Monday, April 28, 2014

ကြွက်ထောင်ချောက်

ကြွက်ထောင်ချောက်
တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက် တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ကြွက်ကလေးဟာ စိုးရွံ့စွာနဲ့ ခြံထဲကိုဆင်းပြီး တခြားတိရစ္ဆာန်တွေကိုလိုက်သတိပေးပါတယ်။
" အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်" လို့အကြိမ်ကြိမ်လိုက်ပြောပါသတဲ့။
ကြက်ဖကြီးဆီရောက်တော့ ကြက်ဖကြီးက " ဟေ့ရောင် ငကြွက် အဲဒါမင်းနဲ့ပဲဆိုင်တယ့့် ငါပူစရာမလိုဘူး" လို့ပြောလိုက်တယ်။ ဒါနဲ့ဝက်ကြီးဆီရောက်ပြန်တော့ ဝက်ကြီးကလည်း " စိတ်မကောင်းပါဘူး ငကြွက်ရာ့ ငါမင်းအတွက်ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး " လို့ ပြောလိုက်ပြန်ပါတယ်။ နွားကြီးဆီရောက်ပြန်တော့လည်း " ဒီမှာ ငကြွက့့် အဲဒါမင်းကိစ္စ့ အဲဒါကို ငါယိုတဲ့ အင်အင်းလောက်တောင် စိတ်မဝင်စားဘူ့း့ ဒိုးတော့ " လို့နှင်ထုတ်လိုက်ပါတယ် ။ ဒါနဲ့ ကြွက်ကလေးဟာ စိတ်ပျက်လက်ပျက်နဲ့ပဲ ဒီထောင်ချောက်ကို သူတစ်ကောင်တည်းဘယ်လို ဖြုတ်ရပါ့လို့ စဉ်းစားနေမိပါတော့တယ်။

အဲဒီညမှာပဲ ကြွက်ထောင်ချောက်က အသံကြားတာနဲ့ လယ်သမားကြီးရဲ့ မိန်းမဟာ ဘာများမိနေမလဲ ဆိုပြီး မှောင်ကြီးမည်းထဲ သွားကြည့်ပါတယ်။ မမြင်မစမ်းနဲ့ ကိုင်လိုက်တဲ့ထောင်ချောက်မှာ မြွေတစ်ကောင်ရဲ့ အမြီးကိုမိနေတာဆိုတော့ ဒေါသထွက်နေတဲ့မြွေက ကိုက်လိုက်ပါရောတဲ့။ ဒါနဲ့ ဆေးရုံရောက်သွားပါတယ် ။ ဆေးရုံကဆင်းလာတဲ့အခါလည်း နေမကောင်းဘဲအိပ်ယာထဲလဲနေပါတယ်။ လယ်သမားကြီးက လူမမာအားရှိအောင် ကြက်စွတ်ပြုတ်လေး တိုက်မှပဲဆိုပြီး ခြံထဲကကြက်ဖကြီးကို ဟာလာလုပ်လိုက်ပါသတဲ့။ ဒါပေမယ့် လူနာက မသက်သာတော့ အိမ်နီးနားချင်းတွေ လာမေးကြတာပေါ့ ။ လာမေးတဲ့ဧည့်သည်တွေဧည့်ခံရအောင်ဆိုပြီး ဝက်ကြီးကိုလည်းဖော်လိုက်ရပြန်ပါသတဲ့။ နောက်ဆုံးတော့ လယ်သမားကြီးမိန်းမဟာ သေသွားပါတယ် ။ဒါနဲ့ ရက်လည်ဆွမ်းသွပ်ဖို့အတွက်နဲ့ နွားကြီးလည်း မာလကီးယား သွားပါလေရောတဲ့။ ကြွက်ကလေးကတော့ ဒီအဖြစ်အပျက်တွေကို စိတ်မကောင်း စွာနဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ရပါတော့တယ်။
သယ်ရင်းလည်း တစ်စုံတစ်ဦး ဒုက္ခရောက်တဲ့အခါ ငါနဲ့မဆိုင်ဘူးလို့မတွေးပါနဲ့။ အားလုံးမှာတာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဘဝလို့ခေါ်တဲ့ ခရီးစဉ်ကြီးထဲမှာ တို့တွေအားလုံး ပါဝင်ပက်သက်နေကြတယ်လေ။ အချင်းချင်း အပြန်အလှန် ဂရုစိုက်ရမယ်။အားပေးကြရမယ်လေ ။
(မူလရေးသူပိုင်ရှင်မသိတဲ့အတွက်ဒီအတိုင်းပဲပြန်ရှယ်လိုက်ပါတယ်)

No comments: