Saturday, April 26, 2014

"လွတ်လပ်ရေးကျောက်တိုင်ကြီးကိုကော ရွှေ့ပြောင်းပေးကြရဦးမှာလား"


*****************************************************
ရေးသူ - ဆောင်းဝင်းလတ်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ကွင်း လုပ်ကွက်သတ် မှတ်ချက်မြေနေရာနဲ့ မလွတ်ကင်းလို့ ဆိုပြီး ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး ဟိုရှေး အခါတုန်းက သီတင်းသုံး၊ တရား ဘာဝနာပွားများ အားထုတ်တော် မူခဲ့ရာသာသနိကအဆောက်အအုံတွေ ကို လက်ရှိ စေတီတော်နဲ့ သိမ်တော်ကြီး တည်ရှိနေဆဲနေရာ ကနေပြီး ပေပေါင်း ၁၅ဝဝလောက် အကွာအဝေးမှာရှိတဲ့ ”ကျော်
ရွာ” ရဲ့ တောင်ဘက် ပေ ၃ဝဝ ၊ ညောင်ပင်ကြီး ယင်းမာပင် ကားလမ်းဘေးကိုပြောင်းရွှေ့မယ်တဲ့ဗျ။

သြော်… ဖြစ်မှ ဖြစ်ရလေခြင်း ဗျာ။ ဒါဟာ သမိုင်းဝင် နေရာဗျ။ တရုတ် ဝမ်ပေါင်ကုမ္ပဏီရဲ့ အလိုကျ မဟာရွှေဥာဏ်တော်ရှင် မြန်မာ အာဏာပိုင်ကြီးများရဲ့ စဉ်းစားတွေးခေါ် ဆုံးဖြတ် သုံးသပ် လုပ်ရပ်ဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ် ကြည့်လိုက်တော့” ဆားမပါတဲ့ဟင်းလျာတစ်ခွက်လို ပေါ့ပျက်ပျက်”နဲ့ ပြည် သူလူထု အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုစိတ်ဂယက်ထအိပ်ပျက်ညတွေ
အသင်္ချေဖြစ်စေပါတယ်။

မြန်မာ နိုင်ငံမှာရှိတဲ့ နောင်လာနောက်သားမျိုး ဆက်သစ် ကလေးသူငယ်များအတွက် ရှေ့ဆောင်ရှေ့ရွက်နဲ့ ကောင်းတဲ့မြင်
ချက်တွေ့ချက်တွေကိုနည်းပေးလမ်းပြသာ လုပ်ဆောင်သင့်ပါတယ် ဗျာ။ ကလေးတွေရဲ့အတွေးထဲမှာ တစ်နေ့ကျ ငါတို့ တစ်တွေ ဟာ နိုင် ငံရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရင် တရုတ် စီးပွားရေး သမား ၊
ကုမ္ပဏီတွေ အလိုကျ၊ ငါတို့နိုင်ငံက သမိုင်းဝင် နေရာတွေ၊ အဆောက် အအုံတွေကို နေရာရွှေ့ပြောင်းပစ်လို့ ရတာပဲလေ ဆိုတဲ့တွေဝေ မှားယွင်းတဲ့အတွေးအခေါ်အယူအဆတွေမတွေးခေါ်ကြ၊ မယူဆကြဖို့ ခုကတည်းကကောင်းသောနည်းပေးလမ်းပြကိုသာလုပ်ဆောင်သင့်ကြပါ
တယ်။ဒါမျိုးတွေဟာဘယ်ရှုထောင့်ကပဲကြည့်ကြည့် လုံးဝမလုပ်ကောင်း သလို မဖြစ်သင့်တဲ့ကိစ္စတွေပါ။ စဉ်းစားကြည့်ပါ။

ဥပမာအားဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဆိုပါတော့။ ရှေးနှစ်ပေါင်းများစွာက တည်းကအထင်ကရတည်ရှိပြီးသား၊ကမ္ဘာလှည့်ခရီးသည်များကလည်းစိတ်ဝင်တစားကြည့်ရှုလေ့လာသမှုပြုနေကြတဲ့ "အန်ကောဝပ် ဘုရားကျောင်း” ကြီးကိုတခြားနေရာကိုရွှေ့ပြောင်းပြီး ပြန်လည်တည်ဆောက်တယ်ဆိုရင် အဲဒီ့သမိုင်းဝင်အဆောက်အအုံကြီးရဲ့ဘူမိနက်သန်နေရာမှန်ဆိုတာဘာအဓိပ္ပာယ်အနှစ်သာရရှိတော့မှာတဲ့လဲဗျာ။
ကမ္ဘာကျော် တပ်ဂ်ျ မဟာ အဆောက်အအုံကြီး ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ကမ္ဘာကျော် ဘင်းဘစ်နာရီစင်ကြီး၊ အမေရိကမှာ ရှိတဲ့လေဘာတီရုပ်တုကြီး။ ဒါတွေ... ဒါတွေဟာ သူ့ဘူမိနက် သန်နေရာမှန်မှာပဲ တစ်သက်လုံး ထာဝရတည်ရှိနေဦးမှာပါပဲ။
ထို့အတူပဲ။ ပြင်သစ်နိုင်ငံမှာရှိတဲ့ကမ္ဘာကျော်အီဖဲလ်မျှော်စင်ကြီးစသဖြင့်စသဖြင့်ပေါ့လေ။ ဒီလိုပဲနိုင်ငံတကာမှာ ဘယ်လိုပဲနည်းပညာတွေ တိုးတက် ထွန်းကားနေတယ်ဆိုပေမယ့်သူတို့ရဲ့နိုင်ငံတွေမှာရှိတဲ့ဘာသာရေးဆိုင်ရာရှေးဟောင်းအဆောက်အအုံကြီးတွေကိုမူလဘူမိနက်သန် နေရာမှန်မှာလည်းတရိုတသေအမှတ်တရထိန်းသိမ်းထား ရှိကြပေတယ်ဗျ။
တစ်နေရာကတစ်နေရာကိုရွှေ့ပြောင်းပစ်တယ်ဆိုတာ မရှိရိုး
အမှန်ပါဗျာ။ ကဲဗျာ၊ ကျွန်တော်တို့နိုင်ငံကို စီးပွားရေးအရ၊ စစ်ရေးအရ၊ လာပြီးဆရာကြီးလုပ်နေတဲ့ တရုတ်နိုင်ငံက တကယ့် အထင်ကရ"တိန်အန်မင်ရင်ပြင်” ဆိုတာကြီးကိုကျွန်တော် တို့ကသွားပြီးခင်ဗျားတို့တစ်တွေဒါကြီးကိုဒီနေရာမှာမထားဘဲဟိုနေရာကို
ရွှေ့ပြောင်းပေးဗျာလို့သွားပြောလို့ ရမလားဗျ။ ဘယ်ရပါ့မလဲ။ ရုရှားမှာရှိတဲ့ကမ္ဘာကျော်"ကရင်မလင်နန်းတော်ကြီး”ကိုသွားပြီးရွှေ့ပြောင်းခိုင်းကြည့်ပါလား။

မိုးတောင်မှမီးလောင်ပြာကျသွားလိမ့်ဦးမယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာကပါးစပ်ကသာ "ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များကို အစဉ်အလာ မပျက်ထိန်းသိမ်းစောင့်ရှောက်ရေး”ဆိုတဲ့စကားလုံးလှလှ ကိုသာ လူကြားကောင်းအောင်၊ စာလုံးတွေနဲ့ရေးပြနေတာ၊ ပါးစပ်က တတွတ်တွတ်ဆီမန်းမန်းသလို ရွတ်ဆိုပြနေတာပဲရှိတယ်။
ကျန်တာတော့ ပိုက်ဆံနဲ့ ပတ်သက်လာရင် ထင်ရာမြင်ရာတွေ လုပ်ချင်တာ စွတ်ရွတ်ပြီး ဆင်ကန်း တောတိုးသဘောမျိုးလုပ်နေကြ
တာ၊ စစ်အာဏာရှင်တွေရဲ့ ”သမိုင်းထင်ရှားအ မှားတကာ့
အမှားဆုံး” လုပ်ရပ်တွေသာ ဖြစ်ခဲ့ရပါတယ်။ ဖြစ်နေဆဲပါပဲ။

ဒါတွေ ကို မလုပ်ကြပါနဲ့ဆိုပြီး ငိုကြီးချက်မနဲ့ တားကြဆီးကြ၊ ဆန္ဒထုတ်ဖော်ကြတဲ့ဒေသခံပြည်သူလူထုကိုကျတော့ရန်သူသဖွယ်သဘောထားပြီးမန္တလေးဆေးရုံကြီး၊မုံရွာ ဆေးရုံကြီးတွေမှာ အတွင်း လူနာတွေ ဘဝ ရောက်ရလေအောင် မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွင်းလူစုခွဲပစ်ခဲ့ ကြတယ်။ မှားပြီးရင်းမှားရင်း တွင်းတူးပြီး မိုက်
တွင်းကိုနက်သထက်နက်ပြနေကြတဲ့"တစ်ဘဝစံ”အာဏာမာန်တက်၊
ပြည်ဖျက်မျိုးဖျက်၊လက်တစ်ဆုပ်စာ လူတစ်စုရဲ့ "ကောင်းမှုကုသိုလ်ပြုပါတယ် ဆိုတဲ့” နိုင်ငံပိုင်မီဒီယာ
တွေပေါ်ကရုပ်ပုံလွှာတွေဟာရယ်ပွဲဖွဲ့စရာပါ။

ကုသိုလ်တစ်ပဲ၊ငရဲတစ်ပိဿာအသည်း
လိပ်ပြာရော သန့်မှသန့်ကြပါရဲ့လားဗျာ။

မကြာသေးခင်ကပဲ ရန်ကုန် ကျောက်တံတားမြို့နယ် ရဲစခန်းက ဖမ်း ဆီး၊ တရားစွဲဆိုပြီး ရဲအက်ဥပဒေပုဒ်မ ၄၂အရ ”ထောင်ဒဏ် ၈ ရက် ကျခံ သွားခဲ့ရတဲ့ ကိုအောင်ကိုဦးဆိုသူဟာ လက်ပံတောင်းတောင်က လယ်တီဆရာ တော်ဘုရားကြီးရဲ့ ရှေးဟောင်းသာသနိက အဆောက် အအုံတွေကို နေရာမရွှေ့ ပြောင်းဖို့အတွက် ရန်ကုန် ဆူးလေ ဘုရား လမ်းနဲ့ ကုန်သည်ကြီးများဟိုတယ်နားမှာ မီးပန်းပစ်ဖောက် ဆန္ဒထုတ်ဖော် ခဲ့လို့ ဒီ ပြစ်ဒဏ်ကိုကျခံသွားခဲ့ရတယ်ဆိုတာ သိလိုက်ရပါ တယ်။
မတ်လ ၃ဝ ရက်နေ့ ၂ဝ၁၄ မှာ ဒီကိစ္စဖြစ်
ပေါ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့ မှာ သူ့ကို အမိန့်ချခဲ့တယ်လို့ သိရတယ်။ ဆန္ဒထုတ်ဖော်တဲနေရာမှာတော့ ဘယ်ပုံဘယ်နည်းဆန္ဒ ထုတ်ဖော် ရင် ပြဿနာမရှိနိုင်ဘူးဆိုတာကိုတော့ ဆန္ဒထုတ်ဖော်မယ့် သူတွေ ဘက်က ကြို တင်ပြီး စဉ်းစားသင့်ပါတယ် ဆိုတာတော့ ကျွန်တော်ေ စတနာနဲ့ အကြံပြုပါရစေ ဗျာ။ ပြဿ နာမဖြစ်နိုင်သော ဆန္ဒထု တ် ဖော်နည်းအရ ပုဒ်မ ၁၈ ဆိုတာကြီးကိုပါ ကြိုတင်စဉ်းစားပြီး တရားဝင်ဆန္ဒ ထုတ်ဖော်သင့်ကြပါတယ်။

ဘာပဲဖြစ်ဖြစ်၊ အ မှန်တရားအတွက် နှလုံးသားနဲ့ မိမိတို့ရဲ့ အမျိုးသားရေးကိုရှေးရှုပြီး၊ လူထုကြီး တစ်ရပ်လုံးကပဲဖြစ်စေ၊ လူတစ်စု၊ လူ တစ်ဖွဲ့၊ လူတစ်ဦးချင်းစီ ကပဲ ဖြစ် ပါစေ၊ မိမိတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ကြတဲ့ အခါမှာ ကိုယ့်ဘက်က နစ်နာဆုံးရှုံးမှု တွေ မဖြစ်ကြဖို့အတွက် အဘက်ဘက်ကကြိုတင်စဉ်းစားပြီးမှစနစ်တကျ ဆန္ဒထုတ်ဖော်သင့်
ကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ခေတ်ကြီးကိုက ပျက်နေတာ ကြာပြီဗျ။ ယုတ်စွ အဆုံး တရုတ်တွေကရန်ကုန်မြို့လယ်မှာရှိတဲ့အထင် ကရ၊မြန် မာ့လွတ်လပ်ရေးအထိမ်းအမှတ်ကျောက် တိုင်ကြီးရှိတဲ့၊ မဟာဗန္ဓုလ ပန်းခြံမြေနေရာကြီးကိုပါ လိုချင်ပါတယ်ဆိုရင် ခင်ဗျားတို့ကျွန်
တော်တို့ကဒီကျောက်တိုင်ကြီးကိုတူးဖော်ပြီး ဖြစ်တဲ့နည်းနဲ့ရန်ကုန်မြို့ပြင်ကို ရွှေ့ပြောင်းချင် ရွှေ့ပြောင်းပေးကြရဦးမှာကိုး။ ခေတ်ကပျက်နေတာ
ကြာပြီလေဗျာ။

ဘဝအာမခံချက်ဆိုတာကျွန်တော်တို့ မြန်မာပြည်သူလူထုဘက်မှာမရှိခဲ့တာ ကာလတွေရှည်ကြာခဲ့ပါပြီဗျာ။တစ်စိမ့်စိမ့်တွေးကြည့်ေ လလေ..ရင် ထဲမှာဝမ်းနည်းကြေကွဲရလေလေပါပဲဗျာ။သြော်..ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ဝဋ်ကြွေး တွေက ကြီးမားလွန်းလှတာကိုး။ မင်းဆိုး၊ မင်းညစ်တွေရဲ့ လက်ထဲမှာ ခင်ဗျား တို့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ခန္ဓာ ကြီးရှိပါလျက်နဲ့ "သေဆုံး” နေကြ တာကြာပြီပဲလေဗျာ။ သိပ်ဝမ်းနည်းကြေ ကွဲဖို့ကောင်းပါတယ်။
Credit : Popular Myanmar News Journal
Cartoon : Harn Lay

ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
26-04-2014

No comments: