မြန်မာပြည်က
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ကို
အထပ်ထပ်ဖတ်နေရင်းက “ဘိန်းရာဇာ” အမည်ခံသူတွေအကြောင်း တွေးမိတယ်။
စိုင်းနော်ခမ်း။ သူက ရှမ်းတဲ့။ မြန်မာပြည်မှာဖွားခဲ့တဲ့
မြန်မာတိုင်းရင်းသားဖြစ်မှာပါ။ ဘာဖြစ်ဖြစ် သူက ဘိန်းရာဇာ။
ရာဇ၀တ်မှုပေါင်းများစွာ ကျူးလွန်သူ။ ကိုယ့်အပြစ်ကိုယ်ခံသွားတာ
မဆန်းတော့မဆန်းလှပါ။ ဆန်းလွန်းနေတာက ဥာဏ်ပညာက ဦးဆောင်တဲ့ရာစု၊
လူသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးနဲ့ လူ့သိက္ခာကို တန်ဖိုးအထားဆုံး
ရာစုမှာ လူ့ဂုဏ်သိက္ခာကို ကမ္ဘာ့ပရိတ်သတ်အလည်မှာ စင်းစင်းကြီး
ချနင်းခံရပြီး အသတ်ခံလိုက်ရတာပါပဲ။ မြန်မာ့ဘိန်းလောကမှာ သူ့ထက်မက
အဆပေါင်းများစွာ ပြစ်မှုကျူးလွန်ခဲ့သူ ထင်ရှားခဲ့သူ၊ ကမ္ဘာ အလိုရှိကြောင်း
ထုတ်ဖေါ်ကြေငြာခဲ့ရသူတွေ အကြောင်း စဉ်းစားမိပါတယ်။
လော်စစ်ဟန် ။ သူလည်း “ဘိန်းရာဇာ”အဖြစ် ကမ္ဘာမှာ နာမည်ရှိခဲ့သူတစ်ဦးပါပဲ။
တရုတ်ပြည်စာကြည့်တိုက်မူပိုင်၊ ကတ်တလောက် CIP အမှတ် (2003)015963 စာအုပ်တစ်အုပ်ထဲမှာတော့ ခုလိုရေးသားဂရုဏ်ယူထားတယ်။
“““စစ်ရှုံးလာတဲ့ နန်မိန်(မိန်တောင်ပိုင်းဘုရင်)ရဲ့ မြင်းစီးကျွမ်း
စစ်တပ်ကြီးက တစ်ရှုံးထဲရှုံးနိမ့်နေပေမယ့်လည်း
အင်မတန်တိုက်ရည်ခိုက်ရည်ရှိပြီး ရဲစွမ်းသတ္တိရှိတဲ့၊“လို”(“လော်”-
“လော်စစ်ဟန်”နဲ့ ဆွေမျိုးစု စာလုံးတူ) ဆွေမျိုးစု
တပ်မှူးတစ်ယောက်ပေါ်ထွန်းလာပါတယ်။ အဲဒီ တပ်မှူးကြီးရဲ့ မျိုးနွယ်စု
ဆယ်ဆက်မြောက်ဟာဖြင့် နောင်တစ်ချိန် ရွှေတြိဂံနယ်မှာ ဘိန်းရာဇာအဖြစ်
ထင်ရှားလာမယ့် ”လော်စစ်ဟန်” ပါ။ သု့ကို စစ်ပညာသင်ပေးခဲ့တဲ့ ကွန်မင်တန်
စစ်ဗိုလ်ကြီးတွေက “ဟန်တရုတ်တို့ရဲ့ အနာဂတ်ထွန်းပေါက်မယ့် ကြယ်တစ်ပွင့်”
လို့ အဓိပ္ဗာယ်ပေါက်တဲ့ (“လိုစင်းဟန်”- “လော်စစ်ဟန်”) ဆိုတဲ့
တရုတ်နာမည်ပေးလိုက်တယ်ဆိုပါတယ်။
အဲဒီ တရုတ်ကြီးလော်စစ်ဟန်ရဲ့
ဘ၀နေ၀င်ချိန်ဘယ်လိုပါလဲ။ သူ့ရဲ့ အရိပ် သူ့ရဲ့ လက်တံ။ သူမြန်မာပြည်ထဲမှာ
ဖြန့်ကျက်ထားတဲ့ စီးပွားရေးကွန်ယက်၊ ဒီကနေ့ ဘယ်လိုတည်ရှိနေပါသလဲ။
ကျွန်တော်တွေးမိတယ်။
အဲဒီ စာအုပ်ထဲမှာပဲ ဖေါ်ပြထားပါသေးတယ်။
နောင်တစ်ချိန်မှာ ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်ကြတဲ့ လူပုဂိုလ် တွေက
“လော်စစ်ဟန်” ထိုစဉ်က ၁၃နှစ်၊ နောက်ပိုင်းကာလတွေမှာ
“ကိုးကန့်ဘုရင်”လို့ တွင်ကျယ်တဲ့ “ဖုန်ကျားရှင်း” (ကျားစိမ်း
ဆယ့်လေးနှစ်၊ )၊ နောက်ပြီးတော့ “ခွန်ဆာ”။ အသက်အငယ်ဆုံးလေး။ ဒါပေမယ့် သူက
အသက်၂၀ရောက်မှ ကိုးကန်းစစ်ပညာကျောင်း တက်တာပါ)လို့ ရေးသားဖေါ်ပြထားသေးတယ်။
အဲဒီသင်တန်း ကျောင်း၊ ကူမင်တန်အကြွင်းအကျန်တွေကဖွင့်လှစ်တဲ့
ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ပညာကျောင်းတော်ကြီးရဲ့ သင်တန်းဆရာက ကူမင်တန်
အကြွင်းအကျန်စစ်တပ်တွေထဲက ၀မ်ပူစစ်တက္ကသိုလ်ကျောင်းဆင်း စစ်သားဟောင်းကြီး
ဖြစ်ကြောင်းလည်း ဖတ်ရပါတယ်။
“ခွန်ဆာ”နဲ့ ပတ်သက်လို့ခုလို ဖေါ်ပြပြန်တယ်။
ယဉ်ကျေးမှုအခြေခံ အသေးစိတ်အကြောင်းရင်းခံ အချက်ကပဲ ကြည့်ကြည့်၊
ဒါမှမဟုတ်လည်းပဲ လူ့မျိုးနွယ်စုရဲ့ အစဉ်အလာဆင်းသက်မှုကပဲ ကြည့်ကြည့်၊
ဒီနေရာ ဒီဒေသမှာနေထိုင်ကြတဲ့ လူအများစု အားလုံးနီးနီးလောက်က၊
မိမိကိုယ်ကို ဟန်နွယ်ဖွား တရုတ်များလို့ သတ်မှတ်ကြပါတယ်။ ““မိမိဟာ
ဘိုးဘေးအစဉ်အဆက် အဌမမြောက် တရုတ် ယူနန်ပြည်နယ်မြေကနေပြီး
လွိုင်မော်ဆောင်ဆီ ရောက်ရှိလာတဲ့ ဟန် တရုတ်မျိုးနွယ်စုပါ”” လို့
“ခွန်ဆာ”က ပြင်ပကမ္ဘာကို ကြွေးကျော်ခဲ့ဖူးပါတယ်။
တရုတ်ပြည်စာကြည့်တိုက်မူပိုင် စာအုပ်ကြီးကိုဖတ်ပြီးနောက်
မြန်မာပြည်ကြီးအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းမရဖြစ်စေတဲ့
ပြဿနာအထုပ်ကြီးကို တင်ပေးခဲ့သူတွေဟာ တရုတ်တွေပါပဲလားဆိုတဲ့အတွေးက
ထိန်းမနိုင်သိမ်းမရ ပေါ်လာစေတော့တယ်။
မြန်မာ့မြေပေါ်မှာ
ကမ္ဘာတုန်ဟည်းစေမယ့် ဘိန်းပွင့်တွေကြဲဖြန့်ဖို့ ဦးဆောင်ခဲ့သူတွေဟာ
ထိုးကွင်းထိုးထားတဲ့ ဗမာတွေမဟုတ်ဘူး၊ ဘောင်းဘီပွပွ
ခေါင်းပေါင်းပတ်ထားတဲ့ ရှမ်းတွေ မဟုတ်ဘူး။ မနောတိုင်လှလှကြီးတွေအောက်မှ
ပျော်ပျော်ကနေတဲ့ ကချင်တွေမဟုတ်ဘူး။ ၀ဆန်ပြုပ်နဲ့ ၀ငရုတ်စပ်စပ်ကို
စားပျော်နေတဲ့ ၀တွေလည်း မဟုတ်ပြန်ဘူး။
တကယ်တော့ သူများပစ်လိုက်တဲ့ အမှိုက်တွေနဲ့ ကိုယ့်ဖာကိုယ် လိပ်ပတ်မလည်တဲ့ ဘ၀ရောက်နေရတာပါလားလို့ပဲ အတွေးဝင်မိတော့တယ်။
စိုင်းနော်ခမ်း။ သူက ရှမ်းတဲ့။ မြန်မာပြည်မှာဖွားခဲ့တဲ့ မြန်မာတိုင်းရင်းသားဖြစ်မှာပါ။ ဘာဖြစ်ဖြစ် သူက ဘိန်းရာဇာ။ ရာဇ၀တ်မှုပေါင်းများစွာ ကျူးလွန်သူ။ ကိုယ့်အပြစ်ကိုယ်ခံသွားတာ မဆန်းတော့မဆန်းလှပါ။ ဆန်းလွန်းနေတာက ဥာဏ်ပညာက ဦးဆောင်တဲ့ရာစု၊ လူသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးနဲ့ လူ့သိက္ခာကို တန်ဖိုးအထားဆုံး ရာစုမှာ လူ့ဂုဏ်သိက္ခာကို ကမ္ဘာ့ပရိတ်သတ်အလည်မှာ စင်းစင်းကြီး ချနင်းခံရပြီး အသတ်ခံလိုက်ရတာပါပဲ။ မြန်မာ့ဘိန်းလောကမှာ သူ့ထက်မက အဆပေါင်းများစွာ ပြစ်မှုကျူးလွန်ခဲ့သူ ထင်ရှားခဲ့သူ၊ ကမ္ဘာ အလိုရှိကြောင်း ထုတ်ဖေါ်ကြေငြာခဲ့ရသူတွေ အကြောင်း စဉ်းစားမိပါတယ်။
လော်စစ်ဟန် ။ သူလည်း “ဘိန်းရာဇာ”အဖြစ် ကမ္ဘာမှာ နာမည်ရှိခဲ့သူတစ်ဦးပါပဲ။
တရုတ်ပြည်စာကြည့်တိုက်မူပိုင်၊ ကတ်တလောက် CIP အမှတ် (2003)015963 စာအုပ်တစ်အုပ်ထဲမှာတော့ ခုလိုရေးသားဂရုဏ်ယူထားတယ်။
“““စစ်ရှုံးလာတဲ့ နန်မိန်(မိန်တောင်ပိုင်းဘုရင်)ရဲ့ မြင်းစီးကျွမ်း စစ်တပ်ကြီးက တစ်ရှုံးထဲရှုံးနိမ့်နေပေမယ့်လည်း အင်မတန်တိုက်ရည်ခိုက်ရည်ရှိပြီး ရဲစွမ်းသတ္တိရှိတဲ့၊“လို”(“လော်”- “လော်စစ်ဟန်”နဲ့ ဆွေမျိုးစု စာလုံးတူ) ဆွေမျိုးစု တပ်မှူးတစ်ယောက်ပေါ်ထွန်းလာပါတယ်။ အဲဒီ တပ်မှူးကြီးရဲ့ မျိုးနွယ်စု ဆယ်ဆက်မြောက်ဟာဖြင့် နောင်တစ်ချိန် ရွှေတြိဂံနယ်မှာ ဘိန်းရာဇာအဖြစ် ထင်ရှားလာမယ့် ”လော်စစ်ဟန်” ပါ။ သု့ကို စစ်ပညာသင်ပေးခဲ့တဲ့ ကွန်မင်တန် စစ်ဗိုလ်ကြီးတွေက “ဟန်တရုတ်တို့ရဲ့ အနာဂတ်ထွန်းပေါက်မယ့် ကြယ်တစ်ပွင့်” လို့ အဓိပ္ဗာယ်ပေါက်တဲ့ (“လိုစင်းဟန်”- “လော်စစ်ဟန်”) ဆိုတဲ့ တရုတ်နာမည်ပေးလိုက်တယ်ဆိုပါတယ်။
အဲဒီ တရုတ်ကြီးလော်စစ်ဟန်ရဲ့ ဘ၀နေ၀င်ချိန်ဘယ်လိုပါလဲ။ သူ့ရဲ့ အရိပ် သူ့ရဲ့ လက်တံ။ သူမြန်မာပြည်ထဲမှာ ဖြန့်ကျက်ထားတဲ့ စီးပွားရေးကွန်ယက်၊ ဒီကနေ့ ဘယ်လိုတည်ရှိနေပါသလဲ။ ကျွန်တော်တွေးမိတယ်။
အဲဒီ စာအုပ်ထဲမှာပဲ ဖေါ်ပြထားပါသေးတယ်။
နောင်တစ်ချိန်မှာ ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်ကြတဲ့ လူပုဂိုလ် တွေက “လော်စစ်ဟန်” ထိုစဉ်က ၁၃နှစ်၊ နောက်ပိုင်းကာလတွေမှာ “ကိုးကန့်ဘုရင်”လို့ တွင်ကျယ်တဲ့ “ဖုန်ကျားရှင်း” (ကျားစိမ်း ဆယ့်လေးနှစ်၊ )၊ နောက်ပြီးတော့ “ခွန်ဆာ”။ အသက်အငယ်ဆုံးလေး။ ဒါပေမယ့် သူက အသက်၂၀ရောက်မှ ကိုးကန်းစစ်ပညာကျောင်း တက်တာပါ)လို့ ရေးသားဖေါ်ပြထားသေးတယ်။ အဲဒီသင်တန်း ကျောင်း၊ ကူမင်တန်အကြွင်းအကျန်တွေကဖွင့်လှစ်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ပညာကျောင်းတော်ကြီးရဲ့ သင်တန်းဆရာက ကူမင်တန် အကြွင်းအကျန်စစ်တပ်တွေထဲက ၀မ်ပူစစ်တက္ကသိုလ်ကျောင်းဆင်း စစ်သားဟောင်းကြီး ဖြစ်ကြောင်းလည်း ဖတ်ရပါတယ်။
“ခွန်ဆာ”နဲ့ ပတ်သက်လို့ခုလို ဖေါ်ပြပြန်တယ်။
ယဉ်ကျေးမှုအခြေခံ အသေးစိတ်အကြောင်းရင်းခံ အချက်ကပဲ ကြည့်ကြည့်၊ ဒါမှမဟုတ်လည်းပဲ လူ့မျိုးနွယ်စုရဲ့ အစဉ်အလာဆင်းသက်မှုကပဲ ကြည့်ကြည့်၊ ဒီနေရာ ဒီဒေသမှာနေထိုင်ကြတဲ့ လူအများစု အားလုံးနီးနီးလောက်က၊ မိမိကိုယ်ကို ဟန်နွယ်ဖွား တရုတ်များလို့ သတ်မှတ်ကြပါတယ်။ ““မိမိဟာ ဘိုးဘေးအစဉ်အဆက် အဌမမြောက် တရုတ် ယူနန်ပြည်နယ်မြေကနေပြီး လွိုင်မော်ဆောင်ဆီ ရောက်ရှိလာတဲ့ ဟန် တရုတ်မျိုးနွယ်စုပါ”” လို့ “ခွန်ဆာ”က ပြင်ပကမ္ဘာကို ကြွေးကျော်ခဲ့ဖူးပါတယ်။
တရုတ်ပြည်စာကြည့်တိုက်မူပိုင် စာအုပ်ကြီးကိုဖတ်ပြီးနောက် မြန်မာပြည်ကြီးအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းမရဖြစ်စေတဲ့ ပြဿနာအထုပ်ကြီးကို တင်ပေးခဲ့သူတွေဟာ တရုတ်တွေပါပဲလားဆိုတဲ့အတွေးက ထိန်းမနိုင်သိမ်းမရ ပေါ်လာစေတော့တယ်။
မြန်မာ့မြေပေါ်မှာ ကမ္ဘာတုန်ဟည်းစေမယ့် ဘိန်းပွင့်တွေကြဲဖြန့်ဖို့ ဦးဆောင်ခဲ့သူတွေဟာ ထိုးကွင်းထိုးထားတဲ့ ဗမာတွေမဟုတ်ဘူး၊ ဘောင်းဘီပွပွ ခေါင်းပေါင်းပတ်ထားတဲ့ ရှမ်းတွေ မဟုတ်ဘူး။ မနောတိုင်လှလှကြီးတွေအောက်မှ ပျော်ပျော်ကနေတဲ့ ကချင်တွေမဟုတ်ဘူး။ ၀ဆန်ပြုပ်နဲ့ ၀ငရုတ်စပ်စပ်ကို စားပျော်နေတဲ့ ၀တွေလည်း မဟုတ်ပြန်ဘူး။
တကယ်တော့ သူများပစ်လိုက်တဲ့ အမှိုက်တွေနဲ့ ကိုယ့်ဖာကိုယ် လိပ်ပတ်မလည်တဲ့ ဘ၀ရောက်နေရတာပါလားလို့ပဲ အတွေးဝင်မိတော့တယ်။
No comments:
Post a Comment