Friday, April 4, 2014

ခတ်သစ် ဂဠုန် ဦးစော သို့မဟုတ် တစ်ပူး အရှင်သခင် ထောက်လှမ်းရေး ခရိုနီ ဒေါက်တာ သန်းထွဋ်အောင်

NLD နဲ့ ရှစ်ပူးကို တိုက်ခိုက်တဲ့ အလဲဗင်း ရဲ့ လုပ်ရပ်ကို ပြန်တုန့်ပြန်ထားတာ
ဖတ်ကြည့်ပါ
ခေတ်သစ် ဂဠုန် ဦးစော သို့မဟုတ် တစ်ပူး အရှင်သခင် ထောက်လှမ်းရေး ခရိုနီ ဒေါက်တာ သန်းထွဋ်အောင်
***************************************************************
တနေ့က သတင်းမဟုတ်၊ ဆောင်းပါးမဟုတ် လူချတဲ့ စာနယ်ဇင်း ကျင့်ဝတ် မရှိတဲ့ တစ်ပူး ရဲ့ ရေးသားချက်တွေကို တွေ့ရပြီးအတော် စိတ်ပျက်လက်ပျက်ဖြစ်ရတယ်။

တစ်ပူးရဲ့ ရေးသားချက်တွေက ငါနဲ့မတူ ငါ့ရန်သူလို အကုန်လုံးသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ကို ရန်ပြုရေးသားချက်တွေ ဖြစ်နေတာပါ။ ဒါကလည်း ဒီတခါတည်း မဟုတ်ပါဘူး။ ဒီလို လုပ်နေတာ ကြာပါပြီ။
သူရဲ့ ရန်လိုတဲ့ ရေးသားချက်တွေမှာ ရွှေသံလွင် ကို အဓိက တိုက်ခိုက်ထားတာပါ။ ရွှေသံလွင်ကို သူ တိုက်ခိုက်ရခြင်းကတော့ တီဗွီ သတင်း လုပ်ပိုင်ခွင့်နဲ့ စီးပွားရှာဖို့ အစိုးရကို ချည်းကပ်ရာ မှာ ရွှေသံလွှင် ဦးကျော်ဝင်းရဲ့ Sky Net ကို တစ်ပူးက ကျော်မရလို့ တိုက်ခိုက်ရန်ပြု ရေးသား ထားတာတွေပါ။
အဲဒီမှာ ရွှေသံလွင်နဲ့ ဆက်စပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရှေ့တန်းက မားမား မတ်မတ် ကြိုးစားနေကြတဲ့ NLD ပါတီနဲ့ ၈၈ မျိုးဆက်ကိုပါ တိုက်ခိုက်ရေးသားထားတာ တွေ့ရပါတယ်။
အခုအချိန်မှာ တိုင်းပြည်ဒီမိုကရေစီတည်ဆောက်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်နေကြသူတွေကို အချိန်ကိုက် တိုက်ခိုက်ရေးသား လိုက် တာ ဖြစ်လို့ တစ်ပူးဟာ ဒီမိုကရေစီကို ဆန့်ကျင်ရေးသားမှုလုပ်နေတယ်လို့ ပြောရပါလိမ့်မယ်။
တကယ်တော့ ရှစ်ပူးလို့ ခေါ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို စပွန်ဆာစတင်လုပ်ပြီး ချည်းကပ်ကာ ဝယ်ဖို့ ကြိုးစားခဲ့တာ တစ်ပူး အရှင်သခင်ကြီး ဒေါက်တာ သန်းထွဋ်အောင်ပါဘဲ။
သူဟာ ရှစ်ပူးတွေ ထောင်က ထွက်လာလာချင်း သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ အစအဆုံး တာဝန် ယူ ခဲ့သူဖြစ်သလို ရှစ်ပူးရဲ့ ရုံးခန်းကို တနှစ်စာ ငှားရမ်းခ တာဝန်ယူခဲ့သူလို့ သိရပါတယ်။
တစ်ပူးရဲ့ ရေးသား ချက်တွေထဲက ရှစ်ပူးက ကိုကိုကြီး မင်္ဂလာ ကိစ္စလည်း ပါဝင်လာတာ သတိထားမိတယ်။ ဘာတဲ့ ကိုကိုကြီး မင်္ဂလာပွဲကို ရွှေသံလွင် ဦးကျော်ဝင်း ရဲ့ ဟိုတယ်မှာ ကျင်းပ မယ့် ကိစ္စကို ပြစ်တင်ရေးသား ထားတာတွေ့ရပါတယ်။
ကိုကိုကြီးဆိုတာ လူငယ်ဘဝ တခုလုံး အကျဉ်းထောင်ထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ပေးဆပ်ခဲ့ပြီး အခုမှ ဘဝသစ်ကို စတင်ဖို့ ပြင်ဆင်ခါစ လုပ်ရပ်ကို တပါးသူ အိမ်ထောင်ရေး ထိခိုက်ပျက်ပြား အောင် ရေးသားပြောဆိုချက်တွေ လုပ်တာဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့လည်း မလျော်ညီပါဘူး။
နောက်ပြီး ရှစ်ပူးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းပွင့်လင်း ဆိုတဲ့ စကားလုံးက ကမ္ဘာကျော် သူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ Open Society နဲ့ ပတ်သက်တဲ့ ပုံစံရေးထားတာပါ။
သူရေးပုံမှာ စာနယ်ဇင်း စည်းကမ်း မရှိလိုက်ပုံတွေကို အထင်းသား တွေ့ရပါတယ်။
ဥပမာ အားဖြင့်ပြောရရင် ရှစ်ပူး ခေါင်းဆောင်တွေ ခဏခဏ အတည်ပြုပြောထား တဲ့ သူဋ္ဌေးကြီး
ဂျော့ဆိုးရော့စ်နဲ့ ဘာငွေကြေးမှ မယူထားသလို ဘယ်လိုမှ မပတ်သက်ပါဘူး ပြောထားတာကို အင်တာနက်စာမျက်နှာများမှာ ဖော်ပြထားချက်တွေအရ ပတ်သက်တယ်လို့ ဘာမှန်း မသိတဲ့ အင်တာနက်ကို ကိုးကား ရေးသား ဖော်ပြချက်လိုမျိုးဖြစ်ပါတယ်။

အဲဒီလို NLD၊ ရှစ်ပူး စတဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်ရေးသားတဲ့ တစ်ပူးဟာ စာနယ်ဇင်းလောကမှာ အထူးအခွင့်အရေးယူပြီး သြဇာ ထူထောင်ကာ စာနယ်ဇင်းကို စီးပွားရေး နယ်ပယ်မှာ စစ်လက်နက်ပစ္စည်းသဖွယ် အသုံးပြု လုပ်ဆောင်လာတာတွေ ဖြစ်တယ် လို့ ပြောရ ပါလိမ့်မယ်။
ထောက်လှမ်းရေး ခရိုနီကြီး ဒေါက်တာ သန်းထွဋ်အောင် ဟာ ဘောလုံးလောင်းကစားနဲ့ အဓိက စီးပွားရှာသူဖြစ်ပြီး စာနယ်ဇင်း လောကမှာ မြစ်ဆုံလို ကိစ္စတွေကို တင်ပြပြီး သြဇာ ထူထောင် ခဲ့တာတွေ လုပ်ခဲ့ပါတယ်။
တကယ်တော့ တစ်ပူး ( အလဲဗင်း ဂျာနယ်နဲ့ သတင်းစာ) ဆိုတာ လေတပ်ထောက်လှမ်းရေး ခရိုနီ စာနယ်ဇင်းလို့ ပြောရမှာပါ။
တစ်ပူးရဲ့ အရှင်သခင်ကြီးအဖြစ် လုပ်နေတဲ့ ဒေါက်တာ သန်းထွဋ်အောင် ဆိုသူ၊ သူ့ဘဝ နောက်ကြောင်းကို နည်းနည်း ဖောက်သည်ချပြရပါတော့မယ်။
ဒေါက်တာ သန်းထွဋ်အောင် ဆိုတာ ရှစ်လေးလုံးကာလမှာ မန္တလေး ဘက်မှာ ပါဝင်ခဲ့သူဖြစ်ပြီး
နောက်ပိုင်း NLD ပါတီဝင်ဖြစ်ခဲ့သူပါ။

NLD တွေအတွက် ခေတ်မကောင်းတော့တဲ့ ကာလ၊ အန္တရာယ်ရှိကာလတွေကို ရောက်တော့ တချိန်က လေတပ်ထောက်လှမ်းရေးတွေနဲ့ ပေါင်းပြီး ထောက်လှမ်းရေး ခရိုနီး အလဲဗင်း ကို စတင် တည်ထောင်ခဲ့ပါတော့တယ်။
အလဲဗင်းလုပ်ချိန်မှာ စာပေကင်ပေတိုင်က ဗိုလ်မှူး တင့်ဆွေကို ကား၊ အိမ် တွေ လာဘ်ထိုး စပွန်ဆာပေးပြီးသူများ စာနယ်ဇင်းတွေထက် အခွင့်အရေးပိုယူကာ စာနယ်ဇင်း အခွင့်ထူးခံ လုပ်ဆောင်ခဲ့ကြတာပါ။
နောက်ထပ်ပြောရရင် အလဲဗင်း စာနယ်ဇင်းကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေး ကို ထောင်ချခဲ့တာ လည်း ဒေါက်တာ သန်းထွဋ်အောင် ပဲ ဆိုတာ အတွင်းသိတွေက သိနေပြီးသားပါ။
ကွယ်လွန်သူ သတင်းစာဆရာ မောင်ဝံသဟာ တပါးသူကို အပြစ်ပြောတာ၊ ပြင်းထန်တဲ့ မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ဘူးပါဘူး။ ဒါပေမယ့် ဒေါက်တာ သန်းထွဋ်အောင်နဲ့ပတ်သက်ပြီး ပြောဆိုဘူးတာက
တော့ သူ့ကို ခေတ်သစ် ဂဠုန် ဦးစော လို့တောင် မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။

နောက်ထပ် ဆက်လက်ဖော်ပြပေးပါအုံးမယ်။
https://www.facebook.com/photo.php?fbid=412882238856361&set=a.412882462189672.1073741828.412881405523111&type=1&theater
ဒီမိုကရေစီ ကာကွယ်ကြသူများ
5.4.2014

No comments: