Saturday, April 26, 2014

တော်ပါပြီ။ တန်ပါပြီ။ စစ်ဗိုလ်ဦးစီး စနစ်ကြီးတွေ တော်ပါပြီ။

Ma Khin Oo >>> ( တော်ပါပြီ။ တန်ပါပြီ။ စစ်ဗိုလ်ဦးစီး စနစ်ကြီးတွေ တော်ပါပြီ။)
+++++++++++++++++++++++++++++++++++++++
စက်မှု(၁)၀န်ကြီးဟောင်းကိုအောင်သောင်းကူရွေးကောက်ပွဲနိုင်ရင် ငြိမ်းချမ်းရေးရအောင်လုပ်မယ်။ ကြီးပွားချမ်းသာအောင်လုပ်မယ်လို့ ပြောသတဲ့။ ဒီစကားကြားတော့ မပြုံ့ဘဲ နဲ့ ၀ါးလုံးကွဲသာ ရယ်ချင်မိတယ်။

ကိုအောင်သောင်းတယောက် စက်မှု(၁)မှာ ၀န်ကြီးလုပ်သွားခဲ့ပြီးနောင် တိုင်းပြည်ရဲ. ဧရာမ၀န်ကြီး ဌာနကြီး ကုန်ုးကောက်စရာမရှိအောင် မွဲပြာကျသွားတာလဲ အများပြည်သူ တွေ့မြင်ခဲ့ကြရသလို ကိုအောင်သောင်းရဲ. မိသားစုဆွေမျိုးသားချင်းများလည်း အရှင်မွေး၊ေ န့ချင်းကြီး ချမ်းသာကြွယ်ဝ သွားကြတာကိုလဲ လူတိုင်းသိတဲ့ ကိစ္စပါ။
စက်မှု(၁)၀န်ကြီးဌာနမှာ ကိုအောင်သောင်းရဲ ဆွေမျိုးကောင်းစားရေးမူဝါဒနဲ့ ဆွေမျိုးတွေထဲက က အထက်တန်းအဆင့်မအောင်သူတောင် စက်ရုံမှုးဖြစ်ပြီး စားကြ၊ ၀ါးကြတာလဲ မသိသူမရှိ သလောက်ပါဘဲ။
စက်ရုံတွေကို ဦးပိုင်ကိုပြောင်းလွဲရောင်းချပြန်တော့လဲ စက်ရုံထဲက တန်ဘိုးရှိတဲ့ အင်ဂျင်တွေ၊ ဘွိုင်လာအိုးတွေ၊ ကြေးပိုက်ကြီးတွေအထိ ဖြုတ်ယူရောင်းစားသွားလို့ နောက်ဆက်ခံရမဲ့ ဦးပိုင်တာဝန်ရှိသူတွေတောင် မျက်စေ့လည်ကုန်တယ်ဆိုတာလဲ နာမည်ကျော်ပါတယ်။
စက်ရုံတခုကို လက်ညှိုးထိုး မရောင်းခင်က ပစ္စည်းစုံပါတယ်။ စာချုပ်ပြီး တကယ်တန်းလွဲပြောင်းတော့ တန်ဘိုးများတာတွေ ဖြုတ်ပြီး ယူထားတယ်ဆိုတာမျိုး သတင်းတွေထွက်ပါတယ်။
ကိုအောင်သောင်း ဘယ်လို ၊ ဘယ့်နှယ်ချမ်းသာတယ်။ ဘယ်လောက်ချမ်းသာတယ်ဆိုတာလဲ တိုင်းပြည်ရဲ့ စစ်အာဏာရှင်စနစ်ကြီအောက်မှာ မြင်သာထင်သာရှိလှတဲ့ ကိစ္စတွေပါ။
ဒါကိုတောင် ကျွန်တော် မချမ်းသာဘူး။ ကျွန်တော့်သားတွေက စီးပွားရေးမှာ အောင်မြင်တယ်လို့ ပြောခဲ့သေးတယ်။
တိုင်းသူပြည်သားတွေရဲ့ သားသမီးတွေလဲ စီးပွားရေးမှာ မည်သူမဆိုအောင်မြင်ချင်တာပေါ့။ ဒါပေမဲ့ သာမာန်ပြည်သူလူထုသားသမီးတွေ ဘယ်လောက်ပညာတတ်တတ်၊ လုပ်စားကိုင်စား အခွင့်အရေးတွေက ပါးရှားလွန်းလို့ နိုင်ငံရပ်ခြားမှာ ကျွန်သွားခံရတာလဲသိပါတယ်နော်။
ရိုးရိုးရှင်းရှင်းပြောပါမယ်။
ကျွန်မတို့ မိသားစုကလေးကို ဥပမာပေးပြောချင်တယ်။
ကျွန်မတို့ မိသားစုမှာ လူကြီးငါယောက်ရှိပါတယ်။ တယောက်ဘဲ အိမ်ထောင်သည်ရှိတယ်။ ကလေး လေးယောက်ရှိပါတယ်။
လူကြီးလေးယောက်က ဘွဲဒီဂရီ နှစ်ခုစီရကြတယ်။ တိုင်းပြည်မှာ ဦးဆောင်တဲ့ စနစ်နဲ့ ဦးဆောင်သူသာ ကောင်းရင် ကျွန်မတို့ မိသားစုဟာ ရိုးရိုးသားသားအစိုးရ၀န်ထမ်း လုပ်ကိုင်စားရင်တောင် စည်းစိမ်ရှိရှိ နေနိုင် ။ ထိုင်နိုင် အခြေအနေမျိုးပါ။
ဒါပေမဲ့ ၀န်ထမ်းဘ၀ လစာဝင်ငွေနည်းပါးပြီး မိမိမျိုးဆက်ကလေး ခွေးဖြစ်သွားမှာစိုးရိမ်လို့ နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ်ကြရတယ်။ ရတာလေး အိမ်ပြန်ပို့ရတယ်။
ဒီလိုနဲ့ မိသားစုက ကလေးတွေ ညာတတ်လာပြန်တော့ တိုင်းပြည်ထဲမှာ အလုပ်အကိုင် မရနိုင်ကြပြန်တော့ နိုင်ငံရပ်ခြားထွက်ပြီူး အလုပ်ရှာကြရပြန်တယ်။
ဒီလို၊ အဲဒီလို စစ်ဗိုလ်ကောင်းစားရေးသံသရာဝဲဂယက်မှာ ကျွန်မတို့ဘ၀တွေ နစ်မြောပြီး ကျွန်ဖြစ်နေရတာနှစ် ငါးဆယ်ကြာခဲ့ပါပြီ။
စစ်ဗိုလ်ချုပ်များ တော်လှန်ရေးကောင်စီခေတ်နဲ့လိမ်လည် လုပ်စား။ ဆိုရှယ်လစ်ခေတ်နဲ့ လိမ်လည်လှည့်ဖျား။ စစ်အုပ်ချုပ်ရေးခေတ်မှာ သာလို့ဆိုး။ သာလို့ ခိုး။ တိုင်းသူပြည်သားတွေလဲ ဘွဲရပညာတတ်တွေ နိုင်ငံရပ်ခြားမှာ အိမ်ဖေါ်လုပ်စားနေရပြီ။
ပြည်တွင်းမှာ နေလဲ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ဟိုနိုင်ငံက ဟိုအလုပ်ဖြစ်လို့နေခဲ့ပြီ။

အခုတော့ ရွေးကောက်ပွဲစနစ်နဲ့ လှည့်ဖြား၊ လည့်စားနေကြဦးမှာလား။
ငြိမ်းချမ်းရေးဆိုတာလဲ စစ်တပ်က စစ်ဗိုလ်တွေ အနိုင်ရမှဆိုတဲံ့ စိတ်မျိုးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်ရေးမရနိုင်ပါဘူး။
ဝေစားမျှစားကိစ္စနဲ့ ငြိမ်းချမ်းရေးဟာ အချိန်မရွေး ထပြီးပေါက်ကွဲနိုင်ပါတယ်။
ပညာရေါ်။ ကျန်းမာရေး၊ ဖွဲ့ဖြိုးရေး၊ စီးပွားရေးတွေမှာ အဖက်ဖက်က မျှဝေချင်စိတ်ရှိမှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရနိုင်ပါတယ်။

ဝေစားမျှစားနဲ့ ပြည်သူလူထုကို မျှဝေတတ်ခြင်းဆိုတာ စကားလုံးတွေ တူမယောင်နဲ့ မတူပါဘူး။
ဒါကြောင့် ကိုအောင်သောင်းတယောက် ၂၀၁၅ခုရွေးကောက်ပွဲအတွက် မဲဆွယ်ဘယ်လောက် ကောင်းကောင်း။ စကားလုံးတွေ ဘယ်လောက်လှလှ၊ ကျွန်မတို့တော့ တော်ပါပြီ။ တန်ပါပြီ။
စစ်တပ်က ဗိုလ်ချုပ်များ အပြောသာရှိ။ လက်တွေ့မှာ နေအေးလိမ်နည်းနဲ့ လှည့်ဖျားခဲ့တာများလွန်းပြီမို့ ကျွန်မတို့ ပြည်သူတွေ စနစ်အသစ်၊ လူအသစ်နဲ့ ရှေ.ခရီးဆက်တော့မယ်။
တာ့တာ။ ဘိုင်ဘိုင့် ပါဘဲ။
ပြောသာပြောရတယ်။
ကိုအောင်သောင်းတယောက် ကိုယ့်အကြောင်းကိုယ် အသိဆုံးဖြစ်မှာပါ။
ကိုအောင်သောင်းရေ--ငါဘယ်လောက်ကောင်းသလဲ နဖူးပေါ်လက်တင် စဉ်းစားပါဦး။
ကျွန်မတို့ ပြည်သူတွေ အဆိုးလား။ ရှင်တို့ကဘဲ ဆိုးသလား။
တော်ပါပြီ။ တန်ပါပြီ။
ထပ်ပြောမယ်နော်။
စစ်ဗိုလ်ဦးစီး စနစ်ကြီးတွေတော်ပါပြီ။
( ၂၅-၄-၁၄)

No comments: