Friday, April 25, 2014

ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်များအား တရုတ်လက်မခံ နယ်စပ်တွင် စားဝတ်နေရေးခက်ခဲနေ


By ကံ့ကော် ၊ ရန်ကုန်၊
အစိုးရနှင့် KIA တပ်များအ ကြား ဧပြီလအတွင်းကဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခ သည် ၃ဝဝဝ ခန့် တရုတ်ပြည်ထဲသို့ ဝင်ရောက်ပြေးရှောင်ရာ တရုတ်ပြည် ဘက်မှလက်မခံသောကြောင့် တရုတ် ပြည်နယ်စပ်တွင် စားဝတ်နေရေးအ ခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒုက္ခသည်အရေးဆောင်ရွက်နေသူ NDF ပါတီမှ ဒေါ်ဘောက်ဂျာက ရန် ကုန်တိုင်းမ်သို့ ပြောသည်။
''ဒုက္ခသည်နှစ်ထောင်ကျော် သုံး ထောင်လောက်တရုတ်ပြည်ထဲကို ဝင် ပြေးတာမှာ တရုတ်ဘက်ကလက်မခံ လို့ ခုတရုတ်နယ်စပ်မှာစားဝတ်နေရေး ခက်ခဲနေတယ်''ဟု ဒေါ်ဘောက်ဂျာ ကလတ်တလော စစ်ဘေးရှောင်ဒုက္ခ သည်များ၏ အခြေအနေကို ပြောသည်။
စစ်ဘေးရှောင်လာသော ဒုက္ခ သည်များကိုနီးစပ်ရာတွင် စုစည်းထား ပြီး ယင်းတို့၏စားဝတ်နေရေးအခက် အခဲများကိုကူညီရန် NGO များက ဂရုဏာအဖွဲ့နှင့် နှစ်ခြင်းခရစ်ယာန် (KBC) အဖွဲ့များသို့ ဆက်သွယ်၍ အ ကူအညီပေးရေးကိုကြိုးစားနေကြောင်း အစိုးရနှင့် KIA ကြား အကျိုးဆောင် ပြုလုပ်နေသူ ဦးဆန်းအောင်က ပြော သည်။
''KIO ထိန်းချုပ်နယ်ဧရိယာမှာ ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုက တရုတ် ပြည်ထဲကိုဝင်ပြေးတာ လက်မခံတော့ နေထိုင်စားသောက်ရေးမှာ အခက်အ ခဲဖြစ်တာ NGO တွေက ကူညီဖို့က ဂရုဏာတို့၊ နှစ်ခြင်းခရစ်ယာန်အဖွဲ့ တို့ကနေဆက်သွယ်ကူညီမှရတာဆို တော့ သူတို့ကူညီဖို့ကြိုးစားနေတာရှိ တယ်။ အစိုးရထိန်းချုပ်နယ်မြေထဲ ရောက်သွားတဲ့ဒုက္ခသည်တွေကိုတော့ အစိုးရကစီစဉ်ပေးမယ်ထင်ပါတယ်'' ဟု ဦးဆန်းအောင်က ရန်ကုန်တိုင်းမ် သို့ပြန်လည်ဖြေကြားခဲ့သည်။
အစိုးရဘက်မှစစ်ဘေးရှောင် ဒုက္ခသည် များကိုမည်သို့ ကူညီဆောင် ရွက်သွားမည်ကို email ဖြင့် ဆက် သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။
တိုက်ပွဲများဖြစ်ပွားပြီးနောက် အစိုးရ တပ်များ လဂျောင်ကျေးရွာသို့ ဝင်ရောက်ခဲ့သောကြောင့် ဧပြီ ၂ဝ ရက် တွင် လဂျောင်ကျေးရွာဒေသခံများ သည် မန်စီမြို့နှင့် ၁ဝ မိုင်ခန့်ဝေးသော မြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်ဒုက္ခသည် စခန်းနှင့် အေဒီ ၂ဝဝဝ ကက်သလစ် အသင်းတော် ဒုက္ခသည်စခန်း သို့ပြောင်း ရွှေ့နေထိုင်ခဲ့ကြကြောင်း သိရသည်။
တရုတ်ပြည်နယ်စပ် KIO ထိန်း ချုပ်နယ်မြေတွင် ဒုက္ခသည် စခန်းခြောက် ခုရှိပြီး စခန်းတစ်ခုတွင် ဒုက္ခသည် ခြောက် ထောင်ခန့်ရှိကြောင်း သိရသည်။
Source: ရန်ကုန်တိုင်းမ် ဂျာနယ် ၊ အတွဲ (၁၀) အမှတ် (၁၅)
Credit to Yangon Media Group

No comments: