မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
- သတင်း
- သူ့အတွေး သူ့အမြင်
- သတင်း/ဆောင်းပါး
- ဆောင်းပါး
- သုတဆောင်းပါး
- ကဗျာ
- သတင်း/ဓါတ်ပုံ
- ABSDF အေဘီ မြောက်ပိုင်း
- ABSDF အေဘီ တောင်ပိုင်း
- အင်တာဗျူး
- အိတ်ဖွင့်ပေးစာ
- ဗီဒီယို
- ကာတွန်း
- မိန့် ခွန်း
- Burmese NEWS
- သတိပေးချက်
- အောက်မေ့ဖွယ်
- သရော်စာ
- နာရေးသတင်း
- ဓာတ်ပုံ
- အက်ဆေး
- အမှတ်တရ
- ဟာသ
- ကြေငြာချက်
- World NEWS
- နိုးဆော်ချက်
- အယ်ဒီတာအာဘော်
- ပန်ကြားချက်
- တိုင်ကြားစာ
- ပုံပြင်
- ဖိတ်ကြားလွှာ
- တရားတော်
- အမှာစကား
- ဆွေးနွေးခန်း
- သံချပ်
- တောင်းဆိုချက်
- စာတမ်း
- ဝတ္ထုတို
- မေတ္တာရပ်ခံခြင်း
- ကြော်ငြာ
- သတင်းစာရှင်းလင်းပွဲ
- သေတမ်းစာ
- ကြွေးကြော်သံ
- ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း
- လက်စွဲစာစောင်
- သီချင်း
- နိဒါန်းစကား
- သရော်ကဗျာ

Thursday, April 17, 2014
လိမ်ညာမှုနန်းတော်
တချိန်တုန်းက နန်းတော်ကြီးနှစ်ခု တည်ဆောက်ဖို့
spirits တွေက စဉ်းစားဆုံးဖြတ်ခဲ့ကြပါတယ်။ နန်းတော်ကြီးတခုကတော့ အမှန်တရား နန်းတော်ကြီးဖြစ်ပြီး၊
နောက်ထပ်နန်းတော်ကြီးတခုကတော့ လိမ်ညာမှု နန်းတော်ကြီး ဖြစ်ပါတယ်။ ကလေးငယ်တယောက်က အမှန်ပြောတဲ့အခါ
အမှန်တရားနန်းတော်အတွက် အုတ်ခဲတခု ဖြစ်ထွန်းလာပါတယ်။ အမှန်တရားနတ်တွေက ဒီအုတ်ခဲကို
ယူပြီး၊ အုတ်နံရံမှာ ထပ်မံဖြည့်သွင်းမှာ ဖြစ်ပါတယ်။ လိမ်ညာမှု နန်းတော်ကြီးကိုလဲ ဒီနည်းအတိုင်း
တည်ဆောက်ခဲ့ကြပါတယ်။ ကလေးငယ်လေးက လိမ်ညာပြောတဲ့အခါတိုင်းမှာလဲ လိမ်ညာမှုနန်းတော်ကြီးအတွက်
အုတ်မြစ်တခုပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
နန်းတော်ကြီးနှစ်ခုလုံးက ထူးခြားဆန်းကျယ်ပြီး၊
ကမ္ဘာပေါ်မှာ အကောင်းဆုံးနန်းတော်တွေ ဖြစ်ပါတယ်။ အမှန်တရားနတ်တွေကော၊ လိမ်ညာမှုအားပေးတဲ့
နတ်ဆိုးတွေကောက သူတို့နန်းတော်ကြီးတွေကို ပိုပြီး ကောင်းအောင် တည်ဆောက်ကြပါတယ်။
နတ်ဆိုးတွေက ပိုပြီး ကောက်ကျစ်လှည့်စားမှုတွေ
ရှိကြပါတယ်။ ကမ္ဘာမြေပေါ်မှာ ကလေးတွေ ပိုပြီး လိမ်ညာမှုတွေ ရှိလာစေဖို့ နတ်ဆိုးတွေကို
စေလွှတ်ခဲ့ပါတယ်။ ဒီနတ်ဆိုးတွေရဲ့ လုပ်ဆောင်မှုကလဲ အောင်မြင်ခဲ့ကြပါတယ်။ တစထက်တစ အုတ်ခဲတွေ
အများကြီး ပိုများလာပြီး၊ လိမ်ညာမှုနန်းတော်ကြီးကလဲ ပိုမိုကြီးမားလာပါတယ်။
ဒါပေမယ့် တနေ့မှာတော့ လိမ်ညာမှုနန်းတော်ကြီးထဲမှာ
ထူးခြားတဲ့ ဆန်းကျယ်မှုတခုဖြစ်လာပါတယ်။ အုတ်ခဲတခုက အလိုလိုနေရင်း စက္ကူပုံးခွံ ဖြစ်သွားပါတယ်။
မကြာခင်မှာလဲ တခြားအုတ်ခဲတခုက သဲ ဖြစ်သွားပါတယ်။ နောက်တခုကတော့ ဖန်ဖြစ်သွားပြီး၊ ကွဲကြေသွားပါတယ်။
တစတစနဲ့ ထင်ရှားလာတာကတော့ လိမ်ညာမှုတွေ
ပေါ်လာချိန်မှာ အုတ်ခဲတွေက အသွင်ပြောင်းပြီး ကွဲကြေမွ၊ ပျောက်ကွယ်သွားတယ် ဆိုတာပါပဲ။
ဒီနည်းနဲ့ လိမ်ညာမှု နန်းတော်ကြီးက အင်အား တစထက်တစ ပျော့သွားပါတယ်။ အဆုံးမှာတော့ အစိတ်စိတ်အမြွာမြွာ
ကွဲကြေပျက်စီးသွားပါတယ်။
နောက်ဆုံးမှာတော့ လိမ်ညာမှုနတ်ဆိုးတွေအပြင်
အားလုံးနားလည်သွားကြတာက အရာရာအတွက် လိမ်ညာမှုကို အသုံးပြုလို့ မရဘူး ဆိုတာပါပဲ။ လိမ်ညာမှုဆိုတာ လိမ်ညာပုံဖော်ထားသလို ဘယ်တော့မှ
မဖြစ်တတ်ပါဘူး။ တနေ့မှာ ဘယ်လိုပုံကြီး ပြောင်းသွားမလဲ ဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်ပါဘူး။
ရေးသားသူ-
Pedro Pablo Sacristán
ဘာသာပြန်သူ-
ခင်မမမျိုး (၂၀၁၄)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment