Friday, March 1, 2013

မြန်မာပြည်သားတစ်ယောက်ကို တရုတ်အစိုးရက သေဒဏ်ပေးလိုက်

မြန်မာပြည်သားတစ်ယောက်ကို တရုတ်အစိုးရက သေဒဏ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မှုကို ဂရုမစိုက်ကြောင်း နမူနာပြလိုက်တာပါ။ ပိုဆိုးတာက မူးယစ်ဆေးဝါးမှုကြောင့် သေဒဏ်ပေးတာမဟုတ်ပဲ တရုတ်လူမျိုးတွေကို သတ်တယ်လို့ သံသယရှိမှုနဲ့ သေဒဏ်ပေးလိုက်တာပါပဲ။ ဒါက တရုတ်လူမျိုးကို ထိပါးရင် ဘယ်လိုဖြစ်မယ်ဆိုတာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သတိပေးလိုက်တာပါ။ မြန်မာပြည်အစိုးရကတော့ စကားနည်းရန်ဆဲဆိုတဲ့မူကိုပဲ လက်ကိုင်ထားတာလား၊ ကြောက်လို့ပဲ နှုတ်ခွန်းမတုန့်ပြန်ရဲတာလားတော့ မပြောတတ်ဘူး။ စိုင်းနော်ခမ်းနဲ့ ပတ်သတ်လို့ ဒီနေ့အထိ လေသံတစ်ချက်မဟခဲ့ပါဘူး။ မြန်မာပြည်ထဲမှာ နယ်ချဲ့နေတဲ့ တရုတ်မူးယစ်ရာဇာလေးတွေကို အစိုးရက မဖမ်းရဲလို့ ဒီအတိုင်းလွှတ်ထားရတာတွေရှိပါတယ်။ တရုတ်အစိုးရက အလိုရှိရင်တော့ အူးယားဖားယားဖမ်းပြီး လွှဲပေးရတယ်။ ကိုယ့်နိုင်ငံထဲမှာ မူးယစ်ဆေးဝါးလာဖြန့်လို့ ဖမ်းမိရင်တောင် တရုတ်လူမျိုးကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ပြည်ကိုပဲ လွှဲပေးရတယ်။

မြန်မာမူးယစ်ရာဇာတစ်ယောက်ကို မြန်မာပြည်တရားဥပဒေက အပြစ်ပေးတာဆိုရင် ဘာမှကို ပြောစရာမရှိပါဘူး။ စိုင်းနော်ခမ်းက ဆိုးတယ်ပဲထားဦး။ ကိုယ့်သားသမီးဆိုးတာကို အကြောင်းပြုပြီး တခြားသူက သတ်ဖြတ်နေတာကို မျက်နှာလွဲရက်တယ်ဆိုရင် ဒီအစိုးရက မိဘမပီသဘူးပဲ။

(ဓာတ်ပုံက စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်းနဲ့အတူ ဖမ်းမိတဲ့ တရာခံ Tin Min Chuan ကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ကို ပြန်လွှဲပေးနေတဲ့ပုံပါ)

မဟုတ်တရုတ်တရားစီရင်ရေး
၁။ တရုတ်ပီကင်းအစိုးရနှင့်ယူနမ်အာဏာပိုင်များ၏မမှန်မကန်နှင့်မဖြောင့်မတ်သော
တရားစီရင်ရေးသည်မြန်မာနိုင်ငံသားဖြစ်သောရှမ်းတိုင်းရင်းသားတဦးကိုပြောင်
ပြောင်တင်းတင်းပင်ကွပ်မျက်ပစ်လိုက်ပါသည်။
၂။ စိုင်းနော်ခမ်းနှင့်တရုတ်သင်္ဘောသား(၁၃)ဦးသတ်ဖြတ်ခံမှုသည်ပက်သက်မှုမရှိ ကြောင်းကိုရွှေတိဂံဒေသနှင့်မဲခေါင်မြစ်တ၀ိုက်ရှိဒေသခံကျေးရွာများရော၊လောနိုင်ငံ
နယ်စပ်မှာ Crown Casino ထောင်ထားသောမိုင်းလားဒေသမှဦးစိုင်းလင်းတို့ အုပ်စု
ထဲထဲဝင်ဝင်သိရှိကြပါသည်။တရုတ်ထောက်လှမ်းရေးလည်းမညံ့တာကြောင့်အသိ
ဆုံးဖြစ်ပါသည်။
၃။ ဤသို့ သာကွပ်မျက်အပြစ်ပေးကြစတမ်းဆိုလျှင်(မဆိုင်သူ၊ဆိုင်သူအပါအ၀င်)
ခွန်ဆာ(ခ) ကျန်ဆီဖူးနှင့် ဖုန်ကြားရှင်တို့ လို တရုတ်လူမျိုးစစ်စစ်များကိုတရုတ်အာ
ဏာပိုင်များမှဘိန်းဘုရင်အဆင့်ပင်မသတ်မှတ်ခဲ့ပဲရှေးပဝေသဏီကာလများကတည်း
ကခွင့်ပြုမှုများရှိထားခဲ့သလို၊တရုတ်ဖြူဗိုလ်ချုပ်လီတပ်ကြွင်းတပ်ကျန်များနှင့်ခွန်ဆာ
တပ်တို့ လော-မြန်မာနယ်စပ်တွင်အကြီးအကျယ်တိုက်ခဲ့ရသည့်တိုက်ပွဲမှာလည်းတရုတ်
ရာနှင့်ချီသေဆုံးခဲ့သောဖြစ်ရပ်လည်းအထင်ကရရှိခဲ့ပါသည်။
၎။ ထိုအခြေအနေများကို တရုတ်ကမည်သို့ မျှအရေးယူမှုမရှိခဲ့ပဲ ယနေ့ ထက်တိုင်လောက်ကိုင်
မှစွန့် ခွာထွက်ပြေးခဲ့သောဖုန်ကြားရှင်ကိုလည်းခိုလှုံခွင့်ပြုပေးနေသည်မှာတရုတ်အမျိုးသားရေး
မူဝါဒကြောင့်ဟုသတ်မှတ်ရမည်ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်းကိုစိုင်းနော်ခမ်းကိစ္စမှာမောင်းသူမဲ့လေယာဉ်ဖြင့်ဝင်ရောက်တိုက်ခိုက်ရန်ပြောင်ပြောင်တင်းတင်းထုတ်ပြန်ကြေညာခဲ့သော
တရုတ်နိုင်ငံသည်ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကြားနေရေးမူဝါဒအားချိုးဖောက်ရာရောက်ကြောင်း
ဖော်ပြနေပါသည်။
၅။ သို့ သော်လည်းတရုတ်ကြောက်ဗိုလ်သိန်းစိန်-အောင်မင်းတို့ လိုစစ်အရေခွံလဲအစိုးရမျိုးအုပ်
စိုးနေသမျှကာလပတ်လုံးမှာမြန်မာနိုင်ငံနှင့်တိုင်းရင်းသားပြည်သူတရပ်လုံး၏ဘ၀သည်
ပေါက်ဖော်ကြီး၏မဟုတ်တရုတ်လုပ်နေမှုများကိုပိုမို၍သာခံလင့်နေရဖွယ်ရှိနေပါသည်။
ဆွေမျိုးပေါက်ဖော်ဝါဒအယုံအကြည်မရှိ
စစ်အောင်
 1362131009173 1362131009173 r

Land grab has links to President U Thein Sein

By Noe Noe Aung   |   Monday, 31 December 2012, Myanmar Time
President U Thein Sein, then the commander of Triangle Region Command, with U Ko Oo. (Supplied)President U Thein Sein, then the commander of Triangle Region Command, with U Ko Oo. (Supplied)
The head of a former people’s militia, or pyithu sit, is embroiled in a dispute with villagers in eastern Shan State’s Tachileik township over 325 acres of land with links to President U Thein Sein’s tenure as commander of Triangle Region Command.
U Chit Win, a Yangon resident who is representing 28 people involved in the land dispute, said authorities in Lwelsatone village and the Shan State Peace and Development Council divided and sold the land to the villagers in 2005.
“Many villagers bought land there. But in 2010 a man called U Ko Oo said that he is the owner of the land. In October 2012 he broke the fences down, built a house and also built a road across the land,” U Chit Win said.
When The Myanmar Times contacted U Ko Oo in Tachileik, he refused to comment and said he did not believe he was speaking to a journalist.
U Chit Win said U Ko Oo had built the house against the orders of Tachileik township General Administrative Office.
“When the villagers reported about this to the township authorities, they issued an order not to do anything on the land. But U Ko Oo didn’t obey it,” he said.
U Chit Win said U Ko Oo and U Ar Hee, who was also a member of the pyithu sit, applied for and were given permission to cultivate 25 acres and 300 acres respectively on the land in 1999. Permission was granted when President U Thein Sein served as commander of Triangle Region Command, U Chit Win said.
After U Ar Hee, the leader of the Tachileik pyithu sit, passed away and U Ko Oo left the area, leaving the land empty, the village authorities, township General Administration Department and township surveying department formed a commission and surveyed the land. The Shan State Peace and Development Council divided and sold the land to villagers under the instruction of the Ministry of Home Affairs in 2005, U Chit Win said.
“There was no objection at that time. But in 2010, U Ko Oo came with the photo of himself, U Thein Sein and three other people and said that he owned the land and that [U Thein Sein] gave the land to him. And he also showed a letter giving him permission to cultivate from 1999. Earlier this year he built a house and a road on the land, ignoring the objections of villagers and township authorities,” he said.
“Now he is acting like he got all 325 acres in 1999. We reported the dispute to the president. All of the villagers are waiting for a response,” he added.
U Zaw Htay, a director in the President’s Office, declined to comment on the dispute.
But Lawyer U Hla Myint told The Myanmar Times that if the Lwelsatone villagers’ version of events is correct, U Ko Oo will have trouble retaining ownership of the land.
“Under the law, if the [State Peace and Development Council] divided and sold the land to villagers on the instruction of the Ministry of Home Affairs, the ownership of former owners is automatically rescinded,” he said.
သမတဗိုလ်သိန်းစိန်နှင့် စိုင်းနော်ခမ်းဇာတ်လမ်း
၁။ ထောက်လှမ်းရေးပြုတ်ဗိုလ်ချုပ်ခင်ညွှန့် သည် ၀လူမျိုးတသိန်းကျော်ကို ရှမ်း(မြောက်)မှ ရှမ်း(တောင်)သို့  ရွေ့ ပေးခဲ့ပြီး ၀သပတပ်ကိုပါ ထိုင်းနယ်စပ်သို့ အခြေချခွင့်ပြုခဲ့သည်။
၂။ ၀တပ်နှင့် ခွန်ဆာတပ်တို့ နယ်မြေလုတိုက်ပွဲ ၉၀နှစ်များတ၀ိုက်မှာဖြစ်ပေါ်ပြီးနောက်ပိုင်း ခွန်ဆာသည် န၀တထံလက်နတ်ချခဲ့သည်။
၃။ ခွန်ဆာတပ်ဖွဲ့ ဝင်တယောက်ဖြစ်သည့် စိုင်းနော်ခမ်းလည်း လက်နတ်ချရာမှာပါခဲ့သည်။
၎။ န၀တမှ ၀သပ(ရှမ်းတောင်ပိုင်း) ဌာနချုပ်ကို မိုင်းယောင်းမှာ အခြေပြုခွင့်ပေးသလို၊ခွန်ဆာလူများကိုလည်း ဟိုမိန်းမှာ အခြေပြုခွင့်ပေးခဲ့သည်။
၅။ စိုင်းနော်ခမ်းသည် ဟိုမိန်း-တာချီလိတ်-ကျိုင်းတုံကိုအခြေခံခဲ့သည်။ တြိဂံဒေသတိုင်းမှာ ဗိုလ်သိန်းစိန် တိုင်းမှူးဖြစ်ချိန်မှာ စိုင်းနော်ခမ်းကို ပြည်သူ့  စစ်လည်းမဟုတ်၊ကာကွယ်ရေးတပ်လည်းမဟုတ်ပဲ အင်အားစုလက်နတ်ကိုင်ခွင့်ပေးထားသည်။
၆။ တာချီလိတ်နယ်ခြားကော်မီတီဥက္ကဌဒုဗိုလ်မှူးကြီးမျိုးချစ်၊နယ်မြေခံတပ် ခမရ(၃၃၁)တပ်ရင်းမှူးတို့ သည် စိုင်းနော်ခမ်းနှင့် ရင်းနှီးပြုငှာရှိသူများဖြစ်သည်။
၇။ တိုင်းမှူးဗိုလ်သိန်းစိန်အောက်တွင် တာချီလိတ်ဗျူဟာ၊ကျိုင်းတုံဗျူဟာ၊ချင်းရွှေဟော်ဗျူဟာနှင့်စကခဗျူဟာမှူးများရှိသည်။ အဆိုပါ ဗျူဟာမှူးများအားလုံးနှင့် စိုင်းနော်ခမ်းဆက်ဆံရေးလမ်းကြောင်းရှိခဲ့သည်။
၈။ ထို့ အပြင် တြိဂံတိုင်းမှူးဖြစ်ခဲ့သော လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင်၊ဗိုလ်ကျော်ဖြိုးတို့  နှင့် စိုင်းနော်ခမ်းအဆင်ပြေခဲ့သည်။
၉။ ထိုင်းထောက်လှမ်းရေးက သတင်းအသိအကျနှင့် တာချီလိတ်မည်သည့်နေရာ၊မည်သည့်အိမ်မှာ စိတ်ကြွဆေးနှင့်ဘိန်းရှိကြောင်းသတင်းပို့  ဖမ်းခိုင်းံရင် အဖမ်းပဲပြခဲ့သောလည်း၊လူကိုရှောင်ခိုင်း၊ကာကွယ်ပေးသောနည်းနှင့် မြန်မာဘက်မှ စစ်ဗိုလ်များလုပ်ခဲ့သည်။
၁၀။ တခါက စိုင်းနော်ခမ်းမှ ထုတ်ဖော်ပြောဖူးတာကတော့ ကျနော်ရတဲ့ငွေကို ၃ပုံ ပုံရင်၊ တပုံကို စစ်တပ်၊ တပုံ အက်စ်အက်စ်အေ၊ တပုံကျနော်အတွက်ယူသည်လို့ ပြောဆိုခဲ့သည်။
၁၁။ စစ်တပ်လို ဒေသခံများအပေါ် အနိုင်ကျင့်မနှိပ်စက်၊မသတ်ဖြတ်လို့  စိုင်းနော်ခမ်းကို ဒေသခံများက လိုလားနှစ်ခြိုက်သည်။ သူကိုယ်တိုင်လည်း ကျေးရွာများကို ငွေအကုန်ခံပြီး အကျိုးပြုခဲ့သဖြင့် ရှမ်း၊လားဟူတိုင်းရင်းသားများမှ လေးစားကြသည်။
၁၂။ ယခုအခါမှာ စိုင်းနော်ခမ်းကို ထိုင်းနိုင်ငံမှဆုငွေထုတ်ပြန်လိုက်ပြီးမကြာခင်မှာပဲ လောနိုင်ငံအတွင်းမှာ ဖမ်းဆီးမိသွားပြီဖြစ်သည်။ သူနှင့်ပက်သက်ခဲ့ဖူးသော တြိဂံတိုင်းမှူးဗိုလ်သိန်းစိန်ကတော့ ဆုတံဆိပ်တွေနှင့် သန့်  ရှင်းသောအစိုးရ သမတဖြစ်နေပါသည်။
အမှန်တရားကို ထာဝရဖုံးကွယ်ထားမရပါ။
စစ်အောင်
See more below link
http://www.burmese.panglong.org/news/92-2008-08-03-06-48-25/3111--rcssssa-.html

ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော

တနင်္လာနေ့၊ အောက်တိုဘာလ 01 ရက် 2012 ခုနှစ်

တရုတ်နိုင်ငံ ၌ ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။

“ သူက ခေါင်းဆောင်တယောက်ဖြစ်နေလို့ တာဝန်ယူတဲ့အနေနဲ့ အဖမ်းခံလိုက်တာဖြစ်တယ်လို့ ပြောတယ်။ အမှန်ဆို တရုတ် ၁၃ ဦးသတ်တာ သူမလုပ်ရဘူးလို့ ပြောတယ်။ အဖမ်းခံရတုန်းကလည်း သူနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်၊ သူ့နဲ့အနီးကပ် ဆုံးလူကဘဲ သစ္စာဖောက်ပြီး အာဏာပိုင်တွေကို လမ်းပြခေါ်လာတာလေ” ဟု ၎င်း၏ ညီမတော်သူ နန်းညွန့်အေးက ဘန်ကောက်ပို့စ် အား ပြောပါသည်။

စိုင်းနော်ခမ်း၏ ညီမ နန်းညွန့်အေးသည် အစ်ကိုဖြစ်သူနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့က စကားပြော ခွင့်ရခဲ့သည်ဟု ဆိုပါသည်။

စိုင်းနော်ခမ်းအား တရုတ်အစိုးရက ပြစ်ဒဏ်မစီရင်သေးသည်မှာ ၎င်းတို့လိုချင်သော သတင်းအချက် အလက်များ မပြည့်စုံ သေး၍ ဖြစ်နိုင်ကြောင်း၊ သို့သော် ၎င်းကျူးလွန်ထားသော ပြစ်မှုမှာ ၂၈ မှုထက်မနည်း ရှိနေသဖြင့် ပြစ်ဒဏ်မှာလည်း သေဒဏ်ကျခံရဖွယ်သာရှိကြောင်း ဒေသတွင်းလုံခြုံရေးအရာရှိတဦး ကပြောပါ သည်။

“စိုင်းနော်ခမ်းက သူပိုက်ဆံရှာနိုင်တုန်းကတော့ မြန်မာအာဏာပိုင်တွေထဲက အကြီးအကဲတွေရော၊ ဒေသခံ ကျေးလက် လူထု ကပါ သူ့ကိုအကာအကွယ်ပေးခဲ့ကြတယ်။ သူ့ကိုလည်း သျှမ်းရော်ဘင်ဟွဒ်(Robin Hood) လို့ တင်စားကြတယ်လေ။ သူ အဖမ်းခံရတုန်းက ပြန်လွှတ်ပေးဖို့ ရွာသားတွေကနေ သွားပြီးဆန္ဒပြကြ သေးတာဘဲ။ နောက်ပြီးသူက မြန်မာအာဏာပိုင် ထဲက ထိပ်သီးတွေနဲ့ လည်း ဝင်ထွက်ရင်းနှီးတဲ့လူဘဲ။ ဒါပေမယ့် ခုအဖမ်းခံ ရပြီး နောက်ပိုင်း သူ့ကို အရေးတယူအားပေး မေးမြန်း တဲ့လူမရှိတော့ သူစိတ်ညစ်နေတယ်” ဟုနန်းညွန့်အေး က ဘန်ကောက်ပို့စ်သတင်းစာ၌လည်း ပြောကြားပါသည်။

စိုင်းနော်ခမ်းသည် အသက် ၉ နှစ်ကတည်းက ကျောင်းမှထွက်၍ အလုပ်လုပ်ခဲ့ရသဖြင့် စာရေးတတ်ဖတ်တတ် ရုံသာ ရှိခဲ့ ကြောင်း ညီမ ဖြစ်သူကပြောကြား၏။ သို့သော် လူမှုဆက်ဆံရေး၌အတော်အတန်ကောင်းမွန်သဖြင့် MTA အတွင်း စစ်မှုထမ်းစဉ် လားဟူရွာသားများနှင့် အသင့်မြတ်ဆုံးပေါင်းသင်းတတ်သူအဖြစ် အထက်အရာ ရှိများ၏ ချီးမွမ်း ခြင်းခံရကြောင်း ထိုစဉ် က လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါသည်။

ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး တြိဂံဒေသ မူးယစ် ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်း များက စက်တင်ဘာ ၂၀ -၂၁ ရက် နေ့တို့၌ ရုံးတင်စစ်ဆေးရာ ၎င်းနှင့်အတူ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် လားဟူအမျိုးသား ဂျဘိုး ၊ ဂျထိုးဘိုးနှင့် ဂျဆီးကား တို့ပါဝင်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ ကထုတ် လွင့်ဖော်ပြခဲ့သည်။ အဆိုပါသတ်ဖြတ်မှုနှင့်ပတ်သက်၍ မိမိလုံးဝ မသိရှိရကြောင်း စိုင်းနော်ခမ်းက ငြင်းဆိုခဲ့ပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအားတောင်းပန်၍ ဘတ်ငွေ သန်း ၃၀ လျော်ပေးရန် ကမ်းလှမ်း လိုက်သည်။ သို့သော်ယနေ့တိုင် ၎င်းအပေါ် တရုတ်အစိုးရက ပြစ်ဒဏ်မချရသေးပေ။ စိုင်းနော်ခမ်းသည် ထိုင်းနိုင်ငံမှ အမှု ၁၇ မှု ၊ မြန်မာအစိုးရမှ ၁၅ မှု၊ လောဝ် (လာအို) မှ ၇ မှု ၊ တရုတ်မှ ၂၉ မှု ဖြင့် စွဲချက် တင်ခံထား ရသူဖြစ်သည်။

News from :သျှမ်းသံတော်ဆင့်သတင်း
Post by အေးချမ်းမွန်

U Khaing Aung Kyaw
မြန်မာနိုင်ငံသားမို့  ရုပ်အလောင်း မလို-အရှင်လတ်လတ် ပေးပို့ ရန်

တရုပ်နိုင်ငံကူမင်းပြည်နယ် လူထုတရားရုံးတခုက မြန်မာနိုင်ငံသား စိုင်းနော်ခမ်းကို အပေါင်းပါ-၃-ဦးနဲ့ အတူ မတ်လ-၁-ရက်နေ့ မှာ ဆေးထိုးသတ်မည်ဖြစ်သည် ။ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို မြန်မာစစ်ကောင်စစ်ဝန်ရုံးသို့  ပေးပို့ မည်ဟု သတင်းများမှာ ဖေါ်ပြနေကြပါပြီ ။ ဤအချက်နှစ်ချက်ကို မြန်မာနိုင်ငံသားဖြစ်သော ကျွန်တော်သည် လက်မခံ။ သို့ အတူ မြန်မာနိုင်ငံသားတို့ အနေဖြင့် လက်သင့်မခံသင့် ။ ထို့ ကြောင့်ကျွန်တော်တို့ သည် မြန်မာအစိုးရကို မေတ္တာရပ်ခံရပေတော့မည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတဦးကို ရာဇ၀တ်ပြစ်မှုအရ ဆေးထိုးသတ်ပြီး အလောင်းကိုပြန်ပို့ မည်ဆိုခြင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေးကို လုံးဝပျက်ပြားစေနိုင်သောအချက်ဖြစ်သည် ။ မည်သည့်နိုင်ငံမဆို သူ၏ နိုင်ငံသားတဦးကို အခြားနိုင်ငံတခုခုမှ ပြစ်မှုဆိုင်ရာ တွေ့ ရှိသည့်တိုင်အောင် သူ၏မိခင်နိုင်ငံသို့  ပြန်လည်ပေးပို့ ရသည် ။ သံခင်းတမန်ခင်းအရ ၄င်းပြသနာကို အကျဉ်းသားဖလှယ်ခြင်း ၊ နယ်နှင်ဒဏ်ပေးခြင်း နှင့် အမည်ပျက်သတ်မှတ်ပြီး နိုင်ငံမှ နှင်ထုတ်ခြင်းစသည့် အချက်အလက်များဖြင့် ဆောင်ရွက်ရသည် ။
မြန်မာနိုင်ငံသည် မည်သည့်အကြိမ်ကမျှ အခြားနိုင်ငံသားတဦးဦးကို သေဒဏ်ပေးခြင်း၊ ဆေးထိုးသတ်ခြင်းတို့ ကို ပြုလုပ်ခဲ့ ခြင်း မှတ်တမ်းမှတ်ရာ မရှိခဲ့ ဟု ထင်သည် ။ အခြားသူများက လေ့လာတွေ့ ရှိသည်ဟု ဆိုလျှင်လည်း ကျွန်တော့်အား အပြစ်တင် ပြောဆိုနိုင်သည် ။ ကျွန်တော်ကမူ မှတ်တမ်းမှတ်ရာများကို မတွေ့ ဖူးသေးချေ ။ ၁၉၄၇-ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့  လုပ်ကြံခံရစဉ်က ဂဋ္ဌုန်ဦးစောကို လက်နက်ထုတ်ပေးသူများ ရှိသည် ။ လုပ်ကြံရန် လက်ထောက်ချသူများ ရှိသည်ဟု သမိုင်းမှာ အတိအလင်း ရှိနေဆဲဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းကို မည်သူသတ်သနည်း ဆိုသည်မှာ ဂဋ္ဌုန်ဦးစောကိုချည်း လက်ညိုးထိုး၍ မပြည့်စုံဟု ထင်သည် ။ အကယ်၍ ဗြိတိသျှအစိုးရကသာ တိကျစွာ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသူများမှာ အင်္ဂလိပ်အစိုးရကလည်း ကြံရာပါ ပူးပေါင်းပါဝင်သည်ဟု ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း ။ ဂဋ္ဌုန်ဦးစောတို့ ကို ကြိုးဒဏ်ပေးရာ၌ မျက်နှာဖြူ အင်္ဂလိပ်အရာရှိတို့  ပါဝင်ပေလိမ့်မည်ဖြစ်သည် ။ သို့ သော် ၄င်းအချိန်က ဗြိတိသျှအစိုးရသည် ဂဋ္ဌုန်ဦးစောတို့ အဖွဲ့ ကိုသာကြိုးဒဏ်ပေးခဲ့ ကြသည် ။ အင်္ဂလိပ်လူမျိုး တဦးတလေမျှ မပါဝင်ခဲ့ ။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားကို ကြိုးဒဏ်ပေးခြင်း မရှိသော အခြားထူးခြားသော အချက်အလက်တခုမှာ တော်လှန်ရေးကောင်စီအစိုးရ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိလာသော တောင်ကိုးရီးယား သမ္မတအပါအ၀င် အဖွဲ့ ဝင်များကို မြောက်ကိုးရီးယား နိုင်ငံမှ ကွန်မွန်ဒို စစ်ဗိုလ်များက လုပ်ကြံခြင်းဖြစ်သည် ။ လုပ်ကြံသောနေရာကား အာဇါနည်ကုန်းဖြစ်သည် ။ အာဇါနည်ခေါင်းဆောင်ကြီးများတို့ ၏ အုဋ္ဌ်ဂူများ -အမိုးများ-ဥပစာနေရာများသည် ဗုံးခွဲ လုပ်ကြံသောကြောင့် အားလုံးပျက်စီးသွားခဲ့ ရသည် ။ မြောက်ကိုးရီးယားမှ လုပ်ကြံသော စစ်ဗိုလ်များသည် ဖမ်းဆီးခံထိသော်လည်း သေဒဏ်အဖြစ် ပြစ်ဒဏ်ကို မခံစားရခဲ့  ။ အင်းစိန်အကျဉ်းထောင်မှာ တသက်တကျွန်း ကျခံခဲ့ ရသည် ။ တော်လှန်ရေးကောင်စီမှ ဗိုလ်ချုပ်ကြီးနေ၀င်းသည် မြောက်ကိုးရီးယားမှ ပြစ်မှူကျူးလွန်သူများကို မည်သို့ မျှ ဆေးထိုးမသတ်ခဲ့ ။ ကောင်းမွန်စွာ ထောင်ထဲမှာ ကျွေးမွေးထားပေးခဲ့ သည် ။
မြန်မာနိုင်ငံသား စိုင်းနော်ခမ်းသည် ခွန်ဆာကဲ့ သို့ ၎င်း -လော်စစ်ဟန်ကဲ့ သို့ သော၎င်း ပြစ်မှုများ ကြီးမားသူမဟုတ် ။ သူတို့ ကို အမေရိကပြည်ထောင်စုအစိုးရမှပင် မူးယစ်ရာဇါများအဖြစ် ဒေါ်လာသန်းနှင့်ချီကာ အလိုရှိသူများအဖြစ် ကြော်ငြာခဲ့ ရသေးသည် ။ သို့ သော် သူတို့ မှာ -၁၉၈၈- ခုနှစ်အလွန် စစ်အစိုးရ၏ မစမှုကြောင့် မြန်မာနိုင်ငံ၌ အလှူရှင်ဒါယာကာ နာမည်ကောင်းရရှိခဲ့ သော တကယ့်ခရိုနီများ ဖြစ်သည် ။မည်သည့်ပြစ်ဒဏ်ကိုမျှ အမေရိကရော ထိုင်းနိုင်ငံရော တရုပ်နိုင်ငံကရော ပေးလိုသည်ဟု အတွန့် မတက်ခဲ့ ကြ။ ယခုစိုင်းနော်ခမ်းသည် ၄င်းတို့ နှင့်စာလျှင် အလွန်တရာမှ သေးငယ်လွန်းလှသော မူးယစ်ရာဇါလေးသာဖြစ်သည် ။
စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံသားတဦး၏ အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိသည်ဟု ကျွန်တော်ထင်သည် ။ ပြည်ပနိုင်ငံတွင် ဆေးထိုးသတ်ခြင်းခံရမည့် စိုင်းနော်ခမ်းအား မြန်မာအစိုးရသည် မိမိနိုင်ငံသားတဦးအပေါ် ကာကွယ်စောင့်ရှောက်ပေးသင့်သည် ။ ဒုတိယအချက်အနေဖြင့် မဲခေါင်မြစ်တွင်းတွင် တရုပ်နိုင်ငံသား သဘောင်္သား-၁၃-ဦးကို သတ်ဖြတ်ခြင်း၌ ပါဝင်သည်ဆိုကာ ပြစ်ဒဏ်ချမှတ်ခြင်းမှာ တရားဥပဒေအရ သူ့ မှာ ပြစ်ဒဏ်ခံစားရသည်မှာ လွန်လွန်းလှသည် ။ ၄င်းအမှုမှာ သူကိုယ်တိုင်ကျူးလွန်ခြင်း မဟုတ်ဘဲ အခြားသူများသာ ကျူးလွန်ခြင်းဖြစ်သည် ။ အကယ်၍ မူးယစ်ရာဇါတဦးအဖြစ် ပြစ်ဒဏ်များကို ကျခံစေသည်ဟု ဆိုသော်လည်း ယခုလို လူမဆန်သော ရက်စက်မှုဖြင့် သွေးအေးအေးနှင့် ပြစ်ဒဏ်မျိုး မစီရင်သင့်ဟု မြင်သည် ။
မြန်မာအစိုးရသည် တရုပ်နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို မဝေဖန်ရဲဟု ဆိုသော်လည်း မိမိတို့  နိုင်ငံသားတဦးအတွက် တောင်းဆိုရန် အခွင့်အရေးတရပ်ရှိနေသေးသည် ။ ဤသည်မှာ စိုင်းနော်ခမ်းသည် အခြားသော မူးယစ်ရာဇါများကဲ့ သို့  မြန်မာအစိုးရအဆက်ဆက်အား နှောင့်ယှက်တော်လှန်နေခဲ့ ခြင်းများလည်း ရေရေရာရာ ရှိလှသည်ဟု မကြားမိချေ ။ သူ့ ကို ရှိနေပါခဲ့ သည်ဟု ပြောသည့်တောင်မှ သူပါဝင်ပါတ်သက်ခဲ့ သော ၄င်းဖြစ်ရပ်တို့ မှာ ယခုမြန်မာအစိုးရနှင့် ထိတွေ့ နေသော သူတို့ လောက် ဘာမျှ ပြောစရာမရှိချေ ။ ရှမ်းလူမျိုးဖြစ်သော မြန်မာနိုင်ငံသား တဦးဖြစ်သူ စိုင်းနော်ခမ်းကို မြန်မာအစိုးရသည် လွယ်လင့်တကူ ဆေးထိုးသတ်ရန် လက်လွပ်စပယ် မနေသင့် ။ ဥပေက္ခာမပြုသင့်ဟု ကျွန်တော်မြင်သည် ။ တရုပ်နိုင်ငံမှ မြန်မာနိုင်ငံသား ရှမ်းလူမျိုး စိုင်းနော်ခမ်းကို ဆေးထိုးသတ်ပြီး အလောင်းကို မြန်မာနိုင်ငံသို့ ပြန်ပို့ မည်ဆိုခြင်းမှာ မြန်မာနိုင်ငံအား မလေးစားသော သဘောကို သက်ရောက်စေခြင်းဖြစ်သည် ။ ထို့ ကြောင့် ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို မလိုဘဲ အရှင်လပ်လပ် မြန်မာနိုင်ငံအား ပြန်ပို့ ပေးရန် မြန်မာအစိုးရက တောင်းဆိုရန်လိုသည် ။ မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံ၏ ဥပဒေအရသာ ကျခံပေးမည်ဆိုခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို တည်ဆောက်သင့်သည်ဟု မြင်ပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )

2 comments:

Tenissary said...

BBC Burmese
စိုင်းနော်ခမ်း အကြောင်း တစေ့တစောင်း

အသက် ၄၃ နှစ် အရွယ် စိုင်းနော်ခမ်းဟာ အရင်တုန်း က ဘိန်းဘုရင် ဦးခွန်ဆာ တပ်မှာ တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ ဦးခွန်ဆာ မြန်မာ အစိုးရထံ လက်နက် ချ ပြီးတဲ့ နောက်မှာတော့ သူဟာ တာချီလိတ် ပြည်သူ့စစ် အဖြစ် ပြန်ဖွဲ့ပြီး၊ အဖွဲ့ကို ဦးဆောင် ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီနောက် သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကို အကြီး အကျယ် လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး၊ အဖွဲ့ အချင်းချင်း ကြား ပြဿနာ တစုံ တရာ ဖြစ်ခဲ့ရာ ကနေ ပြေးရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

သူဟာ မဲခေါင်မြစ် တကြော တရုတ်ပြည် သင်္ဘောတွေ ပေါ်က တရုတ် လောင်းကစား ဝိုင်းတွေ ဆီကနေ ဆက်ကြေး ကောက်ခံ တာတွေ လုပ်ခဲ့ပြီး၊ ဆက်ကြေး မပေးရင် ဖမ်းဆီး တာတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။

နောက်ပြီး မဲခေါင်မြစ်မှာ သွားလာ နေတဲ့ ကုန်တင် သင်္ဘောတွေ ဆက်ကြေး မပေးရင်လည်း ချောင်းပစ် တာတွေလည်း လုပ်ခဲ့သူ လို့ သိရပါတယ်။

Tenissary said...

Zweleo Thiha ဒီတဖွဲ့ ချည်းမှမဟုတ်။ ဗမာပြည်(မြန်မာပြည်) နယ်စပ့်တလျှောက်လုံးမှာရှိတဲ့ တခြားလူမျိုးစုတော်လှန်ရေးတပ့်ဖွဲ့ တွေ အားလုံးလိုလိုဟာ သူတို့ အဖွဲ့ အသက်ရှင်လည်ပတ်နိုင်ကြဘို့ အတွက် ဒီလိုအလုပ့်တွေကိုလုပ့်ချင်သည်ဖြစ်စေ၊ မလုပ့်ချင်သည်ဖြစ်စေလုပ့်ခဲ့ကြရတာချည်းပါဘဲ့။သူတို့ တတ်နှိုင်တုံးကပေးဆပ့်လုပ့်ဆောင်ပေးခဲ့ကြတာကို အသိမှတ်မပြုချင်ကြတာနှင့်အသိမှတ် ပြုမခံကြရတာနှင့် ဘဲ့ သူပုန်၊ ဓါးပြမှူးယစ်ရာဇာလူဆိုးကြီးတွေဘဝကို တော်လှန်ရေးသမားတွေရာက်သွားတတ်ကြရတာဟာဓမ္မတာပါဘဲ့။ အဆိုးဆုံးကတော့လက်ရှိအာဏာရယူထားတဲ့ အစိုးရဆိုတဲ့သူတွေကကိုယ်နိုင်ငံသားတယောက်ကိုတာဝန်ယူအကာကွယ် မပေးနိုင်တာတော့ အတော့်ကိုစိတ်ပျက်စိတ်မကောင်းစရာပါ။