Wednesday, April 30, 2014

မြိတ် ကျောက်မီးသွေးစက် ရုံ တည်ဆောက် =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= နေခြင်းကို ဒေသခံပြည်သူများ မလိုလားဟုဆို


=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ် နှင့် ဆယ်မိုင်
ခန့်ကွာဝေးသော လော့လော့ ကျေးရွာတွင်ကျောက်မီး
ေ သွေးစက် ရုံစီမံကိန်း တည်ဆောက်နေကာ အဆိုပါ
စက် ရုံ မှထွက် ရှိလာသည့် စွန့်ပစ်ပစ္စည်းများကြောင့်
ပတ်ဝန်းကျင် နှင့် ဒေသခံပြည်သူများ အသက်အန္ဒရာယ်
ထိခိုက်နိုင် သည့်အတွက် စက်ရုံတည်ဆောက် ရန်
လက်မခံနိုင်ကြောင်း ယင်းမြို့နယ် ရှိဒေသခံများက
  ပြောသည်။

ကျွန်တော်တို့ဒေသခံတွေအ နေနဲ့ သ ဘောမတူဘူး။
လက်သင့်မခံနိုင် ဘူး။ ဘာလို့လဲဆိုတော်ကျောက်မီး
ေေေ   သွေးစက်ရုံရှိတဲ့မြို့နယ်တွေက လူတွေ အ ရေပြား
ေ ရောဂါ တွေဖြစ်တယ်။လေထုကလည်း မ ကောင်းဘူး။
ေေေ ရေထုကလည်းမ ကောင်းဘူး။အဲဒါကြောင့် စက် ရုံကို
မ ဆောက်သင့်ဘူး။ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာ
ဟု မြိတ်မြို့နယ်မှ (၈၈ မျိုးဆက်အဖွဲ့မှ)ဦးအောင် နိုင် ဦး
က ပြောပါသည်။

မြိတ်မြို့နယ် ရှိ လော့လော့ကျေးရွာတွင် ကျောက်မီးသွေး
စက် ရုံ တည်ဆောက်မည်ဆိုပါက အဆိုပါစက် ရုံမှထွက်
ရှိလာသည့် စွန့်ပစ်ပစ္စည်းများကြောင့် လေထုညစ်ညမ်း
ပြီး အနံ့ဆိုးများထွက် ရှိကာ လေထုထဲမှ သက် ရှိများမှာ
အဆိပ်သင့်နိုင်ကြောင်း ယင်းအပြင် အ ရေပြားရောဂါ
  နှင့် အဆုတ်ရောဂါများလည်းဖြစ်ပေါ်နိုင် သည်။ပတ်ဝန်း
ကျင် လည်း ထိခိုက်နိုင်ကြောင်းအထက်ပါပုဂ္ဂိုလ်ကပြော
ပါသည်။

အဆိုပါ စက် ရုံစီမံကိန်းအား မလုပ် ရန် မြိတ်မြို့နယ် ရှိ
ေေ  ဒေသခံပြည်သူများက အကြိမ်ကြိမ် ဆန္ဒပြကန့်ကွက်
ကြ ကြောင်းယင်းအပြင် ဒေသခံပြည်သူများ၏ သ ဘော
ဆန္ဒမပါဘဲ ပြုလုပ်ပါက မလိုလားအပ်သည့် ပြဿနာ
များဖြစ်လာနိုင်ကြောင်း ဒေသခံတချို့က ပြောဆိုသည်။

မြိတ်မြို့နယ် ရှိလူငယ်ဆရာဝန်များအသင်းမှဒေါက်တာ
  ကျော်စွာဦး က "စက် ရုံက တော့ မ ဆောက်သေးပါဘူး
မြေညှိတဲ့အဆင့်ပဲရှိသေးတယ်။ဒါပေမယ့်စက် ရုံဆောက်
ခဲ့ရင် ဆိုးကျိုးကအများကြီး။စိုက်ခင်းတွေပျက်မယ်။လူ
ေ တွေထိခိုက်မယ်။စက် ရုံကထွက်လာတဲ့ အခိုးအ ငွေ့တွေ
က လေထုညစ်ညမ်းမယ်။နောက်ပြီးဒီဒေသနှင့်လည်း
မကိုက်ညီဘူး။ကျန်းမာရေးနှင့်ပတ်သက်ပြီးဆိုးကျိုးတွေ
အများကြီးဖြစ်လာသည့်အတွက် အစိုးရအ နေနဲ့ ခွင့်မပြု
သင့်ဘူး ဟု ၄င်းက ပြောပါသည်။

  ကျောက်မီးသွေး စက် ရုံ နှင့် ပတ်သက်ပြီး မြိတ်ခရိုင်
အုပ် ချုပ် ရေး မှူး ဦး လွင် ကို ဦး ကို အဓိပတိ ဂျာနယ်
မှ ဆက်သွယ်မေးမြန်းရာ ရိုင်းပျစွာ ဆဲဆိုကြိမ်းမောင်း
သည့်အပြင် ကျောက်မီးသွေး စက် ရုံတည်ဆောက်
ြ  ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ် ရာပြန်လည်ဖြေကြား
ြ  ခြင်းလည်း မရှိခဲ့ပေ။
ဧပြီလ ၃၀ ရက် ထုတ် "အဓိပတိ"ဂျာနယ်မှကူးယူ
  ဖေါ်ပြသည်။



 

No comments: