပါသည်။
"ကျွန်တော်တို့ ငွေရတု အခမ်းအနား တုန်းက ရတဲ့ ပါတီရန်ပုံငွေ သိန်း၄၀၀ ကျော်တျော်နဲ့ အရင်ရှိတဲ့ ပါတီ ရန်ပုံငွေထဲက ထပ်ပေါင်းထည့်ပြီး သိန်း ၅၀၀ ကို အစ်ကိုကြီးရဲ့ မင်္ဂလာဆောင် အတွက်ခဏ ထုတ်သုံးတာပါ၊မင်္ဂလာ မဆောင်ခင်တုန်းကတော့ ပါတီ ရန်ပုံငွေထဲ ကထုတ်သုံးရမလား ဆိုပြီးအချင်းချင်း မကြေလည် တာလေးတွေတော့ရှိခဲ့တာပေါ့ဗျာ၊ အခုတော့ အေးအေးဆေးဆေးဖြစ် သွားပါပြီ၊ မင်္ဂလာဆောင်ကိုလဲ ကျွန်တော်တို့ အဖွဲ့တွေဝိုင်း ၀န်းကူညီ ပံ့ပိုးမှုနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီး ခဲ့ပါပြီ" ဟု ၄င်း ကဆက် လက်ပြောဆိုပါသည်။
" မင်္ဂလာဆောင် အခမ်းအနား ကလဲ တစ်ကယ့်ကို အားရကြေ နပ်ဖို့ကောင်း ပါတယ်၊ အရင်း စစ်ဗိုလ်ချုပ်ကြီးတွေ၊ ခရီနီတွေရဲ့ သား ၊သမီတွေ မင်္ဂလာဆောင်လို ၊ အာဏာ အရှိန် အ၀ါ မပါတဲ့ နိုင်ငံရေး သမား တစ်ယောက်ရဲ့ အများ ချစ်တဲ့ လေးစားမှုဂုဏ်နဲ့ မြန်မာပြည်မှာ အထည်ဝါဆုံး မင်္ဂလာဆောင် တစ်ခုဖြစ်ခဲ့ တယ်ဗျ ၊ မင်္ဂလာဆောင်ကို အမေစု တို့ နောက် အင်္ဂလန်သံရုံး က သံအမတ်ကြီး ၊ နိုင်ငံတကာ အဖွဲ့အစည်း ကပုဂ္ဂိုလ်တွေ၊ အစိုးရ ၀န်ကြီးတွေ၊ဦးဇော်ဇော်နဲ့ စည်းပွားရေး လုပ်ငန်းရှင်တွေ၊ နောက်နိုင်ငံရေး နယ်ပယ် က အထင်ကရပုဂ္ဂိလ် လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက် ခဲ့ပါတယ်၊ စေတနာမှန် စိတ်ရင်း မှန်တော့ ထည်ဝါခဲ့တာပေါ့ဗျာ´´ ဟု ၈၈ (ငြိမ်း/ပွင့်) အဖွဲ့ မှ ကိုတင်မျိုးဇော် က ပြောဆိုပါသည်။
မင်္ဂလာဆောင်လက်ဖွဲ့တော့ ပစ္စည်းတွေလဲ များတယ်ဗျ၊ လက်ဖွဲ့ငွေ ကတော့ပါတီ ရန်ပုံငွေဆပ်အပြီး မြန်မာငွေ ၁၇၃၈ သိန်းကျော်ရတယ်ဗျ ၊ နိုင်ငံ တကာ အဖွဲ့အစည်းက ခင်မင် ရင်း နှီးသူတွေကတော့ ဒေါ်လာငွေ လက်ဖွဲ့ ကြပါ တယ်၊ ဒေါ်လာကတော့ ဘယ်လောက်ရလဲ မသိဘူးခင်ဗျ၊ မင်္ဂလာကိစ္စ ပါတီငွေ ခဏသုံး တာနဲ့ ပတ်သက်ပြီး သို့လော သို့လော အသံလေတွေ ထွက်နေ တာတော့ကြရတယ်ဗျ၊ ဒါကလဲ မလိုသူတွေက သွားပုတ်လေ လွှင့်ပြောကြတာပါ၊ အားလုံး ပြန်ဆပ်ပြီးပါပြီဟု ´´ ၄င်းက ဆက်လက်ပြော ဆိုပါသည်။
ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ မင်္ဂလာဆောင် အတွက် လက်ဖွဲ့ ဟု အမည်တပ်ကာ စီးပွားရေး လုပ်ငန်းရှင်များက ကားသော့၊ တိုက်ခန်း နှင့်ငွေသား သိန်းရာချီ သိုသို သိပ်သိပ် လက်ဖွဲ့ ခဲ့ကြကြောင်း သတင်း များ ထွက်ပေါ်လျက် ရှိသည်ဟု သိရှိ ရသည်။

No comments: