Friday, April 4, 2014

"ပျောက်ဆုံး မလေးရှား လေယာဉ် MH370 ရှာဖွေစဉ် လိမ္မော်ရောင် တောက်တောက် အရာဝတ္ထုများ သြစတြေးလျ တွေ့"


****************************************************
ဘိုးအင်း ၇၇၇ အမျိုးအစား မ လေးရှားလေယာဉ် MH370 ပျောက် ဆုံး သွားပြီး ရက်သတ္တ သုံးပတ် ကျော် အကြာတွင် လေယာဉ်ခရီးသည် ၂၃၉ ဦး၏ မိသားစုဝင်များ အတွက် အပျက် အစီးများကို ဆက်လက် ရှာဖွေပေး ရန် အာဏာပိုင် များတွင် တာဝန်ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘ် ဘော့က ပါ့သ်မြို့ရှိ တော်ဝင် သြစတြေး လျ လေတပ် စခန်းတွင် သတင်းဌာနများ အား ပြောဆိုသည်။

ယမန်နေ့က အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် သြစတြေးလျ ရှာဖွေ ရေး သမားများကတွေ့ရှိခဲ့သည့် လိမ္မော် ရောင်တောက်တောက် အရာဝတ္ထုများ ၏ ဓာတ်ပုံများကို အာဏာပိုင် များက ကြည့်ရှုနေစဉ် ဝန်ကြီးချုပ်က ယင်းသို့ မှတ်ချက်ပေးခြင်း ဖြစ်သည်။
၎င်း အရာဝတ္ထုများသည် ပျောက်ဆုံး လေ ယာဉ်ထံမှ အပျက်အစီး များ ဖြစ် ၏၊ မဖြစ်၏ကိုမူ ရှင်းလင်းစွာ မသိရသေး ပေ။ လေယာဉ်မှ အပျက်အစီးများ ကို သြစတြေးလျနိုင်ငံ ပါ့သ်မြို့၏ အ နောက်တောင်ဘက် ပင်လယ်ပြင် တွင် လေယာဉ် ၁ဝ စင်း၊ သင်္ဘော ၁ဝ စင်း တို့ဖြင့် ဆက်လက် ရှာဖွေလျက် ရှိသည်။
ခရီးသည်များထဲမှ ၁၅ဝ ကျော်မှာ တရုတ် လူမျိုးများဖြစ်ကြပြီး ဆွေမျိုး ဒါဇင် များစွာသည် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သို့ ''ငါတို့ ကို အမှန်တရားပြောပြပါ'' ဟု ရေရွတ်ကာ ရောက်ရှိလာကြသည်။
လေယာဉ်မှူးကိုယ်တိုင် လေယာဉ် ကို အပိုင်စီးပြန်ပေးဆွဲ သွားသည် ဆို သည့် အယူအဆ အပါအဝင် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သီအိုရီ အမြောက်အမြား ပေါ်ထွက်ခဲ့ရသည်။
ပါ့သ်မြို့နေ နယူးဇီလန်နိုင်ငံ သား မိမိခင်ပွန်းဖြစ်သူ ပေါလ် ကွယ်လွန် သွား ကြောင်းကို မလေးရှားလေကြောင်းမှ Text Message ဖြင့် ပေးပို့ ခဲ့သည့် အ တွက် လွန်စွာယူကျုံးမရဖြစ်ခဲ့ရကြောင်း သားနှစ်ဦးမိခင် ဒင်စီယာဝိခ်စ် ပြောဆို ခဲ့သည်။
Ref: BBC via Popular Myanmar News Journal

 

No comments: