Tuesday, April 29, 2014

ပုလောမြို့ နယ်တွင် ပုဒ်မ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေး၊ ပုဒ်မ436 အမြန်ဆုံးပြင်ဆင်ပေးရေးအတွက်ဆန္ဒထုတ်ဖော်


ဧပြီလ 29 ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် တွင် 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေ ( နာဂစ်ဥပဒေ ) ပြင်ဆင်ပေးရေး ၊ ပုဒ်မ 436
အမြန်ဆုံးပြင်ဆင်ပေးရေးအတွက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲကို ပူးပေါင်းကော်မတီမှ ဦးဆောင်ခဲ့ပြီး
ပုလောမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ၊ လူငယ်အဖွဲ့ ၊
ပုလောမြို့နယ် 88 နှင့် ပြည်သူများပါဝင်ခဲ့ကြတယ်လို့သိရတယ်။ပြည်သူများ
လုံးဝအလိုမရှိတဲ့ ပုဒ်မ 436 ကိုအမြန်ဆုံးပြင်ဆင်ပေးဖို့အပါအ၀င် 2008 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုပေါ်
ထွန်းရေး ၊ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ရရှိရေး၊ ပြည်သူများမလိုလား
တဲ့ဥပဒေများအလိုမရှိစတဲ့ကြွေးကြော်သံများဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့
သိရတယ်။ ပုလောမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ လူစုခဲ့ကြ
ပြီး ရှုမ၀လမ်း၊ ဗိုလ်ချုပ်လမ်းအတိုင်းကြွေးကြော်ချီတက်ခဲ့ကြပြီး ပုလောမြို့
ပလာဇာရှေ့မှာ ဟောပြောခဲ့ကြပါတယ်။ လူအင်အား ခန့်မှန်းထားတာထက်
ိုပိုခဲ့ပြီး 7 ရာခန့်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် 10 နာရီ 30 မှာ ဆန္ဒထုတ်
ဖော်မှုကိုရုတ်သိမ်းခဲ့ကြပါတယ်။မြိတ်၊ ပုလောမြို့နယ်များမှာ ပုဒ်မ 436 အလို
မရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပြီး တနင်္သာရီ နှင့် ကျွန်းစုမြို့နယ်များမှာလည်း
ဆန္ဒထုတ်ဖော်ဖို့ဆောင်ရွက်နေကြပါတယ်။

photo - zaw moe oo , မြိတ်ပုလဲမြေ (via News Of Myeik)

No comments: