Wednesday, April 30, 2014

အတိုက်အခံများကို ကူညီရန် ဂျပန်အစိုးရကို ၀န်ကြီးချုပ်ဟောင်းမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


Wednesday, April 30, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဟောင်း မစ္စတာ ရိုရှီဟီကို နိုဒ ဦးဆောင်သော အဖွဲ့သည် ဧပြီ ၃၀ရက်က တွေ့ဆုံခဲ့ရာတွင် ဂျပန်နိုင်ငံအနေဖြင့် အစိုးရ၏ အတိုက်အခံအဖွဲ့အစည်းများကိုလည်း အကူအညီများ ပေးသင့်ကြေ...ာင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်ဟု NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမကို ပြောသည်။
ဧပြီလ ၃၀ရက် နံနက် ၁၀နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဌာနချူပ်တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီမှ တာဝန်ရှိသူ ၈ဦးတို့ ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဟောင်း၊ ဂျပန်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ ရိုရှိဟီကို နိုဒ ဦးဆောင်သော ၎င်း၏ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကို ၁နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“ ဂျပန်ဝန်ကြီးချူပ်ဟောင်းက အခုဆိုရင် ဂျပန်အစိုးရရဲ့ အတိုက်အခံပါတီမှာဖြစ်နေတော့ ဒီမှာဆိုရင် အစိုးရနဲ့ အတိုက်အခံပါတီဖြစ်တဲ့ NLD က လွှတ်တော်ထဲမှာရော အပြင်မှာပါ ဘယ်လို ရပ်တည်နေရတယ်ဆိုတာကို မေးမြန်းချင်လို့ တွေ့ဖြစ်တာပါ။ အခုက ပါတီနှစ်ခု link အရင်ဆုံးလာလုပ်တဲ့ သဘောပါ။ ကတိက၀တ်တွေ သဘောတူချက်တွေ ဘာတခုမှ မလုပ်ဖြစ်သေးပါဘူး” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
အဓိက အချက်သုံးချက်အနေဖြင့် ဂျပန်ဝန်ကြီးချူပ်ဟောင်း၏ ပါတီနှင့် NLD ပါတီတို့ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်၍ ရနိုင်သော အချက်များ၊ ဂျပန်လွှတ်တော်နှင့် မြန်မာလွှတ်တော် အချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်၍ ရနိုင်သော အချက်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး လမ်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က မဇ္ဈိကို ပြောသည်။
ဧပြီလ ၂၉ရက်ကလည်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချူပ်ဟောင်း အဖွဲ့တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သီလ၀ါ စက်မှုဇုန်စီမံကိန်းနှင့် သီလ၀ါ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရေးတို့ကို အမြန်ဆုံးဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။
Mizzima - News in Burmese

No comments: