မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, April 30, 2014

ရှေ့ဟောင်း အမွေအနှစ် လယ်တီသိမ်တော်ကြီး ဖျက်ဆီးခံရ


၂၀၁၄ ခုနှစ် ၊ ဧပြီလ (၃၀)ရက်
စစ်တပ်ပိုင် ဦးပိုင်ကုမ္မဏီ၏ လက်ပံတောင်းတောင်ဒေသ ကြေးနီထုတ်လုပ်ရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးမြင့်ဦးနှင့် တရုတ် ၀မ်ပေါင်ကုမ္မဏီ၏ ကြေးနီ ထုတ်လုပ်ရေး တာဝန်ခံ မစ္စတာ လောရှိယုတို့မှ အနီးကပ် ကြပ်မတ် ကွပ်ကဲမှုဖြင့် ၂၉ ရက်နေ့ ည ( ၇း ၂၀ ) ချိန်တွင် မီးမောင်းကြီးများထိုး၍ ဘော်တူဇာကြီးများ ၀န်ချီစက်ကြီးများဖြင့် လက်ပံတောင်းတောင်ဒေသခံ လယ်တီဆရာတော်ဘုရားကြီး၏ ရှေ့ဟောင်းအမွေဖြစ်သော လယ်တီသိမ်တော်ကြီးနှင့် ဘုရားနှစ်ဆူနှစ်အား ထိုးဖဲ့ ဖြိုချဖျက်ဆီးခဲ့ရာ ဧပြီလ ၃၀ ရက်နေ့ နံက်တွင် မြေပြင်ညီ ဟင်းလင်းပြင်အဖြစ် အပြီသတ် ဖြိုချ ဖျက်ဆီး ပြီးစီးသွားကြောင်း သိရသည် ။
ထိုသို့ ဖြိုချဖျက်ဆီးခဲ့ရာတွင် သိမ်တော်အတွင်း မင်းတုံးမင်းတရားကြီလက်ထက်တွင် တည်ထား ကိုးကွယ် ခဲ့သော သိမ်တော်ဌာပနာတိုက်အတွင်းမှ ရှေ့ဟောင်းဌာပနာ အမျိုးအစားပေါင်း ( ၁၈ )ခုရှိခဲ့ရာ အဆိုပါ ရှေးဟောင်း အမွေဌာပနာများအား မည်သူများက မှတ်တမ်းပြု၍ သိမ်းဆီးထားကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ ၊ ဤသို့ ဖျက်ဆီးရာတွင် ပါဝင်ခဲ့သော တရုတ်လူမျိုး အင်ဂျင်နီယာတဦးဖြစ်သူ လျှမ်းယုံခမ်းမှ အဆိုပါ ဌာပနာများသည် အလွန် ရှေးကျသော ရှေ့ဟောင်းပစ္စည်းများဖြစ်ကြောင်း မန္တလေးမြို့တွင်ရှိသည့် ချိုင်းနားဘဲလူးကုမ္မဏီမှ ၄င်း၏ သူငယ်ချင်းအား တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောပြသော စကားကို အမည်မဖေါ်လိုသူ တရုတ်-မြန်မာ စကားပြန်တဦးမှ ပြန်လည် ပြောပြခြင်းကြောင့် သိရသည် ။
အဆိုပါ ကိစ္စနှင့် ပါတ်သက်၍ မြန်မာနိုင်ငံ သံဃမဟာဏာယကသို့ ဆက်သွယ် အကြောင်းကြားရာ တာဝန်ခံ ဆရာတော်တပါးမှ သိမ်တော်ဌာပနာတိုက်အတွင်းမှ တွေ့ရှိသော ရှေ့ဟောင်းဌာပနာများအကြောင်း တစွန်းတစမျှ မသိရသေးပါကြောင်း သိရသည် ။
ထို လယ်တီသိမ်တော်ဌာပနာတိုက်အတွင်းမှ တွေရှိသော ရှေ့ဟောင်းဌာပနာများအား မြန်မာနိုင်ငံအဝှမ်းရှိ ဗုဒ္မဘာသာနွယ်ဝင်များ ဖူးမျှော်ကြည့်ရှု့နိုင်ရန် လက်ရှိ အစိုးရမှ စီစဉ်ပေးရန်နှင့် မပျောက်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ လုံးဝ တာဝန်ရှိသည် ။
သို့ဖြစ်ပါသောကြောင့် ဖုန်းကွယ် သိမ်းစည်းထားသော လယ်တီသိမ်တော်ဌာပနာတိုက်အတွင်းမှ တွေ့ရှိသော ရှေ့ဟောင်းဌာပနာများအား တာဝန်ရှိသူ အစိုးရမှ မြန်မာနိုင်ငံအ၀ှမ်းရှိ ဗုဒ္မဘာသာနွယ်ဝင်များမှ ပွင့်လင်းမြင်သာစွာ ဖူးမျှော်ကြည့်ရှု့နိုင်ရန် အမြန်းဆုံး စီစဉ်ပေးပါရန် တင်ပြတောင်းဆို လိုက်ရပေသည် ။

သတင်း
အမျိုးသားလွတ်မြောက်ရေးအင်အားစု

BY - Aung Htun
====================
လက်ပံတောင်းတောင် စီမံကိန်းရှိ လယ်တီသိမ်ကို အပြီး ဖြိုဖျက်
30 April 2014
DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေးကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်တယ်။”
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအရ လယ်တီသိမ်ကို မူလ အနေအထားမပျက် ပြောင်းရွှေ့ရန် ဒေသခံများအားလုံးရဲ့ သဘောတူညီချက်နဲ့ တခြားနေရာကို ပြောင်းရွှေ့ရန် ပါရှိခဲ့ပေမယ့် ဧပြီ ၂၉ ရက်နေ့က လယ်တီသိမ်ကို အပြီး ဖြိုဖျက်ပြီး ပြောင်းရွှေ့ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်မှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ လယ်တီသိမ် ဖြိုဖျက်ခဲ့တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အစီရင်ခံစာထဲမှာ ပြောတာကတော့ ဒီလိုမျိုးပြောင်းရွှေ့မယ်ဆိုရင် မူလအနေအထား မပျက်ပြောင်းရွှေ့ပေးရမယ်။ နောက်တခုက ဒေသခံများရဲ့ သဘောတူညီချက်နဲ့ ဖြစ်ရမယ်ဆိုတာ ပါတယ်။ ကျမတို့ပြောချင်တာက အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်းတော့ လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးဆိုတာတော့ သေချာတာပေါ့လေ။ ဒါကို အခုဟာက လောလောဆယ် တာဝန်ရှိနေတာကတော့ အစီရင်ခံစာကို လက်တွေ့ အကောင်အထည်ဖော်နေတဲ့ ကော်မတီက တာဝန်ရှိတယ်။”
ဝမ်ပေါင်ကုမ္ပဏီ ပြည်သူ.ဆက်ဆံရေး မန်နေဂျာ ဦးအောင်ဇော်လင်းကတော့ လယ်တီသိမ် ဖြိုဖျက်ခြင်း ကိစ္စက ကုမ္ပဏီနဲ့ သက်ဆိုင်ခြင်း မရှိဘဲ အစိုးရနဲ့ သာသနာရေးဦးစီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ အခုလိုပြောပါတယ်။
“အဲဒါလုပ်တာ ကုမ္ပဏီက မဟုတ်ဘူးဗျ။ အဲဒါ အစိုးရက လုပ်တာ။ ကျနော်တို့တော့ မသိဘူး။ နောက်ဆုံးအခြေအနေကို သာသနာရေးဦးစီးဌာနကို မေးမှ သိမယ်ထင်တယ်။ အခုအချိန်အထိ နောက်ဆုံး သတင်းမရဘူး။”
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။
ဧပြီ ၂၉ ရက်နေ့ကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းမူ ၁၇ လပြည်ခဲ့ပေမယ့် ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မရှိတဲ့အပေါ် ရန်ကုန်နဲ့ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

No comments: