Thursday, April 10, 2014

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တင်အေးဆိုတာ ဘယ်သူလဲ





ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တင်အေးဆိုတာ ဘယ်သူလဲ (သန်းရွှေရဲ့ လူယုံတစ်ဦး လက်ရုံးတစ်ဦးမျှသာ)
မြန်မာ့လက်နက်မှောင်ခိုရာဇာ နှင့် မြောက်ကိုးရီးယားဆက်နွယ်မှု
မြန်မာစီးပွားရေးဦးပိုင်လီမိတက်၏ ဥက္ကဌဖြစ်သူ (၂ဝဝ၂-၂ဝ၁၀) ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးသည်မြန်မာ့စစ်တပ်တွင် ထိပ်ဆုံးအဆင့် (၅) နေရာ တွင် တာဝန်ယူလုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး တင်အေးသည် စစ်လက်နက် များနှင့် စစ်သုံးပစ္စည်းများဝယ်ယူရန် တရုတ်၊ မြောက်ကိုးရီးယား၊ ရုရှားနှင့် ယူကရိန်းနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ် တွင် တင်အေးသည်မြန်မာ့စစ်ဦးစီးချုပ်နှင့်အတူ မြန်မာ-မြောက်ကိုးရီးယား နှစ်နိုင်ငံကြား စစ်ရေးအရ ပူပေါင်းဆောင်ရွက်ရေးပုံမှန် ဖြစ်စေရေးအတွက် ကြိုးပမ်းရန် မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့ သည်။၃၉ ၂ဝ၁ဝ ခုနှစ် အစောပိုင်းတွင် ရုရှားက MI-29 အမျိုးအစား တိုက်လေယာဉ် အစီးရေ (၂ဝ) ကို ဝယ်ယူ တင်သွင်းရေးတွင်
တင်အေးသည် အဓိက တာဝန်ယူခဲ့ သူဖြစ်သည်။
တင်အေးသည် ၂ဝ၁ဝ နိုဝင်ဘာ စစ်တပ်ထိမ်းချုပ်ခဲ့သော ရွေးကောက်ပွဲ မတိုင်မီစပ်ကြားတွင်
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ်လုပ်ကိုင်ရန် စစ်တပ်မှ အနားယူခဲ့သည်။ ယခုအခါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဥက္ကဌအဖြစ် ဆောင်ရွက် နေသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးသည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် သစ္စာရှိသူဖြစ်ပြီး ဦးပိုင်ကုမ္ပဏီအပေါ် အဓိကသြဇာအာဏာ
လွှမ်းမိုးထားသူ ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်သည် မြောက်ကိုးရီးယား ဘဏ်တခုဖြစ်သည့် (Kwangson Banking Corporation)သို့ ငွေကြေးလွှဲပြောင်းပေးခြင်း ဆက်ဆံမှုများရှိသည်။ ၎င်းဘဏ်သည် အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏စီပွားရေးပိတ်ဆို့မှု စာရင်းဝင် ဘဏ်တခုဖြစ်ပြီး မြန်မာအစိုးရနှင့် တခြား နိုင်ငံများသို့ လက်နက်ရောင်းချရာတွင် သံသယအဖြစ်ခံရသော အဓိက ဘဏ်ဖြစ်သည်။၄၁ ၂ဝ၁ဝ အတောအတွင်း မြန်မာသည်မြောက်ကိုး ရီးယားမှ လက်နက်ကျွမ်းကျင်သူများ ထိုင်းနိုင်ငံသို့ရောင်းချသည့် ဓါတ်ငွေ့ဘဏ္ဍာ ငွေများဖြင့်
အခကြေးငွေ ပေးဆောင်ခဲ့သည်။ယင်းမြောက်ကိုးရီးလက်နက်ကျွမ်းကျင်သူများက တောင်ကိုးရီးယားစီးပွားရေးလုပ်ငန်းရှင်များ ပုံစံဖြင့်ဟန်ဆောင်ကာ မြန်မာသို့လာရောက်ခဲ့ပြီး ဒုံးကျဉ်နည်းပညာများအတွက်မြန်မာအစိုးရနှင့်အပေးယူလုပ်ခဲ့သည်။ မြန်မာသည် မြောက်ကိုးရီးယားထံမှ နျူးကလီးယားနည်းပညာများရယူနေသည်ဟုပြောဆိုမှုများရှိနေသည်။၄၂ တဖန် မြောက်ကိုးရီးယား အင်ဂျင်နီယာများကလည်း မြန်မာ
နိုင်ငံမြို့တော် နယ်ပြည်တော်တွင် မြေအောက်ဦးမင်လိုင် ခေါင်း အရေအတွက် ၆၀၀ မှ ၈၀၀ ခန့်နှင့်မြေအောက်အဆောက်အဦးများ တည်ဆောက်ရာတွင် ကူညီဆောင်ရွက် ပေးနေသည်ဟု သိရသည်။

ဝီကီလိခ် သတင်းပေါက်ကြားမှု (wikileaks) မှ ထုတ်ဖေါ်ခဲ့သော အမေရိကန် သံတမန် ဆက်သွယ်ရေးသတင်းအရ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် ဆန်စပါး နှင့် တခြားသော လယ်ယာစိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းများကို စစ်လက်နက် များနှင့် အလဲအလှယ်ပြုလုပ်ရန်အတွက် မြောက်ကိုးရီးယားကိုတင်ပို့ခဲ့သည်
ဟုသိရသည်။

မြန်မာ့သယံဇာတကျိန်စာ
ko zaw win via Ko Tun Wai
10.4.2014

No comments: