မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Monday, April 7, 2014

မေဃ၀တီ လူမူကွန်ယက်ဖွဲ့စည်း

 (နိရဉ္စရာ- ၈ ဧပြီလ ၂၀၁၄)
++++++++++++++++++++++++++++++
မာန်အောင်မြို့နယ်၏ လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မေဃ၀တီ လူမူကွန်ယက်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ယခုလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ “ ဝေလုဝန်ကျောင်းမှာ ဖွဲ့စည်းပါတယ်။ ဧပြီလ ၆ ရက်နေ့ ဖွဲ့စည်းပါတယ်။ လူပေါင်း ၇၀ ခန့် တက်ရောက်ပါတယ်” ဟု ဒုအတွင်းရေးမှူး ဦးကျော်လွှင်ထွန်းက နိရဉ္စရာသို့ ပြောသည်။
မေဃ၀တီ လူမူကွန်ယက်ကို မာန်အောင်မြို့နယ် အတွင်း လူမူအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ လူမူဘ၀ ထိခိုက်နစ်နာမူများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် လူငယ် လူရွယ်များ၏ လူမူစွမ်းအားကို မြင့်တင်ရန် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။ ဥက္ကဌအဖြစ် ဦးမောင်မောင်တင်နှင့် ဒုဥက္ကဌ ၂ ဦး၊ အတွင်းရေးမှူး ဦးစန်းနိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးကျော်လွှင်ထွန်း အပါအ၀င် ကော်မီကို လူပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ ရန်ကုန်မှာ ရှိတဲ့ ရခိုင်လူမူကွန်ယက်၊ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ လူမူကွန်ယက်အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပြင် အစိုးရ အာဏာပိုင်တွေနဲ့လည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မေဃ၀တီ လူမူကွန်ယက်အနေဖြင့် အတတ်နိုင်ဆုံး မာန်အောင်မြို့နယ် အကျိုးအတွက် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စိတ်ဝင်စားသူ မာန်အောင်မြို့နယ် သူ မြို့နယ်သားများ အနေဖြင့် ဆက်သွယ်နိုင်ပါကြောင်း သူက ပြောဆိုသည်။
(နိရဉ္စရာ- ၈ ဧပြီလ ၂၀၁၄) မာန်အောင်မြို့နယ်၏ လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မေဃ၀တီ လူမူကွန်ယက်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ယခုလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ “ ဝေလုဝန်ကျောင်းမှာ ဖွဲ့စည်းပါတယ်။ ဧပြီလ...
narinjara.com

No comments: