Monday, April 14, 2014

ကိုအောင်ထွန်း (ခ)နေဒွန်း နာ ရေးသတင်း

ပိုင်ရှင်မဲ့ မြန်မာနိုင်ငံသား အလောင်းအား (BCS) မြန်မာနိုင်ငံသားများ လူမှုကူညီပေးရေး အေဂျင်စီမှ ဆက်စပ်ဆောင်ရွက် ကူညီသင်္ဂြိုလ်ပေးခြင်းနှင့် သတင်းထုတ်ပြန်ချက်။
မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် အခြေချနေထိုင်သော ကိုအောင်ထွန်း (ခ) နေဒွန်း (အသက် ၅၀ နှစ်) သည် မြန်မာနိုင်ငံသား အသိုင်းအ၀ိုင်း နည်းပါးသော မြို့၏ တောင်ဖက်အခြမ်းတွင် တဦးတည်းနေထိုင်ကြောင်း သိရှိရပါသည်။
၎င်းကောင်း သေဆုံးကြောင်း သတင်းကို Department of Social Service မှ ဧပြီလ ၁၁ ရက် ညနေတွင် ၄င်း၏ မိတ်ဆွေဖြစ်သူ ကိုအောင်ကျော်မင်းအား ဖုန်းဆက်အကြောင်းကြားလာသော်လည်း ဘာသာစကား အခက်အခဲကြောင့် သေဆုံးမှု ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းစုံစမ်းနိုင်ခြင်း မရှိခဲ့ပါ။
DSS ၊ ၄င်း၏မိတ်ဆွေနှင့် ရွှေမင်းဝံကျောင်းဆရာတော် တို့မှ ဆက်သွယ်အကူအညီတောင်းခံမှုအရ မိဘဆွေမျိုးသားချင်း မရှိသော မြန်မာနိုင်ငံသား ပိုင်ရှင်မဲ့အလောင်းနှင့် ပတ်သက်၍ (Burmese Community Services Inc ) မှ ရှာဖွေဆက်သွယ်စုံစမ်းပြီး ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိင်္ုလ်နိုင်ရေး အတွက် အမေရိကန် ဥပဒေဘောင်အတွင်းမှ လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
သေမှုသေခင်း စစ်ဆေးချက်အရ ကိုအောင်ထွန်း (ခ) နေဒွန်းမှာ မတ်လ ၂၇ ရက်နေ့ကတည်းက ၄င်းကောင်းတဦးတည်းနေထိုင်သော အိမ်၌ပင် သေဆုံးကြောင်း၊ မိဘဆွေမျိုး အသိမိတ်ဆွေများမှ ဆက်စပ် ဆောင်ရွက်မှု မရှိသောကြောင့် ဘတ်ဖလိုးမြို့ အလောင်းထိန်းသိမ်းရေးဌာနမှ စီမံထိန်းသိမ်း ထားကြောင်း စုံစမ်းသိရှိရပါသည်။
သင်္ဂြိုလ်ရန် ကုန်ကျစရိတ်နှင့် အစီအစဉ်အားလုံးကို (Burmese Community Services Inc ) မှမြန်မာနိုင် ငံသားအချင်းချင်း လူသားချင်းစာနာထောက်ထားမှုအရ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အဆိုပါ ပိုင်ရှင်မဲ့ ကိုအောင်ထွန်း (ခ)နေဒွန်း အလောင်းအား ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁း၀၀ နာရီ တွင် Lambardo Fenural Home ၏ မီးသဂြိင်္ုလ်စက်တွင် ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ပါကြောင်း ကာယကံရှင်၏ မိသားစုနှင့် မိတ်ဆွေ အပေါင်းအသင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက
(Burmese Community Services Inc )
Ph# (716) 308 4338. (716) 533 7027
E-mail: info@burmesecs.org

No comments: